• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက္၀ၿမိဳ႕ျပည္သူမ်ားႏွင့္ စစ္ေဘးေရွာင္မ်ားအတြက္ ရိကၡာဆန္မ်ား ပို႔ေဆာင္၍မရျဖစ္ေန

ပလက္၀ၿမိဳ႕ျပည္သူမ်ားႏွင့္ စစ္ေဘးေရွာင္မ်ားအတြက္ ရိကၡာဆန္မ်ား ပို႔ေဆာင္၍မရျဖစ္ေန

0
By Editor on April 14, 2020 Headline

#Zawgyi

By လားႏြန္ – ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) အၾကား စစ္ေရးပဋိပကၡေၾကာင့္ ဆက္သြယ္ေရးလမ္းေၾကာင္း မ်ားျပတ္ ေတာက္ကာ စားနပ္ရိကၡာမ်ားျပတ္လပ္ေနသည့္ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕ျပည္သူမ်ားႏွင့္ စစ္ေဘးေရွာင္မ်ား အတြက္ ခ်င္းအရပ္ဘက္အဖြဲ႔အစည္းမ်ားက ရိကၡာဆန္မ်ားပို႔ေဆာင္ရန္ ႀကိဳးစားခဲ့ၾကေသာ္လည္း အခက္အခဲရွိေနသည္ဟု သိရသည္။

ပလက္၀ၿမိဳ႕သို႔ပို႔ေဆာင္မည့္ ရိကၡာဆန္မ်ားသည္ ဆမီးၿမိဳ႕သုိ႔ေရာက္ရွိၿပီျဖစ္ေပမယ့္ ဆမီးၿမိဳ႕မွတဆင့္ ပလက္၀ၿမိဳ႕သို႔ သယ္ေဆာင္ရန္ ကားသမားမ်ားက မသြားရဲေသာေၾကာင့္ အခက္ႀကံဳေနၾကရျခင္းျဖစ္သည္ဟု ကူညီေထာက္ပံ့ေရးလုပ္ငန္းမ်ားတြင္ ဦးေဆာင္သူတစ္ဦးျဖစ္သည့္ ခ်င္းျပည္နယ္ စည္ပင္၀န္ႀကီးေဟာင္း ဆလိုင္းအိုက္ဇက္ခင္ကေျပာသည္။

“အဓိကေတာ့ အစိုးရအဖြဲ႕ကခြင့္ျပဳတယ္ ေနာက္ျပီးေတာ့ တပ္ကလည္းလံုျခံဳေရးသူတို႔ေပးမယ္ ဒါေပမဲ့ကားသမားေတြကမသြားရဲေတာ့ဘူး အဓိကျပသာနာက ကားသမားေတြမသြားရဲတာ အဲဒီေတာ့ ကားသမားေတြဘာေၾကာင့္ မသြားရဲတာလဲဆိုေတာ့ သူတို႔မွာလည္းအေၾကာင္းရိွတယ္ ဟိုတေလာကလည္း ကားမီးရိႈ႕လိုက္တာတို႔ ဆန္အိတ္လုသြားတာတို႔ အဲလိုျဖစ္ေတာ့ သူတို႔ကအစိုးရခြင့္ျပဳတာေတာင္မွ သူတို႔မသြားရဲဘူး တပ္ကလံုျခံဳေရးေပးမယ္လို႔ေျပာရင္ေတာ့ ပိုေတာင္ေၾကာက္တာေပ့ါဗ်ာ ဆိုေတာ့အဲဒီအေနအထား” ဟု ၀န္ၾကီးေဟာင္းဆလိုင္းအိုက္ဇက္ခင္ကေျပာသည္။

တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္(AA) တ္ိုက္ပြဲေၾကာင့္ ေနရပ္စြန္႔ခြါၾကသည့္ စစ္ေဘးေရွာင္ျပည္သူမ်ားအား ကူညီေထာက္ပံ့ႏုိင္ေရးအတြက္ ခ်င္းအရပ္ဘက္အဖြဲ႔အစည္းမ်ား၊ ခ်င္းလူငယ္မ်ားမ်ားဦးေဆာင္၍ အလွဴေငြမ်ားေကာက္ခံကာ မၾကာေသးခင္ရက္ပိုင္းက ရိကၡာဆန္ႏွင့္ စားသံုးကုန္၊ လူသံုးကုန္မ်ားအား ဆမီးၿမိဳ႕သို႔သြားေရာက္ပို႔ေဆာင္ခဲ့ၾကသည္။

