Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့တွင် စစ်ကောင်စီတပ်က အမျိုးသမီး ၆ ဦး အပါအဝင် ပြည်သူ ၇ ဦး ဖမ်းဆီး

မတူပီမြို့တွင် စစ်ကောင်စီတပ်က အမျိုးသမီး ၆ ဦး အပါအဝင် ပြည်သူ ၇ ဦး ဖမ်းဆီး

0
By Editor on May 6, 2022 Headline

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့တွင် စစ်ကောင်စီတပ်က အမျိုးသမီး ၆ ဦးအပါအဝင် ပြည်သူ ၇ ဦးကို ဖမ်းဆီးကာ စစ်ဗျူဟာစခန်းသို့ ခေါ်ဆောင်ပြီး လူမဆန်စွာ ညှင်းပမ်းနှိပ်စက်နေသည် CDF-Matupi က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့က မတူပီမြို့အခြေစိုက် စကစ စစ်ဗျူဟာစခန်းမှ တပ်သား ၂ ဦး သေနတ် ၃ လက်နှင့် CDF-Matupi တပ်ဖွဲ့ထံသို့ CDM ပြုလုပ်အလင်းဝင်သည့်ကိစ္စနှင့်ပတ်သက်၍ မတူပီမြို့ပေါ်နေ အမျိုးသမီး ၆ ဦးအပါအဝင် စုစုပေါင်းပြည်သူ ၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“CDM ကိစ္စနဲ့ပတ်သက်ပြီး စွပ်စွဲပြီးဖမ်းတယ်လို့သိရတယ် သူတို့အကို စစ်ဗျူဟာကုန်းမှာထိန်းသိမ်းထားတယ်လို့ သိရပါတယ်’’ ဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံကပြောသည်။

ဖမ်းဆီးခံရသော ပြည်သူ ၇ ဦးကို စစ်ကောင်စီတပ်ဖွဲဲ့က လူမဆန်စွာဖမ်းဆီးညှင်းပန်းနှိပ်စက်မှုကြောင့် အမျိုးသမီးတစ်ဦး မှာ ဆေးရုံတွင် ကုသမှုခံယူရသည့်အဆင့်ထိ အခြေအနေဆိုးခဲ့သည်ဟု သိရသည်။

မတူပီမြို့အခြေစိုက် စစ်ကောင်စီ စစ်ဗျူဟာစခန်းမှ တပ်သား ချစ်ကိုကို (တ/၃၈၇၆၈) နှင့် မုံရွာအခြေစိုက် ထပရ ၉၂၉ မှ တပ်သား ဖြိုးမင်း (တ/၅၂၅၇၃၇) တို့ ၂ ဦးသည် သေနတ်အမျိုးအစား BA-72,MA-2,MA-3 စုစုပေါင်း (၃) လက်နှင့်အတူ CDF- Matupi ထံသို့ CDM ပြုလုပ်အလင်းဝင်ခဲ့ကြခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့သည် ၎င်းတို့၏ လက်နက် ၃ လက်ပြန်လည်ရရှိရေးအတွက် ပြည်သူများကိုဓားစာခံအဖြစ်အသုံးချ ဖမ်ဆီးခြင်း၊ နှိပ်စက်ခြင်းနှင့် အသက်အန္တရာယ်ခြိမ်းခြောက်မှုအပေါ် ကန့်ကွက်ရှုတ်ချပြီး CDF-Matupi အနေဖြင့် စကစ အပါအဝင် မည်သည့်အကြမ်းဖက်အဖွဲ့အစည်းနှင့်မဆို အပေးအယူကိစ္စ လုံးဝ (လုံးဝ) မပြုလုပ်ကြောင်း CDF-Matupi က ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည်မှာ မူးယစ်းဆေးဝါးတားဆီးကာကွယ်ရေးဥပဒေပြဌာန်းပြီး နှိမ်နှင်းရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်မည်

မတ်လလယ်မှာ လွှတ်တော်များ ခေါ်ယူပြီး၊ ဧပြီလဆန်းပိုင်းမှာ စစ်အစိုးရအဖွဲ့သစ်ကို အာဏာလွှဲပြောင်းပေးမည်ဟု ဆို

ဆော – ကျောက်ထု – မင်းတပ် လမ်းပိုင်းကို လုံခြုံရေးအခြေအနေကြောင့် ဖြတ်သန်းသွားလာခွင့်ကန့်သတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.