ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဗားရ်းကျေးရွာ၊ ရဲစခန်းတွင်တာဝန်ထမ်းဆောင်သော ရဲအုပ် ရဲမင်းထွဋ်(အသက် ၃၈) သည် ယနေ့ နိုဝင်ဘာလ ၂၅ ရက်မနက် (၄) နာရီအချိန်ခန့်က ကိုယ့်ကိုကိုယ် သေနတ်ဖြင့်ပစ်ခတ်အဆုံးစီရင်သွားသည်ဟု သိရသည်။
ဖလမ်းမြို့ခံတစ်ဦးက” သူ့ကိုယ်သူသေနတ်နဲ့ပစ်တာ ဒီနေ့မနက်အလောင်းသွားယူတာ။ အခုဖလမ်းဆေးရုံကြီး မှာ ရင်ခွဲစစ်ဆေးတာထိတော့ ကျွန်တော်တို့သိထားတယ်။ သူ့အကျိုးအကြောင်းတော့မသိဘူး။” ဟု ပြောသည်။
ရဲအုပ် ရဲမင်းထွဋ္ဋ်သည် ဖလမ်းမြို့မှ ဗားရ်ရဲစခန်းသို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်သူတစ်ဦးဖြစ်သည်ဟု သိရသည်။