Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝက ဖမ်းဆီးခံ ချင်းလူငယ် ၅ ဦး မိသားစုနဲ့ အဆက်သွယ်မရ​သေး

ပလက်ဝက ဖမ်းဆီးခံ ချင်းလူငယ် ၅ ဦး မိသားစုနဲ့ အဆက်သွယ်မရ​သေး

0
By Editor on July 7, 2021 Headline
ချင်းပြည်နယ် ပလက်ဝမြို့က အဖမ်းခံရတဲ့ ချင်းလူငယ် ၅ ဦးကို အာဏာသိမ်းစစ်ကောင်စီက ပုမ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဇွန်လ ၁၈ ရက်နေ့က ပို့ဆောင်ခဲ့ပေမယ့် မိသားစုတွေနဲ့ယနေ့ချိန်ထိ အဆက်အသွယ်မရသေး တာကြောင့် မိသားစုဝင်တွေကစိတ်ပူနေကြပါတယ်။
ပလက်ဝမြို့မှာ မေလ ၂၈ ရက်နေ့က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နောက်ပိုင်း အာဏာသိမ်း စစ်ကောင်စီဟာ မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းမှာအလုပ်လုပ်ကိုင်နေသူတွေအပါအဝင် လူငယ် ၁၈ ဦးကို ဖမ်းဆီးခဲ့ပြီး ၁၃ ဦးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပေမယ့် ၅ ဦးကို ဇွန်လ ၁၇ ရက်နေ့က ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခဲ့ပါတယ်။
အဲဒီအမှုဖွင့်ခံရတဲ့ ချင်းလူငယ် (၅) ဦးကတော့ ကိုအိုက်မင်း (အဆိုတော်)၊ အိုက်ထွန်းမင်း (ကုမ္ပဏီ)၊ အိုက်ထွန်းမင်း (သစ်တော)၊ ကိုအောင်ထွန်းစိုး (ခ) အာလူးနဲ့ အဂ္ဂပေလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးရာကျော်တို့ဖြစ်ကြပြီး ၎င်းတို့ ၅ ဦးကို ပလက်မြို့ရဲစခန်းကနေ ဇွန်လ ၁၇ ရက်နေ့က ခလရ (၂၈၉) တပ်ရင်းသို့ ခေါ်ဆောင်ပြီး ဇွန်လ ၁၈ ရက်နေ့မှာတော့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ဟာ သူတို့ရဲ့ အမှုရုံးချိန်းရက်ဖြစ်ပေမယ့် သက်ဆိုင်ရာအာဏာပိုင်တွေက ရုံးထုတ်တာမျိူးမရှိဘဲ စစ်တပ်လက်ထဲမှာသာရှိနေကြသေးပြီး ဇူလိုင် ၁၄ ရက်နေ့ကို ရုံးပြန်ချိန်းတယ်လို့လည်း ပလက်ဝကလာတဲ့ သတင်းတွေအရ သိရပါတယ်။
အဲဒီလူငယ် ၅ ဦးဟာ မင်းတပ်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူတွေ ကူညီထောက်ပံ့ဖို့အတွက် အလှူငွေကောက်ခံပြီး ရရှိသောငွေကျပ်သိန်း ၂၀ ကျော်ကို ပလက်ဝမြို့မြန်မာ့စီးပွားရေးဘဏ်ကတဆင့် မင်းတပ်မြို့ မြန်မာ့စီးပွားရေးဘဏ်သို့ လွှဲအပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိတာကြောင့် ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံရတာဖြစ်ပါတယ်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.