Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့တွင် စစ်ကောင်စီနှင့် ချင်းပူးပေါင်းတပ်တို့ အပြန်အလှန်ထိုးစစ်ဆင်နေ၍ တိုက်ပွဲပြင်းထန်

ဖလမ်းမြို့တွင် စစ်ကောင်စီနှင့် ချင်းပူးပေါင်းတပ်တို့ အပြန်အလှန်ထိုးစစ်ဆင်နေ၍ တိုက်ပွဲပြင်းထန်

0
By Editor on March 13, 2025 Headline

စစ်သုံ့ပန်းတချို့ ထပ်မံဖမ်းဆီးရမိထားဟုဆို

(006SV)

ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်နေသည့် ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီသည် တပ်အင်အား ဖြည့်တင်းပြီး ခလရ – ၂၆၈ တပ်ရင်းအနီးက စခန်းကုန်းများတွင် စစ်ကောင်စီတပ်နှင့် ချင်းပူးပေါင်းတပ်တို့ အပြန်အလှန်ထိုးစစ်ဆင်တိုက်ပွဲများ ဖြစ်နေသည်ဟု သိရသည်။

ချင်းပြည်နယ်၊ ဖလမ်းမြို့က ခလရ – ၂၆၈ တပ်ကုန်း မကျစေရန်အတွက် စစ်ကောင်စီသည် မတ်လ ဒုတိယပတ်ထဲ တပ်အင်အား ၄၀ ဝန်းကျင် ဖြည့်တင်းခဲ့ပြီး တန်ပြန်ထိုးစစ်ဆင်ရန် ပြင်ဆင်ဆောင်ရွက်ခဲ့သည်ဟု ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ – CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။

“လွန်ခဲ့တဲ့ ၂ ရက်၊ ၃ ရက်မှာ ဒီလအတွင်းမှာ သူတို့ ထပ်ဖြည့်အင်အား ထည့်တဲ့ဟာ ရှိတယ်။ အဲဒီထပ်ဖြည့် အင်အား ရောက်လာ တာနဲ့ သူတို့ဘက်ကနေ ကျနော်တို့ကို ထိုးစစ်ဆင်ဖို့ရန်အတွက် သူတို့ ပြင်ဆင်တယ်။ ပြီးတော့ ထိုးစစ်ဆင်တယ်။ ဒါပေမယ့် ထိုးစစ်ဆင်လို့ မရဘူး။ ကျနော်တို့က တန်ပြန်ထိုးစစ်ဆင်မှုကို ပြန်စလိုက်တာမှာ သူတို့ပွိုင့်စခန်းတွေကို ပြန်ရတယ်။ တပ်ကုန်းထဲမှာကို ကျနော်တို့ ပွိုင့်တွေ ရထားတာရှိတယ်” ဟု ဆလိုင်းတီမီက ပြောသည်။

မတ်လ ၁၂ ရက် နံနက်ပိုင်းကတည်းက စစ်ကောင်စီတပ်သည် ခလရ – ၂၆၈ တပ်ရင်းအနီးက စစ်ရေးအရ အရေးပါသော စခန်းကုန်းများကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် လေကြောင်းပစ်ကူအများအပြားဖြင့် ထိုးစစ်ဆင်သောကြောင့် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ယမန်နေ့က မနက်ပိုင်းမှ ညပိုင်းအထိ စစ်ကောင်စီသည် ဂျက်ဖိုက်တာများ၊ Y -12 နှင့် Y – 8 လေယာဉ်များအသုံးပြုပြီး ပေါင် ၅၀၀ ဗုံးအပါအဝင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည်ဟု သိရသည်။

“သူတို့ ဖလမ်း ၂၆၈ တပ်ကုန်းစခန်းကို မနေ့က မနက်ကတည်းက စတင်ပြီး ထိုးစစ်ဆင်တဲ့ဟာ လုပ်တာပါ။ လေယာဉ်ကတော့ တောက်လျှောက်ပဲ မနေ့ညမှာတင်ပဲ အစီးရေ အခေါက် ၂၀ လောက် လာတယ်။ ဂျက်ဖိုင်တာရော၊ Y 12 ရော၊ Y 8 ရော၊ ကင်းထောက်ရော တနေကုန်ပဲ ကင်းထောက်ပါတယ် ဒီနေ့လည်း အဲဒီလိုပါပဲ။ ဒီနေ့က စစ်ကူချဖို့ ပြင်ဆင်တဲ့ အခြေအနေမှာ ရှိတယ်။ ဒါပေမယ့် ပြန်လှည့်သွားတယ်လို့ ကျနော်တို့ ကြားရပါတယ်” ဟု ဆလိုင်းတီမီက ပြောသည်။

ယနေ့ မတ်လ ၁၃ ရက်တွင် စစ်ကောင်စီသည် ခလရ – ၂၆၈ တပ်ရင်းကို စစ်ကူချပေးရန် ကြိုးစားသော်လည်း ပြန်လှည့်သွားရသည်ဟု သိရသည်။

လတ်တလော ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထွက်ပြေးမှုများ ရှိနေပြီး တချို့တပ်ဖွဲ့ဝင်များကို စစ်သုံ့ပန်များအဖြစ် ဖမ်းဆီးရမိထားကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိသည်ဟု သိရသည်။

စစ်သုံ့ပန်းဖမ်ဆီးရမိမှုအရေအတွက်ကိုတော့ အသေးစိတ်ဖြေကြားခြင်း မရှိသေးပါ။

ဖလမ်းမြို့ကို ချင်းညီနောင်နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက ၂၀၂၄ နိုဝင်ဘာလ ၉ ရက်မှ စတင်ထိုးစစ်ဆင်နေရာ မြို့ပေါ်စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်ထားပြီး ခလရ – ၂၆၈ တပ်ရင်းသာ ကျန်ရှိသောကြောင့် ၎င်းစခန်းကို သိမ်းနိုင်ရေးအတွက် ဝိုင်းဝန်ပိတ်ဆို့၊ ဖြတ်တောက်ကာ တိုက်ခိုက်နေသည်ဟု သိရသည်။

ဇန်နဝါရီလက စစ်ကောင်စီသည် ခလရ – ၂၆၈ ကို ရဟတ်ယာဉ်ဖြင့် အင်အားများ ထပ်မံဖြည့်တင်းခဲ့သည်ဟု သိရသည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် CDF – မင်းတပ်နှင့် PDF – Zoland အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်က ရဲဘော်များ ထိခိုက်ကျဆုံးမှုများ ရှိကြောင်း၊ စစ်ကောင်စီဘက်မှလည်း ထိခိုက်အကျအဆုံး များပြားသည်ဟု သိရသည်။

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲအရာရှိကြီးများအပါအဝင် စစ်သုံ့ပန်း ၁၀၀ ကျော်ကို ဖမ်းဆီးရမိထားပြီး နိုင်ငံတကာဥပဒေများအတိုင်း ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းတိုက်ပွဲတွင် စစ်ကော်မရှင်တပ်မှ ၄၀ ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်းများ ဖမ်းမိဟု CB ထုတ်ပြန်

စစ်ရေးအချက်အချာ ကျသည့် ကနေဒီတောင်စခန်းကို စစ်ကော်မရှင်တပ် ပြန်ထိန်းချုပ်

အကျဉ်းသား ၁၀၀ ကျော်အပါအဝင် လူနာပေါင်း ၂၇၀ ကျော်ကို တစ်လအတွင်း ဆေးဝါးကုသပေးနိုင်ခဲ့ဟု CDF-Asho ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.