Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မင်းတပ်မြို့နယ်မှာ တိုက်ပွဲဆက်ဖြစ် စစ်ကောင်စီဖက် ၃ ဦးသေဆုံး

မင်းတပ်မြို့နယ်မှာ တိုက်ပွဲဆက်ဖြစ် စစ်ကောင်စီဖက် ၃ ဦးသေဆုံး

0
By Editor on December 23, 2021 Khonumthung

ချင်းပြည်နယ် မင်းတပ်မြို့နယ် ခွီးရိန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF-Mindat) တို့ ယမန်နေ့ (ဒီဇင်ဘာလ ၂၂) ရက် မွန်းလွဲပိုင်း ၂ နာရီခွဲခန့်က တိုက်ပွဲထပ်မံဖြစ်ပွားပြီး စစ်ကောင်စီဖက်က ၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိတယ်လို့သိရပါတယ်။

“ဟိုတနေ့က ဝမ္မသူးရွာမှာဖြစ်တယ် ဝမ္မသူးရဲ့အပေါ်နားလေးမှာ ခွီးရိန်ရွာဆိုတာရှိတယ် အဲဒီခွီးရိန်ရွာမှာ မနေ့က ၂ နာရီခွဲ ၃ နာရီဝန်းကျင်လောက်မှာဖြစ်တာ၊ စကစတွေက ရွာထဲဝင်လာတော့ ရွာထဲကဘုန်းကြီးကျောင်းရှေ့ဘက်ကိုတက်လာတာ ကျနော်တို့အဖွဲ့ကစောင့်နေတာပေါ့နော် အဲဒီမှာတိုက်ပွဲဖြစ်ကြတယ်’’ ဟု CDF-Mindat ပြောရေးဆိုခွင့်ရှိသူဆလိုင်းယောမန် ကပြောပါတယ်။

တစ်နာရီကျော်ကြာဖြစ်ပွားတဲ့အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး အနည်းဆုံး ၅ ဦးခန့်ဒဏ်ရာရရှိခဲ့ကြ တယ်လို့ ဆလိုင်းယောမန်ကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ကြောင်း ၂ ကြောင်းနဲ့ မင်းတပ်မြို့နယ်ထဲကို ထိုးစစ်ဆင်လာပြီးနောက် ဒီဇင်ဘာလ ၁၉ ရက်နေ့ကစလို့ ရှစ်မွှေး၊ လာပန်း၊ ဝမ္မသူး၊ လှိရုံးကျေးရွာဘက်မှာ CDF-Mindat နဲ့ နေ့စဉ်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီ စစ်ကြောင်း ၂ ကြောင်းဟာ ယမန်နေ့က ခွီးရိန်ကျေးရွာမှာ လာပေါင်းသွားပြီဟုယူဆရပြီး အင်အား ၁၅၀ ကျော်ခန့်ရှိမယ်လို့သိရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.