• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဘင်္ဂလီဒုက္ခသည်များ ရခိုင်ပြည်နယ်သို့ ဝင်လို၍ ဆူပူသောင်းကျန်းနေဆိုတဲ့ သတင်းအမှား

ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဘင်္ဂလီဒုက္ခသည်များ ရခိုင်ပြည်နယ်သို့ ဝင်လို၍ ဆူပူသောင်းကျန်းနေဆိုတဲ့ သတင်းအမှား

0
By Editor on June 21, 2022 Khonumthung

ဒီသတင်းအမှားကို စစ်အောင်ဆိုတဲ့ Facebook အကောင့်မှာ “ဇွန် ၁၉ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ ဒုက္ခသည်စခန်းများမှ ဘင်္ဂလီများသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်သို့ ဝင်ရောက်လိုသည်ဟုဆိုကာ ဆူပူသောင်းကျန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။”

ဆက်လက်ပြီး “ဘင်္ဂလားဒေ့ရှ်မှ ရခိုင်ပြည်နယ်နယ်စပ်သို ခိုးဝင်လာသည့် ဘင်္ဂလီများသည် ၂၀၁၀ခုနှစ်မှစ၍ ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းမှုများနှင့် လူမျိုးလိမ်အမည်ဖြင့် နိုင်ငံသားဖြစ်ရေး လုပ်ဆောင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ်သို့ ပြန်လည်ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ ကိုဗစ်-၁၉ကာလ စီးပွားရေးအခက်အခဲကြောင့် နိုင်ငံတကာမှ အကူအညီ မရရှိခြင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း လုပ်ကိုင်စားသောက်ရန် ခက်ခဲခြင်းကြောင်း ရခိုင်ပြည်နယ်သို တကြော့ပြန် ဝင်ရောက်ရန် ကြံစည်လာကြောင်း သတင်းရရှိသည်။” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဒီသတင်းမှားမှာ ဖော်ပြထားသလို “ဇွန် ၁၉ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ ဒုက္ခသည်စခန်းများမှ ဘင်္ဂလီများသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်သို့ ဝင်ရောက်လိုသည်ဟုဆိုကာ ဆူပူသောင်းကျန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း” ဒေသတွင်းသတင်းဌာတွေမှာ ဖော်ပြထားတာမျိုး မရှိပါဘူး။

ဒီသတင်းအမှားကို Sithumyint Sithumyint၊ Minn Mg၊ Online၊ KyawGyi၊ Min Sitt Thar၊ Nay Min Khant၊ Min Naung Yoe စတဲ့အကောင့်များမှာသာရေးသာဖော်ပြထားတာဖြစ်ပြီးတော့ ဒေသတွင်းသတင်းဌာနတွေဖြစ်တဲ့ Narinijara၊ Development Media Group (DMG) တွေမှာလည်း ဖော်ပြရေးသာထားတာမျိုးမရှိသလို သတင်းဌာနကြီးဖြစ်တဲ့ BBC၊ DVB၊ Mizzima၊ VOA စတဲ့နေရာတွေမှာလည်း ဖော်ပြထားခြင်မရှိပါဘူး။

ဒါကြောင့်စစ်အောင်ဆိုတဲ့ Facebook အကောင့်ကနေ ရေးသားဖော်ပြထားတာဟာ သတင်းအမှားဖြစ်ပါတယ်။

ပုဂ္ဂိုလ်တစ်ယောက်ကနေရေးတင်တဲ့ သတင်းတွေကိုမယုံပဲ ယုံကြည်စိတ်ချထိုက်တဲ့ သတင်းဌာနမှသတင်းတွေကိုသာ ဖတ်ရှုသင့်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

မတူပီမြို့တွင် ၈ နှစ်ရွယ်ကလေးငယ်တစ်ဦး မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန် ဒဏ်ရာရရှိ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.