• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့က စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး ကုလားတန်မြစ်ထဲ ကိုယ့်ကိုကိုယ်အဆုံးစီရင်

ပလက်ဝမြို့က စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး ကုလားတန်မြစ်ထဲ ကိုယ့်ကိုကိုယ်အဆုံးစီရင်

0
By Editor on September 13, 2022 Headline

ချင်းပြည်နယ် ပလက်ဝမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်လာသော ချင်းအမျိုးသမီးတစ်ဦး ကုလားတန်မြစ်ထဲခုန်ချ၍ ကိုယ့်ကိုကိုယ် အဆုံးစီရင်သည့်ဖြစ်ရပ်တစ်ခု စက်တင်ဘာလပထမပတ်က ဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါ သေဆုံးသည်အမျိုးသမီးမှာ အသက် (၄၆) နှစ်အရွယ် ဒေါ်မလှဖြစ်ပြီး ပလက်ဝမြို့မှ ၃ မိုင်ကျော်ကျော်ခန့်ဝေး သော အာဘောင်သားကျေးရွာတွင်နေထိုင်သူဟုသိရသည်။

ပြီးခဲ့သည့်သြဂုတ်လကုန်ပိုင်းက အာဘောင်သားကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် (အေအေ) နှင့် စစ်ကောင်စီတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာပြီး ဆိုင်ကလုံးစင်တာတွင် နေထိုင်သူတစ်ဦးဖြစ်သည်။

သူမသည် စက်တင်ဘာလ ၆ ရက်နေ့ညက ၎င်းတို့နေထိုင်သော ဆိုင်ကလုန်းစင်တာမှ ထွက်သွားပြီးနောက် ပျောက်ဆုံးသွားခဲ့ရာမှ စက်တင်ဘာလ ၁၀ ရက်နေ့တွင် ကျောက်တော်မြို့အနီး သင်္ဘောဆိပ်တွင် သူမ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြခြင်းဖြစ်သည်ဟု ဆိုင်ကလုန်းစင်တာကို ရောက်ရှိနေသော အာဘောင်းသားဒေသခံတစ်ဦးက ပြောသည်။

“လူတွေက အကုန်လုံး အိပ်ပျော်ကြတဲ့အချိန် သူက အပြင်ထွက်တော့ အဲ့အချိန်ကနေ ပျောက်သွားတာလေ။ သူ့မှာ အခက်အခဲတော့ရှိမှာ သူကသားတစ်ယောက်ရှိတယ် မကြာခင်ကမှ ဆုံးသွားတာ၊ ခင်ပွန်းကလည်း ကွာထားတယ် ဘယ်သွားမယ်မှန်းလည်း မသိဘူး။ မောင်နှမလည်းမရှိဘူး” ဟု ၎င်းကပြောသည်။

ဒေါ်မလှသည် ထိုကဲ့သို့သော ပုဂ္ဂိုလ်ရေးဆိုင်ရာအခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရသည့်အပြင် စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့်အခြေအနေတွင် စိတ်ဓာတ်ကျပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခြင်းဖြစ်နိုင်သည်ဟု ၎င်းကဆက်ပြောသည်။

သူမ၏ အလောင်းကို ရခိုင်ပြည်နယ် ကျောက်တော်မြို့ ခရစ်ယာန်အသင်းတော်များမိတ်သဟာယအဖွဲ့မှ မြေမြုပ်သဂြိုလ် ပေးခဲ့ကြသည်ဟု သိရသည်။

အဘောင်သားကျေးရွာသည် ပလက်ဝမြို့နှင့် ၃ မိုင်ကျော်ကျော်ခန့်သာကွာဝေးပြီး အိမ်ခြေ ၁၂၀ ကျော် လူဦးရေ ၅၀၀ ကျော်ခန့်ရှိပြီး ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားကာ ကျေးရွာအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုများကြောင့် ပြီးခဲ့သည့် သြဂုတ်လ ၂၆ ရက်နေ့ကစပြီး ရွာလုံးကျွတ် ပလက်ဝမြို့ပေါ်တွင် စစ်ဘေးတိမ်းရှောင်ခဲ့ကြခြင်း ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းလဲန်းကောင်စီဖွဲ့စည်းနိုင်ရေး  အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေဟုဆို

ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာမရနိုင်၍ သေဆုံးမှုများရှိလာ

ချင်းပြည်သူများ ဘယ်နိုင်ငံပဲရောက်ရောက် တော်လှန်ရေးနှင့် ချင်းစိတ်ဓါတ်ကို မမေ့ကြရန် ဒေါက်တာ ဆာဆာ ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

September 21, 2023

ချင်းပြည်နယ်က စိုးရိမ်ဖွယ်ရာ တကျော့ပြန် ငှက်ဖျားရောဂါ

September 13, 2023

တူမီးကို “ထီ” အဖြစ်ပြောင်းလဲပြီး နွေဦးတော်လှန်ရေးကို အားဖြည့်ပါဝင်ခဲ့သူ (သို့) ချင်းတော်လှန်ရေးလူငယ်…

September 9, 2023

ကျန်းမာရေး အကာအကွယ် မဲ့နေဆဲ တောင်ဇလပ်မြေ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.