Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မင်းတပ်မြို့နယ်မှာ တိုက်ပွဲဆက်ဖြစ် စစ်ကောင်စီဖက် ၃ ဦးသေဆုံး

မင်းတပ်မြို့နယ်မှာ တိုက်ပွဲဆက်ဖြစ် စစ်ကောင်စီဖက် ၃ ဦးသေဆုံး

0
By Editor on December 23, 2021 Khonumthung

ချင်းပြည်နယ် မင်းတပ်မြို့နယ် ခွီးရိန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF-Mindat) တို့ ယမန်နေ့ (ဒီဇင်ဘာလ ၂၂) ရက် မွန်းလွဲပိုင်း ၂ နာရီခွဲခန့်က တိုက်ပွဲထပ်မံဖြစ်ပွားပြီး စစ်ကောင်စီဖက်က ၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိတယ်လို့သိရပါတယ်။

“ဟိုတနေ့က ဝမ္မသူးရွာမှာဖြစ်တယ် ဝမ္မသူးရဲ့အပေါ်နားလေးမှာ ခွီးရိန်ရွာဆိုတာရှိတယ် အဲဒီခွီးရိန်ရွာမှာ မနေ့က ၂ နာရီခွဲ ၃ နာရီဝန်းကျင်လောက်မှာဖြစ်တာ၊ စကစတွေက ရွာထဲဝင်လာတော့ ရွာထဲကဘုန်းကြီးကျောင်းရှေ့ဘက်ကိုတက်လာတာ ကျနော်တို့အဖွဲ့ကစောင့်နေတာပေါ့နော် အဲဒီမှာတိုက်ပွဲဖြစ်ကြတယ်’’ ဟု CDF-Mindat ပြောရေးဆိုခွင့်ရှိသူဆလိုင်းယောမန် ကပြောပါတယ်။

တစ်နာရီကျော်ကြာဖြစ်ပွားတဲ့အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး အနည်းဆုံး ၅ ဦးခန့်ဒဏ်ရာရရှိခဲ့ကြ တယ်လို့ ဆလိုင်းယောမန်ကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ကြောင်း ၂ ကြောင်းနဲ့ မင်းတပ်မြို့နယ်ထဲကို ထိုးစစ်ဆင်လာပြီးနောက် ဒီဇင်ဘာလ ၁၉ ရက်နေ့ကစလို့ ရှစ်မွှေး၊ လာပန်း၊ ဝမ္မသူး၊ လှိရုံးကျေးရွာဘက်မှာ CDF-Mindat နဲ့ နေ့စဉ်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီ စစ်ကြောင်း ၂ ကြောင်းဟာ ယမန်နေ့က ခွီးရိန်ကျေးရွာမှာ လာပေါင်းသွားပြီဟုယူဆရပြီး အင်အား ၁၅၀ ကျော်ခန့်ရှိမယ်လို့သိရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

မီဇိုရမ်ပြည်နယ်က ၁၅ နှစ်အရွယ်ကျောင်းသူကို သတ်ဖြတ်သူ ၂ ဦးကို ရဲတပ်ဖွဲ့ကဖော်ထုတ်ဖမ်းဆီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

August 24, 2026

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

August 24, 2026

ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသားတော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုဟု CNF ပြော

August 22, 2026

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.