မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းမှ ယမန်နေ့ည (စက်တင်ဘာလ ၁၀ ရက်) ၈ နာရီခန့်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်သောကြောင့် မင်းတပ်မြို့မြောက်ဘက်ခြမ်း တိုက်နယ် ၂ က ခွီးရိန်ကျေးရွာထဲနှင့် ဘုန်းကြီးကျောင်းဝန်းကျင်တွင် ကျရောက်ပေါက်ကွဲပြီး နေအိမ်အချိူ့နှင့် သိမ်ကျောင်း လက်နက်ကြီးအစများ ထိမှန်ပျက်စီးခဲ့သည်ဟု သိရသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုတော့မရှိကြောင်းသိရသည်။
ယခုရက်ပိုင်းအတွင်း မင်းတပ်မြို့နယ်တွင် စစ်ရေးအခြေအနေတင်းမာလျှက်ရှိပြီး စက်တင်ဘာ ၉ ရက်နေ့ ကလည်း မယ်လကုန်းရွာအနီးတွင် စစ်ကောင်စီတပ်နှင့် CDF-Mindat တို့ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးခဲ့သည်။
ယနေ့တွင် မင်းတပ်မြို့နယ်တချိူ့နှင့် မင်းတပ်မြို့အစပ် မကွေးတိုင်း ကျောက်ထုမြို့နယ်တို့တွင် ဖုန်းလိုင်း အင်တာနက်လိုင်းများ ပြတ်တောက်နေသည်ဟုလည်း သိရသည်။
Photos Crd- Hkl