• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့အနီး ဘုံတလာ ရေအားလျှပ်စစ်စက်ရုံ ​ဖောက်ခွဲခံရ

မတူပီမြို့အနီး ဘုံတလာ ရေအားလျှပ်စစ်စက်ရုံ ​ဖောက်ခွဲခံရ

0
By Editor on October 4, 2021 Headline

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့အနီးတွင်ရှိသော ခလရ ၁၄၀ တပ်ရင်းမှ အဓိကအသုံးပြုသည့် ဘုံတလာ ရေအားလျှပ်စစ်စက်ရုံ အဆောက်အအုံကို အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်းက ဗုံးဖောက်ခွဲခံရသည်ဟု သိရသည်။

“ကျွန်တော် သတင်းကြားတာကတော့ မနေ့ပါ၊ ဗုံးခွဲတာ သူတို့ ရေအားလျှပ်စစ်ကို လူငယ်တွေက မိုင်းခွဲပြီးလို့ စစ်တပ်က လက်နက်ကြီးနဲ့ ပြန်ပစ်တာပေါ့၊ အဲ့ရေးအားလျှပ်စစ်က စစ်တပ်တွေက အဓိကသုံးတာ၊” ဟု မတူပီဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဘုံတလာ ရေအားလျှပ်စစ် စက်ရုံသည် မတူပီမြို့နှင့် ၅ မိုင်ခန့် ကွာဝေးသည်ဟု သိရပြီး လည်မျိုချောင်းရေကို အမှီပြုတည်ဆောက်ထားသည့် ရေအားလျှပ်စစ် စက်ရုံဖြစ်ပြီး ယခင်တွင် စန်ဘောင်ရပ်ကွက်၊ ဗျူဟာကုန်းနှင့် ဖနိုင်ကျေးရွာတို့တွင် လျှပ်စစ်မီးများကို အသုံးပြုခဲ့သော်လည်း မဟာဓာတ်အားလိုင်းရရှိပြီးသည့် နောက်ပို်င်းတွင် စစ်ကောင်စီတပ်ဖွဲ့များက အသုံးပြုကြသည်ဟု သိရသည်။

မတူပီမြို့၊ဘုံတလာ ရေအားလျှပ်စစ် စက်ရုံတည်ဆောက်ရေးလုပ်ငန်ကို ၂၀၀၆ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ ၍ ၁ နှစ်ကျော်အကြာ ၂၀၀၇ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ်ပြီး လျှပ်စစ်ဓာတ်အား ကီလိုဝပ် (၅၀၀) ထုတ်လုပ်ပေးနိုင်သော ရေအားလျှပ်စစ် စက်ရုံအမျိုးအစားဖြစ်ကြောင်းလည်း သိရသည်။

မတူပီမြို့၊ မြို့ပြမီးလင်းရေး မှတ်တမ်းများအရ မတူပီမြို့ လျှပ်စစ်စွမ်းအင်ကို နန်းမလောင်ရေအားလျှပ်စစ်စက်ရုံမှ ထွက်ရှိသောဓာတ်အားကို အဓိကသုုံးစွဲကြရခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် ၂၀၂၀ ခုနှစ်မှ မဟာလျှပ်စစ် ဓာတ်အားလိုင်းသွယ်တန်းနိုင်ခဲ့ခြင်းကြောင့် ယခုမတူပီတွင် လျှပ်စစ်ဓာတ်အားလိုင်း အလုံအလောက်သုံးစွဲခွင့် ရရှိလာကြောင်းလည်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ဦးစီးအရာရှိအဆင့် ဝန်ထမ်း ၂ ဦး ဖမ်းဆီးခံရ

စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် မင်းတပ်မြို့နယ်က ကလေးငယ်တစ်ဦး ခြေတဖက်ပြတ်သွား

မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.