ဆမီးၿမိဳ႕အထိ သြားရာက္ပို႔ေဆာင္ႏုိင္ခဲ့ၾကေသာ္လည္း ဆမီးၿမိဳ႕မွတဆင့္ ပလက္၀ၿမိဳ႕သို႔ ဆက္လက္ပို႔ေဆာင္ႏ ုိင္ရန္ နယ္ေျမလံုျခံဳမႈမရွိေသးသည့္အတြက္ အခက္အခဲႏွင့္ရင္ဆိုင္ေနၾကရျခင္းျဖစ္သည္။

ပလက္၀ၿမိဳ႕သို႔ ရိကၡာဆန္ပို႔ေဆာင္ေရးႏွင့္ပတ္သက္၍ အရပ္ဘက္အဖြဲ႔အစည္းမ်ား၊ ခ်င္းလူငယ္မ်ားက ၀ိုင္း၀န္းႀကိဳးစားအားထုတ္ခဲ့ၾကရာ ဆမီးၿမိဳ႕တြင္ ၃ ရက္ခန္႔ေစာင့္ဆိုင္းခဲ့ၾကေသာ္လည္း ေရွ႕ဆက္တိုးလို႔မရသည့္အေျခေနျဖစ္ေန၍ အစိုးရက လုပ္ေဆာင္ေပးမွရေတာ့မည္ဟု ဆလုိင္းအိုက္ဇက္ခင္က ေျပာသည္။

“အစိုးရယာဥ္တန္းနဲ႔ဦးေဆာင္ျပီးေတာ့ အဲလိုမ်ိဳးသူတို႔ ယာဥ္တမ္းနဲ႔သြားရင္ေတာ့ အဆင္ေျပႏုိင္တယ္ လံုျခံဳေရးလည္းပါရမယ္ တပ္လံုျခံဳေရးလည္းပါရမယ္ အစိုးရ၀န္ထမ္းလည္းပါမယ္ အခုနဆန္သယ္ကားေတြလည္္းပါမယ္ အဲလိုဆိုရင္ေတာ့ ယာဥ္ေမာင္းေတြကေတာ့လိုက္ရဲမယ္” ဟု ၀န္ၾကီးေဟာင္း ဦးအိုက္ဇခင္ကေျပာသည္။

ခ်င္းစစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ ရိကၡာဆန္မ်ားသြားေရာက္ေထာက္ပံ့ခဲ့သည့္ Chin Relief-rehabilitation and Community Development Foundation (CRCDF) မွတာ၀န္ရွိသူတစ္ဦးျဖစ္သည့္ Chinland Herald သတင္းစာအယ္ဒီတာဆလိုင္းငယ္ပီကေတာ့ ၎တို႔အေနျဖင့္ ပလက္၀ၿမိဳ႕အထိ ကိုယ္တိုင္သြားေရာက္ရန္ စီစဥ္ထားေသာ္လည္း လံုျခံဳေရးအေျခအေနမေပးေသာေၾကာင့္ ဆမီးၿမိဳ႕တြင္ ရိကၡာမ်ားထားခဲ့ၿပီး ျပန္လွည့္လာခဲ့သည္ ဟု ေျပာသည္။

“ က်ေနာ္တို႔ ကားနဲ႔ က်ေနာ္တို႔ဘာသာက်ေနာ္တို႔ သြားမယ္ဆိုတာေတာင္မွ သယ္ဖို႔မသြားၾကပါနဲ႔ ဆရာတို႔မ သြားတာေကာင္းတယ္ဆိုၿပီး ၀ိုင္းတားၾကတာနဲ႔ မသြားျဖစ္ၾကေတာ့ဘူး ဒါေပမယ့္ ရိကၡာပစၥည္းေတြေတာ့ ဆမီးမွာထားခဲ့တယ္ ပလက္၀ကိုအေရာက္ပို႔ေပးၾကဖို႔ေတာ့ စီစဥ္ထားခဲ့တယ္ ဆမီးကေန ပလက္၀အထိသယ္ဖို႔ ကားငွားခကိုလည္း ဗိုက္ဆံေပးထားၿပီးၿပီ’’ ဟု ဆလိုင္းငယ္ပီကေျပာသည္။

