Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့အနောက်ခြမ်းက ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်၊ ပြည်သူ ၁ ဦး သေဆုံး
ပုံစာ - ယခင်ပုံဟောင်း

မင်းတပ်မြို့အနောက်ခြမ်းက ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်၊ ပြည်သူ ၁ ဦး သေဆုံး

0
By Editor on July 18, 2024 Headline

(006SV)

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် ၁၂ ထဲက ကျေးရွာ တစ်ရွာကို ယမန်နေ့ ညသန်းခေါင်အချိန်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်၍ ဒေသခံပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း CDF- မင်းတပ်က သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၁၈ရက် ည ၁၂ နာရီဝန်းကျင်ခန့်တွင် မင်းတပ်မြို့၊ အနောက်ဘက်ခြမ်းရှိ တိုက်နယ် ၁၂ ထဲက ကျေးရွာ ၁ ရွာကို စစ်ကောင်စီက MIG – 29 ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CDF- မင်းတပ်နှင့် ဒေသခံများထံမှ သိရသည်။

“တိုက်နယ် ၁၂ တနေရာကို လေကြောင်းကနေ တိုက်ခိုက်သွားတာပါ။ ဘုန်းကြီးကျောင်းတစ်ကျောင်း ထိခိုက်ပျက်ဆီးသွားပြီးတော့ ပြည်သူတစ်ဦး သေဆုံးသွားတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေရှိတယ်လို့ ကြားတယ်” ဟု မင်းတပ်မြို့ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း ၁ ကျောင်းအပါအဝင် နေအိမ်တချို့ ပျက်စီးသွားကြောင်း သိရသည်။

ဇူလိုင်လလယ်ပိုင်းကလည်း တိုက်နယ် ၁၂ ထဲက ၎င်းကျေးရွာကိုပင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် နေအိမ်တချို့ ပျက်စီးမှုများရှိခဲ့ကြောင်း မင်းတပ်မြို့ ဒေသခံထံမှ သိရသည်။

ယမန်နေ့ ညနေ ၆ နာရီမှ ၈ နာရီအထိလည်း မင်းတပ်အနောက်ခြမ်းရှိ တိုက်နယ် ၂၊ တိုက်နယ် ၃ နှင့် မကွေးတိုင်း၊ ယောဒေသဘက်ကို စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးအပြင် အတွဲလိုက်ပစ် လက်နက်ကြီးဖြင့် အချက် ၄၀ ကျော် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.