• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မဏိပူရ်ပြည်နယ် အဓိကရုဏ်းအတွင်း ဘုရားကျောင်း ၂၅၀ ကျော်မီးရှို့ဖျက်ဆီးခံရပြီး လူပေါင်း ၁၀၀ ကျော်သေဆုံးမှုရှိပြီ

မဏိပူရ်ပြည်နယ် အဓိကရုဏ်းအတွင်း ဘုရားကျောင်း ၂၅၀ ကျော်မီးရှို့ဖျက်ဆီးခံရပြီး လူပေါင်း ၁၀၀ ကျော်သေဆုံးမှုရှိပြီ

0
By Editor on June 16, 2023 Khonumthung

(05MK)

မဏိပူရ်ပြည်နယ်တွင် လူများစုက သည်းလူမျိုးနှင့် လူနည်းစုတောင်တန်းသားများ (ချင်း-ကူကီးအနွယ်ဝင်) အကြား ဖြစ်ပွား နေသော အဓိကရုဏ်းအတွင်းမှာ ခရစ်ဘာသာဝင်များ၏ ဘုရာကျောင်း ၂၅၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့ပြီဟု Indigenous Tribal Leaders’ Forum (ITLF) က ပြောဆိုသည်။ 

Indigenous Tribal Leaders’ Forum (ITLF) သည် မဏိပူရ်ပြနယ်အတွင်းရှိ တောင်တန်းသားများအားလုံး ပါဝင်စုဖွဲ့ ထား သောအဖွဲ့ဖြစ်ပြီး ယင်းအဖွဲ့၏ ကောက်ယူထားသောစာရင်းအရ ကသည်းလူမျိုးများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဘုရား ကျောင်း ၂၅၀ ကျော်နှင့် ဘာသာရေးအဆောက်အဦး ၉၀ ကျော် ပျက်စီးခဲ့ပြီဟု The Aizawl Post က ဖော်ပြသည်။ 

ယခုဖြစ်ပွားနေသော ပဋိပက္ခအတွင်းမှာ ချင်း-ကူကီအနွယ်ဝင် တောင်တန်းသား ၁၃၀ ကျော် သေဆုံးခဲ့ပြီး ယင်းအနက် အယောက် ၅၀ ကျော်မှာ အတည်ပြု၍မရဘဲ ပျောက်ဆုံးနေသည်ဟု ITLF က ဆိုသည်။ 

ထို့အပြင် ချင်း-ကူကီးအနွယ်ဝင် တောင်တန်းသားများနေထိုင်သော ကျေးရွာပေါင်း ၁၆၀ ကျော်က လူနေအိမ်ခြေ ၄၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီ လူဦးရေ ၄ သောင်းနီးခန့်မှာ အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်ဟု ITLF က ပြောဆိုသည်။ 

ယခုလက်ရှိတွင်လည်း ဒဏ်ရာရရှိသူလည်း အများအပြားရှိနေပြီး မဏိပူရ်ပြည်နယ် Lamka ခရိုင်ဆေးရုံတွင် ဒဏ်ရာကြောင့် ဆေးကုသမှုခံယူသူ ၂၀၀ ကျော်ရှိပြီဟု သိရသည်။ 

မဏိပူရ်ပြည်နယ်တွင် လူများစုဖြစ်သော ကသည်း (Meitei) လူမျိုးများသည် လူနည်းစုတောင်တန်းသားများအတွက် အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားသော (Scheduled Tribe) မှာ ပါဝင်နိုင်ရန် ကာလကြာရှည် တောင်းဆိုလာခဲ့ကြသည်။

ယင်းတောင်းဆိုမှုကို ဆန့်ကျင်ကန့်ကွက်သည့်အaနေဖြင့် မေလ ၃ ရက်နေ့က မဏိပူရ်ပြည်နယ် Churachanpur မြို့တွင် ချင်း-ကူကီးအနွယ်ဝင် တောင်တန်းသားများက စည်းလုံးညီညွတ်ရေးချီတက်ပွဲ “Solidarity March” ဆန္ဒပြပွဲပြုလုပ်ခဲ့ကြသည့်အပြီးတွင် ကသည်းလူမျိုးနှင့် ချင်း-ကူကီးအနွယ်ဝင် တောင်တန်းသားများအကြား ပဋိပက္ခများ စတင်ဖြစ်ပွားလာခဲ့ကြခြင်းဖြစ်သည်။

ယခုပဋိပက္ခကြောင့် မဏိပူရ်ပြည်နယ်အတွင်းရှိ ချင်း-ကူကီးအနွယ်ဝင်တောင်တန်းသား ၅ သောင်နီးပါးခန့် နေရပ်စွန့်ခွါ ထွက်ပြေးခဲ့ကြရပြီး မီဇိုရမ်ပြည်နယ်တွင်လည်း လူဦးရေ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့အနောက်တောင်ပိုင်းတွင် လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးပွဲချင်းသေဆုံး၊ အမျိုးသား ၃ ဦး ထိခိုက် ဒါဏ်ရာရ

ကလေးမြို့ မွန်းလိုင်ရပ်ကွက်တွင် ဗုံးပေါက်ကွဲမှုကြောင့် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

ကန်ပက်လက်မြို့အဝင်တွင် ချင်းအလံလွှင့်ထူ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.