Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မတူပီအခြေစိုက် ချင်းတပ်ဖွဲ့ အချင်းချင်းကြား စစ်ကြောင်းထိုး ဖမ်းဆီးမှု ဖြစ်ပွား

မတူပီအခြေစိုက် ချင်းတပ်ဖွဲ့ အချင်းချင်းကြား စစ်ကြောင်းထိုး ဖမ်းဆီးမှု ဖြစ်ပွား

0
By Editor on July 11, 2025 Khonumthung

(006SV)

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်အတွင်း မတူပီ- လိုင်လင်းပီလမ်းမဘက်ရှိ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ၊ တပ်ရင်း – ၃ ထိန်းချုပ်ဒေသကို MRO/ Chin Defense Force – မတူပီက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးပြီး တပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးသွားကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီထံမှ သိရသည်။

ဇူလိုင်လ ၁၀ ရက် ညနေ ၆ နာရီခန့်က MRO/ Chin Defense Force – မတူပီ နှင့်မဟာမိတ်တပ်ဖွဲ့ဝင် အင်အား ၆၀ ခန့်သည် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ ထိန်းချုပ်ဒေသကို စစ်ကြောင်းထိုးခြင်းဖြစ်သည်ဟု ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကိန်းက ပြောသည်။

“ကျနော်တို့ နေရာမှာ သူတို့ စစ်ကြောင်းလာထိုးတာ ညကပါ၊၊ ကျနော်တို့ တွေ့ဆုံတဲ့အချိန်မှာလည်း ဒီကိစ္စတွေကို ခဏ၊ ခဏ ပြောတယ်။ ကိုယ်ရှိတဲ့ နေရာကနေ ရှေ့မတိုးဖို့ဆိုတာ ကျနော်တို့ သဘောတူညီချက်လည်း အများကြီး ရှိခဲ့ပြီးသာ။ ဘာကြောင့် ဒီလို လုပ်လာသလဲဆိုတာ ကျနော်လည်း မသိဘူး။ ကျနော်တို့ လူတွေကိုလည်း ဖမ်းထားတယ်။ ကျနော်တို့ ပစ်ချင်ပေမယ့်လည်း အချင်းချင်းပစ်ခတ်မှုတွေ လုံးဝ ရှောင်ရှားမယ်ဆိုတာ စွဲကိုင်ထားတယ်။ ဒီလက်နက်မပါဘဲနဲ့‌ တွေ့ဆုံမှုတွေ လုပ်မယ်၊ ဆွေးနွေးမှု တွေ လုပ်မယ်ဆိုတဲ့ဟာကို ကျနော်တို့ စွဲကိုင်ထားတဲ့အတွက်ကြောင့် ကျနော်တို့ မပစ်ပဲနေခဲ့တာ” ဟု ဆလိုင်းနိုင်ဂျွန်ကိန်းက ပြောသည်။

MRO/ Chin Defense Force – မတူပီက ဖမ်းဆီးသွားသော ရဲဘော်အရေအတွက်ကို အတိအကျ အတည်ပြု ပြောဆိုခြင်း မရှိပေ။

ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီအနေဖြင့် မိမိတို့၏ လူများ ဖမ်းဆီးခံထားရသောကြောင့် တင်းမာမှုများ ဖြစ်ပွားနေပြီး MRO/ Chin Defense Force – မတူပီက နောင်တွင် ဆင်ဆင်ခြင်ခြင်လုပ်ရန် လိုလိမ့်မည်ဖြစ်ကြောင်း၊ မိမိတို့ သည်းခံမှု များနေခြင်းကြောင့် MRO မှ ပြုလုပ်လာနေခြင်းဖြစ်သည်ဟု ဆလိုင်းနိုင်ဂျွန်ကိန်းက ပြောသည်။

ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ၊ တပ်ရင်း – ၃ ထိန်းချုပ်ဒေသကို MRO/ Chin Defense Force – မတူပီနှင့် အတူ မည်သည့်မဟာမိတ်အဖွဲ့အစည်းများ ပါဝင်နေသည်ကို အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်ဟု သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ MRO/ Chin Defense Force – မတူပီ ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုတ်ထံ ဆက်သွယ်မေးမြန်းရာ မသိရသေးကြောင်း ပြောသည်။

MRO/ Chin Defense Force – မတူပီသည် ICNCC နှင့် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်ပြီး ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီသည် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင်ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

မီဇိုရမ်ပြည်နယ်က ၁၅ နှစ်အရွယ်ကျောင်းသူကို သတ်ဖြတ်သူ ၂ ဦးကို ရဲတပ်ဖွဲ့ကဖော်ထုတ်ဖမ်းဆီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

August 24, 2026

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

August 24, 2026

ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသားတော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုဟု CNF ပြော

August 22, 2026

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.