Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝ၊ မီးဇာရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၇ ဦး ထိခိုက်ဒဏ်ရာရ တချို့မှာ အသက်အန္တရာယ် စိုးရိမ်ရ

ပလက်ဝ၊ မီးဇာရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၇ ဦး ထိခိုက်ဒဏ်ရာရ တချို့မှာ အသက်အန္တရာယ် စိုးရိမ်ရ

0
By Editor on November 21, 2023 Headline

(006SV)

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ မီးဇာရွာကို စစ်ကောင်စီတပ်က ယနေ့ညနေပိုင်းတွင် လေကြောင်းက ဗုံးကြဲတိုက် ခိုက်သောကြောင့် အရပ်သားပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး တချို့မှာ အသက်အန္တရာယ်စိုးရိမ်ရသည်ဟု ဒေသခံ များက ပြောသည်။

“စစ်ကောင်စီကနေ ဗုံးကြဲချတဲ့ အဲဒီနေရာက တိုက်ပွဲဖြစ်တဲ့ နေရာလည်း မဟုတ်ဘူး။ ဗုံးကြဲတော့ ၇ ယောက်ဒဏ်ရာ ရတယ်။ ဒဏ်ရာရတဲ့ အထဲမှာ အသက်ကြီးပိုင်း အမျိုးသမီးတစ်ယောက်တော့ ဒဏ်ရာ ပြင်းထန်တယ်။ အသက်ဆုံးရှုံးနိုင်တဲ့ အခြေ အနေရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ နိုဝင်ဘာ ၂၀ ရက် ညနေပိုင်းတွင် ပလက်ဝမြို့နယ်၊ တရွန်အိုင်ရွာအထက်ပိုင်း ၆ မိုင်ခန့်က မီးဇာရွာကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသော ပြည်သူများကို ဆေးဝါးကုသမှု ပေးနေသော်လည်း ဒဏ်ရာပြင်းထန်သော အရပ်သားတချို့ကို ဆေးဝါးကုသမှုပေးနိုင်ရန် ခက်ခဲနေသည်ဟု သိရသည်။

တရွန်အိုင်ရွာအနီးမှာ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေသည်မှာ ၄ ရက်ဝန်းကျင် ရှိလာ ချိန်တွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အရပ်သားပြည်သူများ စစ်ဘေးရှောင်နေသည် ကျေးရွာကို လေကြောင်းမှ ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ရက္ခိုင်တပ်တော် (AA) သည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွေက စစ်ကောင်စီစခန်းတွေကို နိုဝင်ဘာလ ဒုတိယပတ်က စ၍ ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် နှစ်ဖက် တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 2, 2026

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

October 2, 2026

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

October 2, 2026

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

September 30, 2026

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.