• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့နယ်အတွင်း တကျော့ပြန်တိုက်ပွဲကြောင့် ကျေးရွာ ၁၀ ရွာခန့် တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရ

မင်းတပ်မြို့နယ်အတွင်း တကျော့ပြန်တိုက်ပွဲကြောင့် ကျေးရွာ ၁၀ ရွာခန့် တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရ

0
By Editor on July 28, 2021 Headline

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် CDF–Mindat နှင့် စစ်ကောင်စီတို့အကြား တကျော့ပြန်တိုက်ပွဲဖြစ်ပွားမှုကြောင့် မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံပြည်သူများသည် တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

“အဓိက တိုက်ပွဲဖြစ်တဲ့ အနားတဝိုက်ကရွာက စစ်ဘေးရှောင်ကြတာပေါ့၊ အဓိက စစ်ပွဲဖြစ်တဲ့နေရာက မကွေးတိုင်းနဲ့ ကျွန်တော်တို့ ချင်းပြည်နယ် နယ်စပ်၊ သူကတော့ ထီးလင်းနားက ရွှေအောင်သာနားကနေ စကစကတက်လာတယ်။ ရွှေတွင်းတူး၊ ဒန့်တီး၊ စွန်တောင်၊ တောင်ကုန်း၊ ပီးဟူ အဲ့ရွာတွေက အဓိက တိုက်ပွဲလမ်းကြောင်းဖြစ်တဲ့နေရာက ရွာတွေဆို ရွာလုံးကျွတ်မရှိတော့ လူတွေက တောင်ယာတွေကို ပြေးကြတယ်၊ တချို့ကလဲ တောထဲမှာ တာလပတ်တဲထိုးပြီးမှ နေကြတယ်၊ လူဦးရေအားဖြင့် ခန့်မှန်းဖို့ခက်တယ်” ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

CDF-Mindat နှင့် စစ်ကောင်စီအကြား အပစ်ခတ်ရပ်စဲရေးဆွေးနွေးမှုအား ဇူလိုင်လ ၁၆ ရက်နေ့က ပျက်ပြယ်ခဲ့ပြီးနောက် ဇူလိုင်လ ၂၁ ရက်နေ့ကစ၍ ချင်းပြည်နယ်နှင့် မကွေးတိုင်းနယ်စပ် ရွှေတွင်းတူးရွာဘက်တွင် တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မင်းတပ်မြို့နယ်တွင် ယခုကဲ့သို့ တကျော့တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော လူဦးရေ ယခင်ကထက် တိုးများလာနေပြီး ၎င်းတို့အတွက် စားသုံးကုန်နှင့်ဆေးဝါးများ လိုအပ်လျှက်ရှိကြောင်း စစ်ဘေးရှောင်ကူညီအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အခက်အခဲတွေက ပြောမပြနိုင်အောင်ကိုများတယ်၊ အဓိက ဆန်လိုတယ်၊ ပြီးတော့ ဆေးဝါးလိုတယ်၊ စစ်ကောင်စီက ဆန်ကိုလည်း သတ်မှတ်တဲ့ပမာဏထက်ကျော်ရင် ဖမ်းတယ်၊ ခွင့်ပြုချက်မရရင် သယ်လို့မရဘူး၊ ဆန်ဝယ်ချင်ရင်တောင် ဝယ်လို့မရဘူး၊ ဆေးဝါးက ဝယ်တာတွေ့ရင် တန်းဖမ်းတယ်၊ သယ်ယူခွင့်မရှိဘူး၊ ကျွန်တော်တိို့မှာ ဆန်နဲ့ဆေးဝါးက အရမ်းခက်ခဲနေတယ်၊ လိုအပ်နေပါတယ်” ဟု ၎င်းကပြောသည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ဧပြီလကုန်ပိုင်းကစ၍ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်ဆန္ဒဖော်ထုတ်ကြသည့် ပြည်သူများအား စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီးပစ်ခတ်မှုရှိလာခြင်းကြောင့် မင်းတပ်မြ်ို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF-Mindat) ဖွဲ့စည်းကာ စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့မှုကြောင့် ဒေသခံတစ်သောင်းကျော်သည် ကျေးရွာများနှင့် တောထဲသို့ အိုးအိမ်စွန်ခွါကာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်းဖြစ်သည်။

မင်းတပ်မြို့မိ/မြို့ဖများ၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် CDF-Mindat နှင့် စစ်ကောင်စီအကြား ဇွန်လ ၂၀ ရက်နေ့ကစ၍ အပစ်ခတ်ရပ်စဲခဲ့ကြသော်လည်း ဇူလိုင် ၁၆ ရက်နေ့တွင် ဆွေးနွေးမှုပျက်ပြယ်ကာ တိုက်ပွဲပြန်လည်ပြင်းထန်လာပြီး ဒေသခံပြည်သူများ ရာနှင့်ချီ ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.