• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်မှာ တိုက်ပွဲဆက်လက်ဖြစ်ပွား စကစဘက်က ၈ ဦးသေဆုံးဟုဆို

ပလက်ဝမြို့နယ်မှာ တိုက်ပွဲဆက်လက်ဖြစ်ပွား စကစဘက်က ၈ ဦးသေဆုံးဟုဆို

0
By Editor on March 10, 2023 Headline

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ ယနေ့ မတ်လ ၉ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့နှင့် CNA, CDF-Paletwa တပ်ဖွဲ့တို့ ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးပြီး ၁၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ မတ်လ ၉ ရက်နေ့တွင် လိုင်လင်းပီမြို့မှ မတူပီမြို့နယ် ထယ်ဘွေ့စခန်းသို့ စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီစစ်ကြောင်းကို ပလက်ဝမြို့နယ် ကိန်းကန်းကုန်ကျေးရွာနှင့် စခီဟာကျေးရွာကြားရှိ လာကီချောင်းတနေရာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် CNA, CDF-Paletwa တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု CDF-Paletwa တပ်ဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် CNA, CDF-Paletwa တို့သည် မနက်ပိုင်း ၁၀ နာရီ ၅၄ မိနစ်မှ ၁၁ နာရီ ၄၁ မိနစ်ကြားတွင်တစ်ကြိမ်၊ နေ့လယ် ၁၂ နာရီ ၂၀ မိနစ်မှ ၁၂ နာရီမိနစ် ၄၀ ကြားတွင်တစ်ကြိမ် ဖြစ်ပွားသော အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးကာ ၁၅ ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြသည်ဟု CDF-Paletwa က ဆိုသည်။

အဆိုပါတိုက်ပွဲတွင် အထိအခိုက်မရှိ ကောင်းမွန်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု CDF-Paletwa က ထုတ်ပြန်သည်။

ယမန်နေ့ မတ်လ ၈ ရက်နေ့ကလည်း ပလက်ဝမြို့နယ် ကိန်းကန်းကုန်ကျေးရွာနှင့် စခီဟာကျေးရွာကြားရှိ ဗာမီချောင်းလမ်းခုလတ်တွင် စစ်ကောင်စီတပ်နှင့် CDF-Paletwa တပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNLD က နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်မည်မဟုတ်

မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်ကို CDF-Matupi က ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံး

ကလေးမြို့ တွင် လေယာဉ်လက်မှတ်ဈေးနှုန်းအဆမတန် မြှင့်တက်နေမူကြောင့် ခရီးသွားပြည်သူများ အခက်အခဲ ကြုံတွေ့နေရ

Leave A Reply Cancel Reply

  • Featured Article
March 22, 2023

ချင်းနိုင်ငံရေးပါတီများ စစ်ကောင်စီလက်အောက်မှာ ပါတီမှတ်ပုံတင်သင့် မတင်သင့် သူတို့ဘာပြောလဲ

March 21, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်း – အပိုင်း (၂)

March 20, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်းအကြောင်း – (အပိုင်း ၁)

March 19, 2023

ချင်းအမျိုးသားရေး ပြန်လည်စည်းလုံးရေး လှုပ်ရှားမှုများသမိုင်း (အပိုင်း ၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.