• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့တွင် စစ်ကောင်စီမှ ဓာတ်ဆီနှင့်ဆန် ထိန်းချုပ်မှုကြောင့် ဒေသခံပြည်သူများ အခက်ကြုံနေရ

မတူပီမြို့တွင် စစ်ကောင်စီမှ ဓာတ်ဆီနှင့်ဆန် ထိန်းချုပ်မှုကြောင့် ဒေသခံပြည်သူများ အခက်ကြုံနေရ

0
By Editor on October 6, 2021 Headline

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ပေါ်ရှိ ခလရ ၁၄၀ တပ်ရင်းမှ ဓာတ်ဆီနှင့်ဆန်များကို ထိန်းချုပ်ပြီး အကန့်အသတ်ဖြင့် ရောင်းချပေးနေသောကြောင့် မြို့ပေါ်ရှိပြည်သူများ စက်သုံးဆီပြတ်လပ်မှုတွေ ကြုံတွေ့နေရကြောင်း မတူပီဒေသခံများထံမှ သိရသည်။

“ခလရ ၁၄၀ တပ်ရင်းက ဓာတ်ဆီရော ဆန်ရော အကုန်လုံးထိန်းထားတယ်ဆိုတော့ မြို့ပေါ်မှာ အကုန်လုံး ပြတ်လပ်ကုန်တယ်၊ မှတ်ပုံတင်နဲ့ ၁ အိမ်ကို ၅ ဂါလံ တစ်ပုံးပဲရတယ်၊ ဒါတောင်မှ သူတို့ချိန်းထားတဲ့နေ့မှပဲ တပတ်တခါပဲရောင်းပေးတယ်၊ ဓာတ်ဆီက တမြို့နယ်လုံး ပြတ်နေတာ” ဟု မတူပီဒေသခံတစ်ဦးက ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီမှ ဓာတ်ဆီနှင့် ဆန်များ ထိန်းချုပ်လိုက်ခြင်းမှာ CDF-Matupi တပ်ဖွဲ့ထံ လောင်စာဆီနှင့် ရိက္ခာများ ရောက်ရှိမည်ကို စိုးရိမ်သည့်အတွက်ကြောင့်ဟု သိရပြီး မတူပီမြို့ပေါ်တွင် ဓာတ်ဆီပြတ်လပ်မှုကြောင့် ဓာတ်ဆီဆိုင်များ အကုန်ပိတ်ထားကြပြီး ဓာတ်ဆီဝယ်ယူလိုပါက ခလရ ၁၄၀ တပ်ရင်းတွင် မှတ်ပုံတင်ဖြင့် လူတစ်ဦးလျှင် ၅ ဂါလံနှုန်းနှင့် တစ်ပတ်တစ်ခါ သွားရောက်ဝယ်ယူကြရသည်ဟု သိရသည်။

မတူပီမြို့တွင် လက်ရှိဆန်များကို ဝယ်ယူမည်ဆိုပါက ဆန်ရောင်းသည့်ပိုင်ရှင်ထံ တိုက်ရိုက်ဝယ်ယူခွင့်မရသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ တဆင့်ဝယ်ယူကြရပြီး အိမ်ထောင်လျှင် ဆန် ၂ အိတ်သာ ရောင်းချပေးနေသောကြောင့် နေ့စားအလုပ်သမားများအတွက် ဆန်ဝယ်ယူရန် အခက်အခဲနှင့်ကြုံတွေ့နေရပြီး ဆန်ပြတ်လပ်လာမှုကြောင့် ပိုခက်ခဲလာကြောင်းကိုလည်း မတူပီဒေသခံတစ်ဦးက ပြောသည်။

“ဆန်ဝယ်မယ်ဆိုရင် ဂိတ်မှာ စစ်သား ၂ ယောက်က ဂိုဒေါင်သော့ပေးပြီး ကိုယ်တိုင်ဖွင့်ပြီးမှ မှတ်ပုံတင်နဲ့ဝယ်ရတယ်၊ တစ်အိမ်ထောင် ၂ အိတ်ပဲဝယ်ရတယ် အကန့်သတ်နဲ့ပဲ၊ ပိုက်ဆံတော့ မြို့ထဲက ပိုင်ရှင်ကိုပေးရတယ်၊ ကြက်ဥတွေလည်း အလုံး ၃၀ ပဲဝင်ခွင့်ရတယ်၊ အခုတောင် ဆန်တွေက တစ်အိတ်မှတောင် မရှိတော့ဘူး၊ ဆန်အရမ်းခက်ခဲဖြစ်တယ်၊ ရှိတဲ့သူက လှောင်ထားနိုင်ပေမယ့် လက်လုပ်လက်စားတွေက ပိုက်ဆံစုတယ် ကုန်တဲ့အခါ နောက်တအိတ်လောက်ဝယ်တယ်၊ နောက်တခါ ပြန်ဝယ်တဲ့အခါမှာ အရမ်းတော့အခက်အခဲဖြစ်တယ် မြို့ထဲမှာက ဆန်တွေ တအားပြတ်တော့ တချို့လူတွေက စားစရာတောင်မရှိဘူး” ဟု မတူပီဒေသခံက ပြောသည်။

မတူပီမြို့ပေါ်တွင် ပဒေသာဆန်တအိတ်လျှင် (၃၈၀၀၀) ကျပ်ရှိပြီး ဆန်ဝယ်ယူရန် ခက်ခဲလာသည့်အပြင် ယခင် ဓာတ်ဆီ ၁ လီတာလျှင် ၁ ထောင်ကျပ်မှ ယခုတွင် ၂၅၀၀ ကျပ်အထိ စျေးမြင့်တက်သွားပြီး စက်သုံးဓာတ်ဆီ ရှားပါးလာမှုနှင့် ပြတ်လတ်လာမှုအခက်အခဲနှင့် ရင်ဆိုင်နေကြကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စခန်းသိမ်းတိုက်ပွဲထိ စစ်ရှိန်မြှင့်မည့် မတူပီမှာ မြို့အဝင်က စစ်စခန်းကို စတင်စီးနင်းတိုက်ခိုက်၊ ဗိုလ်ကြီးအပါအဝင် ၇ ဦး သေဆုံး

ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံအပါအ၀င် နေအိမ် ၆၀ ကျော် ထိခိုက်ပျက်စီး

“ZZLMS စစ်ဆင်ရေး”အမည်နှင့် ရေဇွာမြို့ကို ချင်းပူးပေါင်းတပ် သိမ်းပိုက်၊ လက်နက်နှင့်စစ်ကောင်စီတပ်သားများ အရှင်ဖမ်းဆီးရမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

November 24, 2023

“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”

November 3, 2023

ချင်းရဲဘော်တွေနဲ့ တော်လှန်ဂီတ 

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.