Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်အတွင်းက ဗျူဟာကုန်းများအပါအဝင် စခန်းပေါင်း ၁၇ ခုထက်မနည်းကို ရက္ခိုင်တပ်တော်က သိမ်းပိုက်

ပလက်ဝမြို့နယ်အတွင်းက ဗျူဟာကုန်းများအပါအဝင် စခန်းပေါင်း ၁၇ ခုထက်မနည်းကို ရက္ခိုင်တပ်တော်က သိမ်းပိုက်

0
By Editor on December 15, 2023 Headline

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီတပ် အခိုင်အမာစခန်းချထားသည့် ဗျူဟာကုန်းကြီးများအပါအဝင် စခန်းပေါင်း ၁၇ ခုထက်မနည်းကို ၄၅ ရက်အတွင်း သိမ်းပိုက်နိုင်ခဲ့သည်ဟု ရက္ခိုင်တပ်တော် AA က သတင်းထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး စတင်သည့် အောင်တိုဘာလ ၂၇ ရက်မှ ဒီဇင်ဘာလ ၁၀ ရက်အထိ ရက္ခိုင်တပ်တော် AA က ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီ၏ စစ်စခန်း၊ ရဲစခန်း၊ စစ်ဘက်ရဲဘက်အတူနေသော စခန်းများနှင့် နယ်ခြားစောင့်တပ်စခန်းများ စုစုပေါင်း ၁၄၂ စခန်းကို သိမ်းယူခဲ့ခြင်းဖြစ်ရာ ပလက်ဝမြို့နယ်အတွင်းက စခန်းပေါင်း ၁၇ ခုထက်မနည်း ပါဝင်ခဲ့သည်ဟု ဒီဇင်ဘာလ ၁၄ ရက် ညပိုင်းက သတင်းထုတ်ပြန်သည်။

ပလက်ဝမြို့နယ်အတွင်း ရဟတ်ယာဉ်ကွင်းများအပါအဝင် အခိုင်အမာခြေကုတ်စခန်းများဖြစ်သော တရွန်အိုင်ဗျူဟာကုန်း၊ နှုံးဘူးဗျူ ဟာကုန်း၊ မြိတ်ဝစခန်း၊ ကားလမ်းလုံခြုံရေးစခန်း၊ ပွိုင့် ၃၉၁ စခန်း၊ ပကာဝစခန်း၊ ပွိုင့် ၃၅၁ စခန်း၊ ဒိုးချောင်းဝစခန်း၊ ဆနွင်း တောင်ကြောစခန်း၊ ခလရ – ၂၈၉ ပတ်ဝန်းကျင်းမှ စစ်စခန်ငယ်း ၃ ခုနှင့် စစ်ကောင်စီဂိတ်များ ကို သိမ်းယူခဲ့ခြင်းဖြစ်သည်။

ထို့အပြင် လာမွီတောင်စခန်းကုန်း၊ ရင်ကွဲတောင်တပ်စခန်းကုန်း၊ ပွိုင့် ၁၂၉ ကုန်း၊ ပွိုင့် ၁၅၉ ကုန်း၊ အောက်သဲမဝကျေးရွာအနီးက ယာယီစစ်စခန်းနှင့် အဘောင်ဝကျေးရွာအနီးက ယာယီအခြေပြုစခန်းတို့ကိုလည်း ရက္ခိုင်တပ်တော် AA က သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။

ရက္ခိုင်တပ်တော် AA သည် ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မြေပုံ၊ တောင်ကုတ်၊ သံတွဲ၊ အမ်း၊ မောင်တော၊ ဘူသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီစခန်းပေါင်း ၁၄၀ ကျော်ကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ပလက်ဝမြို့နယ်အတွင်းက တိုက်ပွဲများတွင် စစ်ကောင်စီမှ ဗျူဟာမှူးအပါအဝင် တပ်သားအများအပြား သေဆုံးခဲ့ပြီး ရက္ခိုင်တပ်တော် AA က စခန်းသိမ်းတိုက်ပွဲများအတွင်း အသက်၊ ခန္ဓာ၊ သွေး၊ ချွေး များစွာ ရင်းနှီးပေးဆပ်ခဲ့ရသည်ဟု ရက္ခိုင်တပ်တော်က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ပလက်ဝမြို့နယ်အတွင်းက စစ်ရေးအချက်အချာကြသော ဗျူဟာကုန်းတိုက်ပွဲများတွင် စစ်စခန်းများ မကျစေရန်အတွက် Chemical Warfare Agents ဓာတုဓာတ်ငွေ့ ပါသောဗုံးများ အသုံးပြုခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးတိုက်ခိုက်မှု အများအပြား အသုံးပြုခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

ပလက်ဝမြို့နယ်အတွင်းက တိုက်ပွဲများတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော မရာနယ်မြေ‌ ဒေသကွယ်ရေးတပ်ဖွဲ့ MDF သည် AA တပ်ဖွဲ့နှင့်အတူ ပူးပေါင်းတိုက်ခိုက်နေသည်ဟု သိရသည်။

လက်ရှိတွင် ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ်မှာလည်း တိုက်ပွဲများ ဖြစ်ပွားမှုရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.