ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ပေါ်ရှိ နိုဘလ်ဘော်ဒါကျောင်းဆောင်တွင် ကိုဗစ်ပိုးရှိမရှိယနေ့စစ်ဆေးရာ ကျောင်း သား ကျောင်းသူ ၁၉ ယောက်ထံ ကိုဗစ်ပိုးတွေ့ရှိသည်ဟုသိရသည်။
နိုဘလ်ဘော်ဒါဆောင်တွင် ညအိပ်နှင့်အပြင်မှလာရောက်တက်ရောက်သည့် ၁၀ တန်းကျောင်းသူကျောင်းသား အယောက် ၃၀ ခန့်ရှိသည့်နက် ၁၉ ယောက်ထံကိုဗစ်ပိုးတွေ့ရှိခြင်းဖြစ်ပြီး မကြာသေးခင်ရက်ပိုင်းက ပုသိမ်ဘက်မှကျောင်းလာအပ် သည့်တစ်ယောက်ထံမှ စတင်ကူးစက်လာခြင်းဖြစ်နိုင်သည်ဟု နိုဘလ်ဘော်ဒါဆောင်ပိုင်ရှင် ဆရာကျော်ထိုက်ကေ ပြာသည်။
“ပုသိမ်ဘက်ကနေ ကျောင်းလာအပ်တဲ့တစ်ယောက် ပုသိမ်-စစ်တွေ-ကျောက်တော်ရယ်ဖြတ်ပြီးတော့ ပီချောင်းဘက်ကေ နလာတာပေါ့ ကျန်းမာရေးဌာနက သူနာပြုဆရာမတစ်ဦးရဲ့အမျိူးပဲ ကျနော်တို့လည်း ကျောင်းဖွင့်တာမကြာသေးဘူးလေ ကျောင်းလာအပ်တော့ တစ်ညလောက်တော့အိပ်တယ် နေမကောင်းဘူးဆိုပြီး သူ့အမျိူးအိ်မ်ပြန်သွားတယ်၊ ကျနော်တို့ လည်းသတိမထားမိဘူး ဒီမနက်ကျမှဘဲ အဲဒီသူနာပြုဆရာမတို့မိသားစုတစ်စုလုံးက ကိုဗစ်ပိုးတွေ့နေတယ်ဆေးရုံမှာ ဝင်နေရတယ်ဆိုပြီးမှ ကျနော်တို့လည်းစိတ်မချတော့ စစ်ဆေးတာ ကိုဗစ်ပိုးတွေ့တာပေါ့’’ ဟု ဆရာကျော်ထိုက်ကေ ပြာသည်။
နိုဘလ်ဘောဒါဆောင်မှ ပိုးတွေ့လူနာများကို ပလက်ဝမြို့ အ.ထ.က ကျောင်းဆောင်တွင် သီးသန့်ထားရှိရန်စီစဉ်ထားကြ သည်ဟု သိရပြီး ကိုဗစ်ပိုးမတွေ့သည့် ကျန်ကျောင်းသူကျောင်းသားများကိုလည်း ကွာရန်တင်းထားရှိသွားမည်ဟု ၎င်းက ဆက်ပြောသည်။
ယခုလက်ရှိ ပလက်ဝမြို့တွင် နိုဘလ်ဘော်ဒါဆောင်မှ ကျောင်းသူကျောင်းသား ၁၉ ဦးနှင့် အဆိုပါ ကျန်းမာရေးဝန်ထမ်း သူနာပြုဆရာမ မိသားစု ၆ ဦး စုစုပေါင်း ၂၅ ဦးကိုဗစ်ပိုးကူးစက်ခံနေရခြင်းဖြစ်သည်။
နိုဘလ်ဘော်ဒါဆောင်သည် ၁၀ တန်းကျောင်းသူကျောင်းသားများအား သင်ကြားပေးနေသည့် ဘော်ဒါကျောင်း ဆောင်ဖြစ်ပြီး ဇူလိုင်လ ၂ ရက်နေ့ကစ၍ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
ပလက်ဝမြို့တွင် ပြီးခဲ့သည့်ဇွန်လဆန်းပိုင်းက ကိုဗစ် ၁၉ ရောဂါကူးစက်ခံရသူ ၇ ဦးတွေ့ရှိပြီး ကျန်းမာရေးပြန်လည်ကော င်းမွန်သည့်အတွက် ဆေးရုံမှအသီးသီးဆင်းသွားကြပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုပြန်လည်မြင့်တက်လာပြီး အထူးသဖြင့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသ ကြီး ကလေးမြို့နယ်တို့တွင် ကိုဗစ်ကြောင့် ရာနှင့်ချီသော ဒေသခံပြည်သူများသေဆုံးနေကြရသည်။