• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျောင်းသား ၂ ဦး သေဆုံး

ပလက်ဝမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျောင်းသား ၂ ဦး သေဆုံး

0
By Editor on August 3, 2022 Headline

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ ကျောင်းသူ၊ ကျောင်းသားတွေ လိုက်ပါလာတဲ့ စက်လှေတစ်စီးကို စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် ကျောင်းသား ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပလက်ဝမြို့နယ် တုံးမဝကျေးရွာအခြေခံပညာကျောင်းမှာ ကျောင်းတက်ပြီး ကုလားတန်မြစ်ကြောင်းအတိုင်းပြန်လာတဲ့ ရီမဝကျေးရွာက ကျောင်းသူ၊ ကျောင်းသားတွေ လိုက်ပါလာတဲ့ စက်လှေတစ်စီးကို ယနေ့ သြဂုတ်လ ၂ ရက်နေ့မှာ နှမတာကျေးရွာဆိပ်ကမ်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၂ နှစ်အရွယ် ၅ တန်းကျောင်းသား ၂ ဦး သေဆုံးခဲ့တာလို့
ပလက်ဝမြို့က ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသူတွေဟာ ရီးမဝကျေးရွာက အသက် ၁၂ နှစ်အရွယ် ၅ တန်းကျောင်းသား တွေဖြစ်ကြတဲ့ မောင်နေမင်းထွန်းနှင့် မောင်အောင်သန်းမြတ်တို့ ဖြစ်ကြပါတယ်။

ဒဏ်ရာရရှိတဲ့ ၃ ဦးကတော့ အသက် ၁၂ နှစ်အရွယ် ၅ တန်းကျောင်းသားနှင့်ကျောင်းသူ မောင်အောင်လင်းဝင်း (နောက်ကျောဒဏ်ရာ)၊ မခင်ကြည်အောင် (ခြေထောက်ဒဏ်ရာ) နှင့် အသက် ၅၄ နှစ်အရွယ် အထွေထွေဝန်ထမ်း ဦးပဒူး (ယာလက်မောင်းနဲ့ နားရွက်အနီးတဝိုက်ထိ) တို့ဖြစ်ကြတယ်လို့သိရပါတယ်။

အဲဒီစက်လှေမှာ ကျောင်းသူ၊ ကျောင်းသားအနည်းဆုံး ၁၀ ယောက်လောက်ပါလာတယ်လို့သိရပြီး ဒဏ်ရာရရှိတဲ့သူ ၃ ယောက်ဟာ ယနေ့ည ၇ နာရီခွဲလောက်မှာ ပလက်ဝမြို့ ပြည်သူ့ဆေးရုံကို ရောက်ရှိပြီလို့ သိရပါတယ်။

ယမန်နေ့ သြဂုတ်လ ၁ ရက်နေ့က နှမတာကျေးရွာအနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီးနောက် ယနေ့မနက်ပိုင်းကစပြီး ကုလားတန်မြစ်ကြောင်းအတိုင်း သွားလာမှုကို စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ကာ ခုလို ပစ်ခတ်သေဆုံးမှုတွေ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

တုံးမဝနှင့် ရီးမဝကျေးရွာတို့ဟာ ကုလားတန်းမြစ်ရဲ့ အနောက်ဘက်ခြမ်းမှာတည်ရှိတဲ့ ကျေးရွာတွေဖြစ်ကြပြီး ပလက်ဝမြို့ကနေ စက်လှေနဲ့ တစ်နာရီလောက်သွားရတယ်လို့ သိရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက် ပိုမစုရနှင့် ညမထွက်ရအမိန့် ထုတ်ပြန်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြောင့် ပါတီအများစု ပျက်ပြယ်သွားနိုင်လို့ CNLD ပါတီဥက္ကဌပြော

စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.