ချင်းပြည်နယ်၊ မတူပီမြို့ အရှေ့ခိုဘွေရပ်ကွက်တွင်နေထိုင်သည့် အမျိုးသားတစ်ဦးသည် ယနေ့အောက်တိုဘာလ ၁၀ ရက် မနက်ပိုင်း ၁၁ နာရီခန့်က မြေမြိုပ်မိုင်းနင်းမိ၍ သေဆုံးခဲ့သည်ဟု မတူပီကလာသော သတင်းများအရ သိရသည်။
အရှေ့ခိုဘွေရပ်ကွက်တွင်နေထိုင်သည့် အသက် ၃၈ နှစ်အရွယ် ဦးလားဒိန်းလျန်သည် ယနေ့မနက်ပိုင်း ၁၁ နာရီခန့်က လည်မြိုချောင်းတံတားအနီးရှိ ဝဥခြံထဲတွင် ပေါင်းရှင်းနေစဉ် မြေမြိုမိုင်းနင်းမိ၍ ခြေတဖက်ပြတ်သွားပြီး သွေးထွက်လွန် သေဆုံးသွားခဲ့သည်ဟု မတူပီသတင်းများ နေ့စဉ်ရေးသားထုတ်လွှင့်နေသော Matupi Revolution News သတင်းက ဖော်ပြသည်။
သေဆုံးသူ လားဒိန်းလျန်တွင် ဇနီးသည်နှင့် သားသမီး ၃ ဦးကျန်ရစ်ခဲ့သည်ဟု သိရသည်။