ျမန္မာ့တပ္မေတာ္ႏွင့္ ရကိၡဳင့္တပ္ေတာ္ AA တို႔တိုက္ပြဲျပင္းထန္လာျခင္းေၾကာင့္ ခ်င္းျပည္နယ္ပလက္၀ျမိဳ႕နယ္တြင္ စစ္ေဘးေရွာင္ျပည္သူမ်ားတိုးမ်ားလာဆဲျဖစ္ျပီး ပလက္၀ျမိဳ႕ေပၚတြင္ ၃ ေထာင္ေက်ာ္ရိွကာ ဆမီးျမိဳ႕ေပၚတြင္လည္း ၃ ေထာင္နီးပါးေရာက္ရွိေနၾကသည္။

#Unicode

By လားနွန် – မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) အကြား စစ်ရေးပဋိပက္ခကြောင့် ဆက်သွယ်ရေးလမ်းကြောင်း များပြတ် တောက်ကာ စားနပ်ရိက္ခာများပြတ်လပ်နေသည့် ချင်းပြည်နယ် ပလက်ဝမြို့ပြည်သူများနှင့် စစ်ဘေးရှောင်များ အတွက် ချင်းအရပ်ဘက်အဖွဲ့အစည်းများက ရိက္ခာဆန်များပို့ဆောင်ရန် ကြိုးစားခဲ့ကြသော်လည်း အခက်အခဲရှိနေသည်ဟု သိရသည်။

ပလက်ဝမြို့သို့ပို့ဆောင်မည့် ရိက္ခာဆန်များသည် ဆမီးမြို့သို့ရောက်ရှိပြီဖြစ်ပေမယ့် ဆမီးမြို့မှတဆင့် ပလက်ဝမြို့သို့ သယ်ဆောင်ရန် ကားသမားများက မသွားရဲသောကြောင့် အခက်ကြုံနေကြရခြင်းဖြစ်သည်ဟု ကူညီထောက်ပံ့ရေးလုပ်ငန်းများတွင် ဦးဆောင်သူတစ်ဦးဖြစ်သည့် ချင်းပြည်နယ် စည်ပင်ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်ကပြောသည်။

“အဓိကတော့ အစိုးရအဖွဲ့ကခွင့်ပြုတယ် နောက်ပြီးတော့ တပ်ကလည်းလုံခြုံရေးသူတို့ပေးမယ် ဒါပေမဲ့ကားသမားတွေကမသွားရဲတော့ဘူး အဓိကပြသာနာက ကားသမားတွေမသွားရဲတာ အဲဒီတော့ ကားသမားတွေဘာကြောင့် မသွားရဲတာလဲဆိုတော့ သူတို့မှာလည်းအကြောင်းရှိတယ် ဟိုတလောကလည်း ကားမီးရှို့လိုက်တာတို့ ဆန်အိတ်လုသွားတာတို့ အဲလိုဖြစ်တော့ သူတို့ကအစိုးရခွင့်ပြုတာတောင်မှ သူတို့မသွားရဲဘူး တပ်ကလုံခြုံရေးပေးမယ်လို့ပြောရင်တော့ ပိုတောင်ကြောက်တာပေါ့ဗျာ ဆိုတော့အဲဒီအနေအထား” ဟု ဝန်ကြီးဟောင်းဆလိုင်းအိုက်ဇက်ခင်ကပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တိ်ုက်ပွဲကြောင့် နေရပ်စွန့်ခွါကြသည့် စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးအတွက် ချင်းအရပ်ဘက်အဖွဲ့အစည်းများ၊ ချင်းလူငယ်များများဦးဆောင်၍ အလှူငွေများကောက်ခံကာ မကြာသေးခင်ရက်ပိုင်းက ရိက္ခာဆန်နှင့် စားသုံးကုန်၊ လူသုံးကုန်များအား ဆမီးမြို့သို့သွားရောက်ပို့ဆောင်ခဲ့ကြသည်။

