• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မတူပီမှာ စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရာ ၂ ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရဟု CDF မတူပီပြော

မတူပီမှာ စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရာ ၂ ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရဟု CDF မတူပီပြော

0
By Editor on November 7, 2023 Headline

(006SV)

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ စောင်ထီယားကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို CDF မတူပီ တပ်ရင်း ၂ မှ စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီမှ ၂ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာများ ရရှိပြီး စစ်ရေးတင်းမာနေဆဲဖြစ်သည်ဟု ချင်းကာ ကွယ်ရေးတပ်ဖွဲ့ – မတူပီမှ တာဝန်ရှိသူက ပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၆ ရက် ညနေပိုင်းတွင် မတူပီ- ငလိုင်ကျေးရွာကြားရှိ စောထီယားကျေးရွာလမ်းခွဲသို့ မတူပီအခြေစိုက် စစ်ကောင်စီတပ်မှ အင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်ကြောင်းထိုးလာခဲ့ရာ CDF – မတူပီ တပ်ရင်း ၂ နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု CDF- မတူပီမှ တာဝန်ရှိသူက ပြောသည်။

“မကြာခဏ မတူပီတပ်ရင်း ၂ နဲ့ကတော တိုက်ပွဲတွေ ဖြစ်နေတယ်။ စစ်ရေးအရ သူတို့နဲ့ နီးနီးကပ်ကပ် ရှိတဲ့အတွက် သူတို့ နယ်မြေလုံခြုံရေးအရသော်လည်းကောင်း၊ မတူပီကို တပ်အင်အားဖြည့်ဖို့ လမ်းကြောင်း ရှင်းတာလည်း ဖြစ်နိုင်ပါတယ်။ စစ်ရေးကတော့ နှစ်ဖက်တင်းမာတဲ့ အခြေအနေမှာပဲ ရှိနေပါတယ်” ဟု သူက ပြောသည်။

မတူပီမြို့ ခရလ – ၁၄၀၊ ခရလ – ၃၀၄ နှင့် မတူပီစစ်ဗျူဟာ၏ ပူးပေါင်းစစ်ကြောင်းနှင့် CDF မတူပီ တပ်ရင်း ၂ တို့၏ တိုက်ပွဲတွင် စစ်ကောင်စီဘက်က တပ်ကြပ် ၁ ဦးနှင့် တပ်သား ၁ ဦး သေဆုံးပြီး တပ်သား ၁ ဦး ဒဏ်ရာ ရရှိသွားသည်၊ ချင်းကာကွယ်ရေး တပ်ဖွဲ့မှ အထိအခိုက်မရှိ ခုခံနိုင်ခဲ့သည်ဟု CDF- မတူပီမှ တာဝန်ရှိသူက ပြောသည်။

မတူပီ- ဟားခါး လမ်းပိုင်းအတွင်း ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ပြည်သူများ လက်နက်ကိုင်ဆောင်ခြင်း၊ အမဲလိုက်ခြင်းများ မပြုလုပ်ကြရန် CDF မတူပီ တပ်ရင်း ၂ က သတိပေးထုတ်ပြန်သည်။ 

မတူပီ တပ်ရင်း ၂ သည် ဟားခါး -မတူပီ လမ်းပေါ်တွင် တည်ရှိသည် မတူပီမြို့- လိုင်လင်းပီမြို့ ကို ဆက်သွယ်ထားသော လမ်းနှင့် မတူပီမြို့- ရေဇွာမြို့ကို ဆက်သွယ်ထားသော လမ်းပေါ်တွင် စစ်ရေးလှုပ်ရှားသော တပ်ရင်းဖြစ်ပြီး စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားနှင့် ထောက်ပို့လမ်းမပေါ်တွင် ရှိသောကြောင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

“သူတို့ အုပ်ချုပ်ရေး ယန္တရားတွေနဲ့ ဒီစကစ ရိက္ခာတွေအတွက် အဓိက အသုံးပြုတဲ့ လမ်းကြောင်း ပေါ်မှာ တည်ရှိတဲ့ အတွက်ကြောင့် ကျနော်တို့ကို အဓိက ပစ်မှတ်ထားပြီး ရှင်းလင်းဖို့ ကြိုးစားနေတာဖြစ်ပါတယ်” ဟု CDF မတူပီ တပ်ရင်း ၂က တာဝန်ရှိသူက ပြောသည်။

CDF မတူပီ တပ်ရင်း ၂ တွင် လက်နက်ခဲယမ်းလိုအပ်ချက် များပြားနေပြီး လက်နက်ခဲယမ်းဖြည့်တင်း ဝယ်ယူနိုင်ရေးအတွက် အဓိက ကူညီထောက်ပံ့ရန် ပြည်တွင်း ပြည်ပ ပြည်သူများကို မေတ္တာရပ်ခံထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စခန်းသိမ်းတိုက်ပွဲထိ စစ်ရှိန်မြှင့်မည့် မတူပီမှာ မြို့အဝင်က စစ်စခန်းကို စတင်စီးနင်းတိုက်ခိုက်၊ ဗိုလ်ကြီးအပါအဝင် ၇ ဦး သေဆုံး

ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံအပါအ၀င် နေအိမ် ၆၀ ကျော် ထိခိုက်ပျက်စီး

“ZZLMS စစ်ဆင်ရေး”အမည်နှင့် ရေဇွာမြို့ကို ချင်းပူးပေါင်းတပ် သိမ်းပိုက်၊ လက်နက်နှင့်စစ်ကောင်စီတပ်သားများ အရှင်ဖမ်းဆီးရမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

November 24, 2023

“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”

November 3, 2023

ချင်းရဲဘော်တွေနဲ့ တော်လှန်ဂီတ 

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.