Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့ ခရိုင်ရုံးနှင့် ငလိုင်ရွာအကြား ပစ်ခတ်မှု စစ်ကောင်စီဘက် ၄ ဦးသေဆုံး

မတူပီမြို့ ခရိုင်ရုံးနှင့် ငလိုင်ရွာအကြား ပစ်ခတ်မှု စစ်ကောင်စီဘက် ၄ ဦးသေဆုံး

0
By Editor on September 26, 2022 Headline

ချင်းပြည်နယ် မတူပီမြို့ ခရိုင်ရုံးနှင့် ငလိုင်ရွာအကြားတွင် စက်တင်ဘာလ ၂၅ ရက် ယနေ့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Matupi တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်က ၄ ဦးဆုံးသေဆုံးခဲ့ကြောင်း CDF-Matupi က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့သည် စက်တင်ဘာ ၂၄ ရက်နေ့က မတူပီ-ဟားခါးလမ်းဘက်သို့ ခြေလျင်စစ်ကြောင်းဖြင့် နယ်မြေရှင်းလင်းရေးပြုလုပ်လာရာတွင် ခရိုင်ရုံးနှင့် ငလိုင်ရွာကြားတွင် ယနေ့မနက်ပိုင်း ၈ နာရီမှ ၁၁ နာရီခန့်အထိ CDF-Matupi တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က တပ်သား ၄ ဦးသေဆုံးကာ ၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု CDF-Matupi က ထုတ်ပြန်သည်။

CDF-Matupi တပ်ဖွဲ့ဘက်ကလည်း ရဲဘော်တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.