• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မလေးရှားတွင် ချင်းအမျိူးသားတစ်ဦးက သူ့ကလေးနှစ်ယောက်နှင့်အတူ တံတားပေါ်မှခုန်ချပြီး သေဆုံး

မလေးရှားတွင် ချင်းအမျိူးသားတစ်ဦးက သူ့ကလေးနှစ်ယောက်နှင့်အတူ တံတားပေါ်မှခုန်ချပြီး သေဆုံး

0
By Editor on August 3, 2022 Headline

မလေးရှားနိုင်ငံ ကွာလာလမ်ပူရ်မြို့တွင် ချင်းအမျိုးသားတစ်ဦးသည် သူ၏ ကလေး ၃ ယောက်နှင့်အတူ တံတားပေါ်မှခုန်ချ၍ ကိုယ့်ကိုကိုယ်အဆုံးစီရင်မှုတစ်ခု သြဂုတ်လ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု သိရသည်။

အသက် ၃၈ နှစ်အရွယ်ရှိဖြစ်သော ဦး Cholei သည် ကွာလာလမ်ပူရ်မြို့ MRR2 အဝေးပြေးလမ်းမ ဂုံးကျော်တံတားတွင် သူ၏ သားသမီး ၃ ယောက်ဖြစ်သော အသက် ၈ နှစ်အရွယ်သမီး Vadetisoh၊ အသက် ၆ နှစ်အရွယ်သား Vabiechose နှင့် အသက် ၃ နှစ်အရွယ် Shadrah Vabiechopha နှင့်အတူ ခုန်ချခဲ့ကြသည်ဟု သိရသည်။

မလေးရှားတွင်နေထိုင်သည့် ချင်းအမျိုးသားတစ်ဦးက “ဖခင်ဖြစ်သူက သာမန်လူလိုမဟုတ်ဘဲ စိတ်မမှန်သူလို့လည်းကြားရတယ်၊ သူ့မိန်းမပဲ အလုပ်လုပ်တယ်။ ဖခင်က အိမ်မှာ ကလေးထိန်းတယ်။ ည ၁၀ နာရီလောက်ကနေ ကလေးတွေနဲ့အတူ အိမ်ကနေထွက်သွားတာ မနက်ပိုင်းရောက်တော့ အခုလိုဖြစ်သွားတာပဲတွေ့ရတယ်” ဟု ပြောသည်။

ဦး Cholei သည် သူ့ကလေးငယ်များကို တံတားပေါ်မှ အရင်တွန်းချပြီးနောက် သူကိုယ်တိုင်းလည်း တံတားပေါ်မှ ခုန်ချကာ အဆုံးစီရင်လိုက်ခြင်းဖြစ်နိုင်သည်ဟု ယူဆရသည္။

အဆိုပါဖြစ်စဉ်ကြောင့် ဦး Cholei နှင့် သမီး Vadetisoh၊ သား Vabiechose တို့ အခင်းဖြစ်ရာနေရာတွင် သေဆုံးကာ အငယ်ဆုံးသာမှာမူ ဒဏ်ရာအပြင်းအထန်ရရှိကာ Selayang ဆေးရုံ ICU တွင် ကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။

ဦး Cholei သည် ချင်းပြည်နယ် ထန်တလန်မြို့နယ် မီးဖူ(စ်)ဂိုတလာ (Meisakotla) ကျေးရွာတွင်နေထိုင်သော မရာချင်းလူမျိုးတစ်ယောက်ဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းလဲန်းကောင်စီဖွဲ့စည်းနိုင်ရေး  အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေဟုဆို

ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာမရနိုင်၍ သေဆုံးမှုများရှိလာ

ချင်းပြည်သူများ ဘယ်နိုင်ငံပဲရောက်ရောက် တော်လှန်ရေးနှင့် ချင်းစိတ်ဓါတ်ကို မမေ့ကြရန် ဒေါက်တာ ဆာဆာ ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

September 21, 2023

ချင်းပြည်နယ်က စိုးရိမ်ဖွယ်ရာ တကျော့ပြန် ငှက်ဖျားရောဂါ

September 13, 2023

တူမီးကို “ထီ” အဖြစ်ပြောင်းလဲပြီး နွေဦးတော်လှန်ရေးကို အားဖြည့်ပါဝင်ခဲ့သူ (သို့) ချင်းတော်လှန်ရေးလူငယ်…

September 9, 2023

ကျန်းမာရေး အကာအကွယ် မဲ့နေဆဲ တောင်ဇလပ်မြေ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.