Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်-မတူပီလမ်းတွင် တိုက်ပွဲပြင်းထန် စစ်ကောင်စီဘက် ၁၅ ဦးခန့်သေဆုံး

မင်းတပ်-မတူပီလမ်းတွင် တိုက်ပွဲပြင်းထန် စစ်ကောင်စီဘက် ၁၅ ဦးခန့်သေဆုံး

0
By Editor on March 30, 2022 Headline

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ကနေ မတူပီမြို့ကို ရိက္ခာနဲ့ စစ်အင်အားဖြည့်တင်းဖို့ ချီတက်သွားတဲ့ တင့်ကား ၂ စီးပါ စစ်ကောင်စီယာဉ်တန်း ၈၀ ကျော် နဲ့ CDF-Mindat တပ်ဖွဲ့တို့ဟာ မတ်လ ၂၆ ရက်နေ့ကတည်းကနေ တောက်လျှောက် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် နဲ့ CDF-Mindat တပ်ဖွဲ့တို့ဟာ မင်းတပ်မြို့နယ် မင်းတပ်-မတူပီလမ်း မိုင်တိုင်အမှတ် ၁၆ မှာ မတ်လ ၂၆ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးခန့် သေဆုံးခဲ့ပြီး ဒီကနေ့မှာလည်း စစ်ကောင်စီဘက်က ၁၅ ဦး လောက်သေဆုံးခဲ့တယ်လို့ CDF-Mindat ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

“တိုက်ပွဲအခြေအနေကတော့ ၂၆ ရက်နေ့ကတည်းက ပြင်းထန်မှုရှိတယ် စကစဘက်က ၅ ယောက်သေဆုံး ဒဏ်ရာရတဲ့ သူရှိတယ် ၂၇ ရက်နေ့မှာတိုက်ပွဲတစ်ခုရှိတယ် အဲဒီတိုက်ပွဲကတော့ အကျအဆုံးမသိရလို့ သတင်းမထုတ်ပြန်ခဲ့ဘူး၊ အခု ၂၉ ရက်နေ့မှာတော့ တိုက်ပွဲပြင်းထန်မှုရှိတယ် အရှေ့ဖက်က တပ်မဟာမှူးကိုယ်တိုင် ဆက်သွယ်လာပြီးခါမှ စကစဘက်က ၁၅ ယောက်လောက်သေပြီး ဒဏ်ရာအများအပြားရတယ်လို့ ကျနော့ကို ဆက်သွယ်လာပါတယ်၊ တိုက်ပွဲက တော်တော်ပြင်းထန်ပါတယ်၊ မိုင်းဆွဲတာရှိတယ် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုတွေ ပြင်းပြင်းထန်ထန်ဖြစ်ပါတယ်”

စစ်ကောင်စီတပ်ဖွဲ့တွေဟာ မင်းတပ်-မတူပီလမ်းကြောင်းတစ်လျှောက်က ဆက်သွယ်ရေးဖုန်းလိုင်းတွေကလည်း ဖြတ်တောက်ထားပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ရှေ့တန်းနဲ့နောက်တန်း ချိပ်ဆက်မှုမရှိအောင် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီယာဉ်တန်းဟာ မကွေးတိုင်း ကျောက်ထုမြို့ကနေ မတ်လ ၂၄ ရက်နေ့က မင်းတပ်မြို့ကို ရောက်ရှိလာပြီး စစ်ဗျူဟာအခြေစိုက်ရာနဲ့ တပ်ရင်း ၂ ရင်းအခြေစိုက်ထားတဲ့ မတူပီမြို့ဘက်ကို ဆက်လက်ချီတက်ထွက်ခွါရာမှာ CDF-Mindat တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.