Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် ၈၉ ဦးကျဆုံး

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် ၈၉ ဦးကျဆုံး

0
By Editor on April 14, 2025 Headline

(004SS)

၅ လကြာဆင်နွှဲခဲ့ရသော ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်၊ရဲမေ ၈၉ ဦး ကျဆုံးပြီး ထက်ဝက်နီးပါးမှာ အိမ်ရှင်တပ်ဖွဲ့ဖြစ်သော CNO/CNDF မှ ရဲဘော်များဖြစ်ကြောင်း CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။

“ဒီ ၈၉ ဦး ကျဆုံးတဲ့အထဲမှာ ကျွန်တော်တို့အိမ်ရှင် CNO/CNDF အနေဖြင့် ကျဆုံးသူ အယောက် ၄၀ ပါဝင်ပါတယ်။ ဒီ ထဲမှာမှ ကျန်းမာရေးဘက် တာဝန်ထမ်းဆောင်တဲ့ သူနာပြု ဆရာမ ၁ ဦး၊ သူနာပြု ဆရာ ၁ ဦး၊ ၂ ဦးလဲ ပါဝင်ပါတယ်” ဟု CNO/CNDF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။

ထို့အပြင် ကိုယ်လက်အင်္ဂါဆုံးရှုံးသူ ရဲဘော် အယောက် ၃၀ ဝန်းကျင်ရှိပြီး အခြား မစိုးရိမ်ရ ဒဏ်ရာရရှိသူ ရဲဘော် အယောက် ၅၀၀ ခန့်ရှိသည်ဟု ၎င်းကပြောသည်။

စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့ရသော ရဲဘော်တချို့၏ ရုပ်အလောင်းများကို ၎င်းတို့နေရပ်အသီးသီးသို့ ပို့ဆောင်ပေးနိုင်ခြင်းရှိသလို အချို့မှာမူ မြေပြင်အခြေ အနေအရ ပို့ဆောင်ပေးနိုင်ခြင်းမရှိဘဲ ဖလမ်းမြို့တစ်နေရာတွင် ခေတ္တမြေမြုပ်ပေးထားကြောင်း သိရသည်။

“ကျွန်တော်တို့ တစ်ချို့က ခရီးဝေးပြီးတော့ ပို့ဖို့ရန် အဆင်မပြေတဲ့သူတွေပေါ့လေ၊ နောက်ပြီတော့ တစ်ချို့ကျွန်တော်တို့ CNO/ CNDF ဆိုရင် အိမ်ရှင်ဖြစ်တဲ့အတွက်ကြောင့် သူတို့ရွာတွေမှာ ပို့လို့ရတယ်၊ မိဘဆီ ပို့လို့ရတယ် ဆိုရင် အကုန်လုံး ပို့ပေးပါတယ်။ ပြီးတော့ နယ်ဝေးကနေလာပြီး ပို့ဖို့အဆင်မပြေတဲ့သူ နောက် မီးသဂြိုလ်လို့မရတဲ့သူတွေကိုတော့ ကျွန်တော်တို့ လောလောဆယ် ဒီမှာ မြုပ်နှံထားပါတယ်။” ဟု CNO/ CNDF ပြောခွင့်ရသူက ပြောသည်။

ယမန်နေ့ ဧပြီလ ၁၃ ရက်နေ့သည် CNO/CNDF တည်ထောင်ခြင်း ၄ နှစ်ပြည့်သည့် နေ့ဖြစ်သည့်အပြင် ယခုလသည် ဖလမ်းမြို့ အပြီးသိမ်းပိုက်နိုင်သည့် လဖြစ်ပြီး ထိုစစ်ဆင်ရေးအတွင်း အားလုံး၏ ပေးဆပ်မှုအပေါ် ကျေးဇူးတင်ကြောင်း ဆလိုင်းတီမီက ပြောသည်။

“ဒီ ၄ နှစ်တာကာလအတွင်း အသက်ပေးဆပ်ခဲ့ကြတဲ့ ရဲဘော်တွေ၊ ခန္ဓာကိုယ် ပေးဆပ်ခဲ့ရတဲ့ ရဲဘော်တွေ အကုန်လုံးကို လေးစာသလို အလေးနီပြုပါတယ်လို့ ပြောချင်ပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ကို ဝိုင်းဝန်းထောက်ပို့ပေးကြတဲ့ မိဘ ပြည်သူများ၊ နိုင်ငံတကာရောက် ချင်းအမျိုးသားများ၊ CNDF supporter များ၊ CB supporter များ၊ ဒီကနေကျေးဇူး တင်ကြောင်း ပြောကြားချင်ပါတယ်” ဟု ဆလိုင်းတီမီကပြောသည်။

ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ၂၀၂၄ ခုနှစ် နိုဝင်ဘာက ၉ ရက်နေ့ကစတင်ဖော်ဆောင်ခဲ့ကြသော ဖလမ်းမြို့သိမ်းစစ်ဆင် ရေးကို ၅ လပြည့်သည့် ၂၀၂၅ ခုနှစ် ဧပြီလ ၉ ရက်‌နေ့တွင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြပြီး ဖလမ်းမြို့နယ်တစ်ခုလုံး စစ်ကောင်စီ ကင်းစင်သော နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့ကြသည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းတော်လှန်ရေးအင်အားစုများဖြစ်သော ချင်းညီနောင်ပူးပေါင်းအဖွဲ့များ၊ အာရက္ခ တပ်တော် (AA/ ULA) ၏ စစ်ရေးအကြံဥာဏ်၊ ခဲယမ်းစစ်လက်နက်ပံ့ပိုးမှုနှင့်အတူ စစ်ကိုင်း၊ မကွေး တို့က တော်လှန်ရေးအင်အားစု (၁၇) ဖွဲ့တို့က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းတိုက်ပွဲတွင် စစ်ကော်မရှင်တပ်မှ ၄၀ ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်းများ ဖမ်းမိဟု CB ထုတ်ပြန်

စစ်ရေးအချက်အချာ ကျသည့် ကနေဒီတောင်စခန်းကို စစ်ကော်မရှင်တပ် ပြန်ထိန်းချုပ်

အကျဉ်းသား ၁၀၀ ကျော်အပါအဝင် လူနာပေါင်း ၂၇၀ ကျော်ကို တစ်လအတွင်း ဆေးဝါးကုသပေးနိုင်ခဲ့ဟု CDF-Asho ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.