• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ဖလမ်းမြို့တွင် အာဏာသိမ်းစစ်​ကောင်စီက လူငယ်တစ်ဦးကို ဖမ်းဆီး

ဖလမ်းမြို့တွင် အာဏာသိမ်းစစ်​ကောင်စီက လူငယ်တစ်ဦးကို ဖမ်းဆီး

0
By Editor on April 16, 2021 Khonumthung
#Unicode
မာဂရက် – ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက ဧပြီလ ၁၅ ရက်နေ့ ယမန်နေ့ညအချိန်တွင် ရှောင်တခင် ဧည့်စာရင်း စစ်ဆေးကာ ဆန္ဒပြရာတွင်အသုံးပြုသော ပစ္စည်းများကို တွေ့ရှိသောကြောင့် လူငယ်တစ်ဦး ဖမ်းဆီးခံရသည်ဟု သိရသည်။
“မနေ့ည သူ့အိမ်မှာပဲ ရှောင်တခင် ဧည့်စာရင်းစစ်ရင်းနဲ့ ဆန္ဒပြတဲ့ ဦးထုပ်တို့၊ အကာတို့ နောက်ပြီးတော့ ကျည်ခွံ ၄၀ တွေ့တာဆိုတော့ အခုက အမှုမဖွင့်သေးပေမဲ့လည်း ကျည်ခွံကိစ္စကြောင့်ပဲ စွဲချက်တင်ခံရမယ်နဲ့တူတယ်၊ ကျွန်တော်တို့ မထုတ်နိုင်တော့ဘူး၊ သက်သေခံ ပစ္စည်းတွေကို လက်ဝယ်တွေ့မှုပေါ့” ဖလမ်းမြို့ခံတစ်ဦးက ပြောသည်။
အဖမ်းခံရသူမှာ ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက်တွင်နေထိုင်သော အသက် ၂၄ နှစ်အရွယ် Salai Cung Lian Mang ဖြစ်ပြီး ဖလမ်းမြို့ရဲစခန်းတွင် ထိန်းသိမ်းလျက်ရှိကာ ဘာသာရေးခေါင်းဆောင်များက သွားရောက်ညှိနိုင်းနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း စစ်ကောင်စီဖက်မှ ဆန္ဒပြသူများကို ဖြိုခွင်းခဲ့ပြီး လူငယ် (၃) ဦးကို ဖမ်းဆီးခံခဲ့ရသည်။
#Zawgyi
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

မတူပီမြို့တွင် ၈ နှစ်ရွယ်ကလေးငယ်တစ်ဦး မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန် ဒဏ်ရာရရှိ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.