• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၄ ဦးထပ်မံတွေ့ရှိပြီး လက်ရှိ ၉၇ ဦးဆေးကုမှုခံယူနေ

ပလက်ဝမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၄ ဦးထပ်မံတွေ့ရှိပြီး လက်ရှိ ၉၇ ဦးဆေးကုမှုခံယူနေ

0
By Editor on August 5, 2021 Headline

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့တွင် ယနေ့ ကိုဗစ်ပိုးတွေ့လူနာ ၄ ဦးထပ်မံတွေ့ရှိပြီး လက်ရှိတွင် ကိုဗစ်ပိုးတွေ့လူနာ ၉၇ ဦး ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။

“ဒီနေ့က ပိုးတွေ့လူနာ ၄ ယောက်ရှိတယ်၊ သူတို့က Facility Quarantine ထားတဲ့ထဲက ၂ ယောက်နဲ့ ဆေးရုံဝန်ထမ်းထဲက ဆရာမ ၂ ယောက်ပါ၊ ဒီီနေ့တွေ့တဲ့ဟာနဲ့ဆိုရင် ၉၇ ယောက်က ကုသနေဆဲ၊ ပလက်ဝမှာ စုစုပေါင်းကပိုးတွေ့လူနာက ၃၀၅ ယောက်ရှိသွားပြီ” ဟု ပလက်ဝမြို့ ပြည်သူ့ဆေးရုံက ဒေါက်တာခိုင်ဝင်းက ပြောသည်။

ပလက်ဝမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု မြင့်မားလျှက်ရှိပြီး ပလက်ဝမြို့ပေါ်တွင် ကိုဗစ်ပိုးတွေ့လူနာ ၂၇၇ ဦး၊ မြိတ်ဝ ၂၈ ဦး၊ ဆမီး ၄ ဦး၊ စုစုပေါင်း (၃၀၅) ဦးအနက် (၂၁၀) ဦးမှာ သက်သာပျောက်ကင်းသောကြောင့် ဆေးရုံမှ ဆင်းသွားကြပြီးဖြစ်ကာ ငှက်ဖျားရောဂါဖြင့် သေဆုံးသူ (၁) ဦး၊ အသည်းရောင်ရောဂါဖြင့် သေဆုံးသူ (၁) ဦး၊ စုစုပေါင်း (၂) ဦးသေဆုံးသည်ဟု သိရသည်။

အလားတူ ချင်းပြည်နယ် မင်းတပ်မြို့တွင်လည်း ကိုဗစ်ပိုးတွေ့လူနာ (၂၅) ဦးရှိပြီး (၁၀) ဦးမှာ သက်သာပျောက်ကင်းပြီး လက်ရှိတွင် ကုသမှုခံယူနေသူ ၁၅ ဦး၊ သြဂုတ်လ ၂ ရက်နေ့က မန္ထလေးက ဆေးကုပြီး မင်းတပ်မြို့ကိုပြန်လာသူ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး နေအိမ်တွင် သေဆုံးပြီးမှ ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်းလည်း သိရသည်။

ချင်းပြည်နယ် ကန်ပလက်မြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၅၄ ဦးရှိပြီး (၁၀) ဦးက ဆေးရုံကနေဆင်းခဲ့ပြီး လက်ရှိ ကုသမှုခံယူနေသူ (၄၄) ဦးနှင့် မတူပီမြို့ ကိုဗစ်ပိုးတွေ့လူနာ ၂၉ ဦးရှိခဲ့ပြီး လက်ရှိ ၁၁ ဦး ဆေးကုသမှုခံယူနေသည်ဟုလည်း သိရသည်။

ချင်းပြည်နယ်တောင်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု မြင့်မားသည့်အပြင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတို့အကြား တိုက်ပွဲဖြစ်ပွားမှုတွေကြောင့်လည်း စစ်ဘေးရှောင် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူထောင်ချီရှိနေကြောင်းလည်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စခန်းသိမ်းတိုက်ပွဲထိ စစ်ရှိန်မြှင့်မည့် မတူပီမှာ မြို့အဝင်က စစ်စခန်းကို စတင်စီးနင်းတိုက်ခိုက်၊ ဗိုလ်ကြီးအပါအဝင် ၇ ဦး သေဆုံး

ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံအပါအ၀င် နေအိမ် ၆၀ ကျော် ထိခိုက်ပျက်စီး

“ZZLMS စစ်ဆင်ရေး”အမည်နှင့် ရေဇွာမြို့ကို ချင်းပူးပေါင်းတပ် သိမ်းပိုက်၊ လက်နက်နှင့်စစ်ကောင်စီတပ်သားများ အရှင်ဖမ်းဆီးရမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
December 5, 2023

“မြန်မာပြည်မှာ ဒီလောက်ဖြစ်ပျက်နေတဲ့ စစ်ရဲ့အဓိဌာန်ရုံတွေကို ကမ္ဘာက သိပ်မသိဘူး၊  အဲ့ဒါကြောင့် ဒီဟာကို ကျွန်တော်က ကမ္ဘာကို တင်ပြခြင်းဖြစ်တယ်”

November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

November 24, 2023

“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.