• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့ ခလရတပ်ရှိ ဗိုလ်ကြီးကို စစ်သားကပစ်သတ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်မှုဖြစ်ပွား

မတူပီမြို့ ခလရတပ်ရှိ ဗိုလ်ကြီးကို စစ်သားကပစ်သတ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်မှုဖြစ်ပွား

0
By Editor on August 30, 2021 Headline

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ရှိ စစ်ကောင်စီ၏ ခလရ-၁၄၀ တပ်တွင် သြဂုတ်လ ၂၉ ရက် ညနေ ၆ နာရီဝန်းကျင်၌ CDM ပြုလုပ်ရန်ရှိသော စစ်သားများကို ဗိုလ်ကြီးတစ်ဦးမှ တပ်တွင်းဝါဒဖြန့်ကြေးနန်းစာ ဖတ်ပြနေစဉ် စစ်သားတယောက်မှ သေနတ်နှင့်ပစ်သတ်ခဲ့ပြီး မိမိကိုယ်တိုင်လည်း အဆုံးစီရင်သွားကြောင်း သိရသည်။

“လူလွတ်တွေထဲပဲ စစ်တပ်ထဲမှာ CDM ဝင်ဖို့က အနည်းဆုံး ၅ ယောက်လောက်ရှိတယ်ထယ်၊ အဲ့လိုမျိုးရှိတယ်ဆိုတော့ ဗိုလ်မူးတွေက CDM မဝင်ဖို့ အခု အောင်ဆန်းစုကြည်ကိုလည်း ပြန်လွတ်ပေးတော့မယ် ရွေးကောက်ပွဲလည်း ပြန်လုပ်မှာ ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ပေါ့ CDM လည်း ဝင်စရာမလိုဘူးပေါ့ပြောတာ သူတို့ကြားထဲမှာ ပဋ္ဋိပက္ခဖြစ်တယ်ထင်တယ်။ စစ်သားတယောက်က ထပြီးတော့ M1 သေနတ်နဲ့ တခါတည်း ဗိုလ်းမှုးကိုပစ်ပြီးတော့ သူ့ကိုယ်သူလည်း အဆုံးစီရင်လိုက်တယ်” ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။

ယခုဖြစ်စဉ်ကြောင့် နှစ်ဦးစလုံး သေဆုံးသွားသည်ဟုသိရပြီး ၁၄၀ တပ်သည် မြို့နှင့် အနည်းငယ်ကွာဝေးသည့်အပြင် တပ်ထဲတွင် ဝင်ထွက်သွားလာခွင့်မရှိသောကြောင့် ဘာမှမသိရှိရသော်လည်း ယနေ့ မတူပီမြို့တွင်း လမ်းဆုံဖက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်် အများအပြားသွားလာလုပ်ရှားမှုများရှိနေကြောင်းလည်း သိရသည်။

အဆိုပါ တပ်တွင်း ဝါဒဖြန့်ကြေးနန်းစာကို စစ်ကောင်စီ၏ ကက (ကြည်း) မှတဆင့် စစ်ကောင်စီလက်အောက်ခံတပ်များအားလုံးထံကို ယမန်နေ့ သြဂုတ် ၂၉ ရက်က တပ်တွင်း အာဏာဖီဆန် CDM ပြုလုပ်သော စစ်သားများကို ထိန်းချုပ်ဖို့အတွက် ဝါဒဖြန့်ခဲ့ခြင်းဖြစ်သည်။

၎င်းကြေးနန်းစာထဲတွင် “လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည်လွတ်ပေးပြီး ရွေးကောက်ပွဲပြန်ကျင်းပမည်ဖြစ်ကြောင်း၊ တပ်တွင်း စည်းလုံးမှုအင်အား မပျက်ပြားအောင်ပြုလုပ်ရန်၊ CDM ပြုလုပ်ဖို့မလိုဘဲ ယခင်ပုံမှန်အခြေအနေကို ပြန်လည်ရောက်တော့မည်ဖြစ်ကြောင်း” ဟု သိရသည်။

မတူပီမြို့တွင် စစ်ကောင်စီတပ် ခလရ-၁၄၀ တပ်၊ ခလရ ၃၀၄ တပ်၊ စစ်ဗျူဟာတပ် (၃) ခုရှိပြီး ယင်းတပ်ဖွဲ့ထဲတွင်လည်း သဘောထားကွဲလွဲမှုတွေရှိနေသည်ကိုလည်း မတူပီမြို့ခံတွေထံမှ သိရသည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံတစ်ဝှမ်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ထဲပါဝင်လာသော တပ်မတော်သား (၁၅၀၀) ကျော်ရှိလာပြီဖြစ်ကြောင်းလည်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းလဲန်းကောင်စီ ဖွဲ့စည်းနိုင်ရေး ညီလာခံကို အားကောင်းသည့် ချင်းကာကွယ်ရေး (၄) ဖွဲ့က တက်ရောက်မည်မဟုတ်ဟု ကြေညာ

မြန်မာစစ်ဘေးရှောင်များအရေး အတတ်နိုင်ဆုံး ဆက်လက်ဆောင်ရွက်မည်ဟု မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ်သစ်ဖြစ်လာမည့် ပူးလာလ်ဒိုအောမ်မာကပြော

ခမ်းပတ်မြို့ကို ပြန်လည်သိမ်းပိုက်ရန် စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆောင်ရွက်လာဖွယ်ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
December 6, 2023

တောင်ဇလပ်မြေပေါ်က စစ်အာဏာရှင်ကို တွန်းလှန်နေကြသော ရဲမေများ………

December 5, 2023

“မြန်မာပြည်မှာ ဒီလောက်ဖြစ်ပျက်နေတဲ့ စစ်ရဲ့အဓိဌာန်ရုံတွေကို ကမ္ဘာက သိပ်မသိဘူး၊  အဲ့ဒါကြောင့် ဒီဟာကို ကျွန်တော်က ကမ္ဘာကို တင်ပြခြင်းဖြစ်တယ်”

November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.