ဆမီးမြို့အထိ သွားရာက်ပို့ဆောင်နိုင်ခဲ့ကြသော်လည်း ဆမီးမြို့မှတဆင့် ပလက်ဝမြို့သို့ ဆက်လက်ပို့ဆောင်န ိုင်ရန် နယ်မြေလုံခြုံမှုမရှိသေးသည့်အတွက် အခက်အခဲနှင့်ရင်ဆိုင်နေကြရခြင်းဖြစ်သည်။

ပလက်ဝမြို့သို့ ရိက္ခာဆန်ပို့ဆောင်ရေးနှင့်ပတ်သက်၍ အရပ်ဘက်အဖွဲ့အစည်းများ၊ ချင်းလူငယ်များက ဝိုင်းဝန်းကြိုးစားအားထုတ်ခဲ့ကြရာ ဆမီးမြို့တွင် ၃ ရက်ခန့်စောင့်ဆိုင်းခဲ့ကြသော်လည်း ရှေ့ဆက်တိုးလို့မရသည့်အခြေနေဖြစ်နေ၍ အစိုးရက လုပ်ဆောင်ပေးမှရတော့မည်ဟု ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

“အစိုးရယာဉ်တန်းနဲ့ဦးဆောင်ပြီးတော့ အဲလိုမျိုးသူတို့ ယာဉ်တမ်းနဲ့သွားရင်တော့ အဆင်ပြေနိုင်တယ် လုံခြုံရေးလည်းပါရမယ် တပ်လုံခြုံရေးလည်းပါရမယ် အစိုးရဝန်ထမ်းလည်းပါမယ် အခုနဆန်သယ်ကားတွေလည်းပါမယ် အဲလိုဆိုရင်တော့ ယာဉ်မောင်းတွေကတော့လိုက်ရဲမယ်” ဟု ဝန်ကြီးဟောင်း ဦးအိုက်ဇခင်ကပြောသည်။

ချင်းစစ်ဘေးရှောင်ပြည်သူများအတွက် ရိက္ခာဆန်များသွားရောက်ထောက်ပံ့ခဲ့သည့် Chin Relief-rehabilitation and Community Development Foundation (CRCDF) မှတာဝန်ရှိသူတစ်ဦးဖြစ်သည့် Chinland Herald သတင်းစာအယ်ဒီတာဆလိုင်းငယ်ပီကတော့ ၎င်းတို့အနေဖြင့် ပလက်ဝမြို့အထိ ကိုယ်တိုင်သွားရောက်ရန် စီစဉ်ထားသော်လည်း လုံခြုံရေးအခြေအနေမပေးသောကြောင့် ဆမီးမြို့တွင် ရိက္ခာများထားခဲ့ပြီး ပြန်လှည့်လာခဲ့သည် ဟု ပြောသည်။

“ ကျနော်တို့ ကားနဲ့ ကျနော်တို့ဘာသာကျနော်တို့ သွားမယ်ဆိုတာတောင်မှ သယ်ဖို့မသွားကြပါနဲ့ ဆရာတို့မ သွားတာကောင်းတယ်ဆိုပြီး ဝိုင်းတားကြတာနဲ့ မသွားဖြစ်ကြတော့ဘူး ဒါပေမယ့် ရိက္ခာပစ္စည်းတွေတော့ ဆမီးမှာထားခဲ့တယ် ပလက်ဝကိုအရောက်ပို့ပေးကြဖို့တော့ စီစဉ်ထားခဲ့တယ် ဆမီးကနေ ပလက်ဝအထိသယ်ဖို့ ကားငှားခကိုလည်း ဗိုက်ဆံပေးထားပြီးပြီ’’ ဟု ဆလိုင်းငယ်ပီကပြောသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့တိုက်ပွဲပြင်းထန်လာခြင်းကြောင့် ချင်းပြည်နယ်ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများတိုးများလာဆဲဖြစ်ပြီး ပလက်ဝမြို့ပေါ်တွင် ၃ ထောင်ကျော်ရှိကာ ဆမီးမြို့ပေါ်တွင်လည်း ၃ ထောင်နီးပါးရောက်ရှိနေကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက် ပိုမစုရနှင့် ညမထွက်ရအမိန့် ထုတ်ပြန်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြောင့် ပါတီအများစု ပျက်ပြယ်သွားနိုင်လို့ CNLD ပါတီဥက္ကဌပြော

စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.