Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အောင်မြင်ပြီးမြောက်ကြောင်း ချင်းညီနောင်ကြေညာ၊ လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရမိ

ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အောင်မြင်ပြီးမြောက်ကြောင်း ချင်းညီနောင်ကြေညာ၊ လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရမိ

0
By Editor on April 9, 2025 Headline

(006SV)

ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်လျှက်ရှိသော ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အောင်မြင်ပြီးမြောက်ပြီဟု ယနေ့ ဧပြီလ ၉ ရက်နေ့တွင် ချင်းညီနောင်က ထုတ်ပြန်ကြေညာလိုက်သည်။

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်က ချင်းညီနောင်စစ်ဆင်ရေးအဖြစ် စတင်ဖော်ဆောင်ခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီသည် ဖလမ်းမြို့ မကျစေရေးအတွက် ခလရ – ၂၆၈ တပ်ရင်း အင်အားအပြင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ခလရ – ၈၉ မှ စစ်ကူအင်အား ၁၀၀ ဝန်းကျင်နှင့် ၂၀၂၅ ခုနှစ် မတ်လတွင် တပ်မ ၇၇ လက်အောက်ခံ ခလရ – ၃၉၁ မှ စစ်ကူအင်အား ၁၀၀ ခန့် ထပ်မံဖြည့်တင်းခဲ့ကာ ခုခံတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၀၀၀ ကျော်ဖြင့်လည်း အပြင်းအထန် ခုခံခဲ့သော်လည်း ချင်းညီနောင် စစ်ဆင်ရေးဖော်ဆောင်ပြီး ၅ လပြည့်သည့် ၂၀၂၅ ခုနှစ် ဧပြီလ ၉ ရက်တွင် ဖလမ်းမြို့နယ်တစ်ခုလုံး စစ်ကောင်စီ ကင်းစင်သော နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့သည်ဟု ချင်းညီနောင်က ထုတ်ပြန်သည်။

ချင်းညီနောင် စစ်ဆင်ရေး၏ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် နိုင်ငံတကာတော်လှန်ရေးအဖွဲ့အစည်းတခုဖြစ်သည့် Anti- Fascist Internationalist Front (AIF) လည်း ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ချင်းတော်လှန်ရေးအင်အားစုများဖြစ်သော ချင်းညီနောင်ပူးပေါင်းအဖွဲ့များ၊ ရခိုင်မှ အာရက္ခတပ်တော် (AA/ ULA) နှင့် စစ်ကိုင်း၊ မကွေး တို့က တော်လှန်ရေးအင်အားစုများဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အများအပြား ပါဝင်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် 96 Solider PDF Anti- Fascist Internationalist Front (AIF)Burma National Revolutionary Army (BNRA) Burmese Revolutionary Technical Front (BRTF ယမ်းအဖွဲ့) Generationa Z Army (GZA) Giant Revolution Force (GRF) Harmonious Northern Brother (HNB) Kalay Revolution Force (KRF) Kalay Urban Guerrialla (Kalay UG) Myingyan Black Tiger (MBT) National Liberation Army (NLA) Revolvtion Ambulance Wolf ( RAW Medical Team) Sagaing Federal Troop (SFT – စစ်ကိုင်းဖက်ဒရယ် တပ်ပေါင်းစု) Yaw Defense Force (YDF) Zo Army (ZA) ကလေးခရိုင် ပကဖနှင့် ဒရုန်းအဖွဲ့ဝင် ပါဝင်ကြသည်။

ဖလမ်းမြို့နယ်တစ်ခုလုံး စစ်ကောင်စီကင်းစင်သော နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့ခြင်းမှာ ချင်းညီနောင်နှင့် မဟာမိတ် အင်အားစုများ၏ မဆုတ်မနစ်သော စိတ်ဓါတ်ဖြင့် ကြံ့ကြံ့ခံ ထိုးစစ်ဆင်တိုက်ခိုက်မှု အာရက္ခတပ်တော်မှ ခဲယမ်းစစ်လက်နက်များအပြင် စစ်ရေးဆိုင်ရာ အကြံဥာဏ်များ ပို့ပိုးကူညီမှုကြောင်းဖြစ်သည်ဟု သိရသည်။

ထို့အပြင် မိဘပြည်သူများ၏ တက်ညီလက်ညီ တစိုက်မတ်မိတ် ထောက်ပို့ပါဝင်မှုများကြောင့်သာ ဖြစ်ကြောင်း လှိုက်လှိုက်လဲလဲ မှတ်တမ်းတင်အပ်ပါကြောင်း ချင်းညီနောင်က ဆိုသည်။

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွက် အသက်ပေးသွားကြသော အာဇာနည်သူရဲကောင်းများ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ကြသော ရဲဘော်များနှင့် အောင်ပွဲရသည်အထိ ရွပ်ရွပ်ချွံချွံ ချီတိုက်တိုက်ပွဲဝင်ခဲ့ကြသော တပ်မှူး၊ တပ်သားများ၏ ရဲစွမ်းသတ္တိနှင့် ဇွဲလုံ့လရှိမှုတို့ကို လေးစားစွာ ဂုဏ်ပြုပါကြောင်း ချင်းညီနောင်က ထုတ်ပြန်သည်။

ချင်းညီနောင်အနေဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတွင် မဟာမိတ် များနှင့်အတူ ဆက်လက်တိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့နယ်က လူငယ်များအားလုံး အရံတပ်ဖွဲ့သင်တန်းတက်ရောက်ရန် CDF-Hakha ထုတ်ပြန်

CNDF နှင့် CDF-Hualngoram ပဋိပက္ခကို ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာကြရန် CC နှင့် CB တိုက်တွန်း

CNO/CNDF နှင့် CDF-Hualngoram တို့ အပြန်အလှန်ပစ်ခတ်နေမှုကို နိုင်ငံရေးအရ အဖြေရှာသင့်ဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.