Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မိုးတွင်းကာလ ဖလမ်း-ရိ ကားလမ်း ကုန်တင်ကားကြီးများ ဖြတ်သန်းခွင့်ပိတ်

မိုးတွင်းကာလ ဖလမ်း-ရိ ကားလမ်း ကုန်တင်ကားကြီးများ ဖြတ်သန်းခွင့်ပိတ်

0
By Editor on July 2, 2024 Headline

(004SS)

ချင်းပြည်နယ် မြောက်ပိုင်း အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ ရိခေါဒါရ်မြို့ကိုဆက်သွယ်သော ဖလမ်း-ရိ ကားလမ်းအား မိုးတွင်းကာလအတွင်း ကုန်တင်ကားကြီးများ ဖြတ်သန်းခွင့် ပိတ်ပင်ထားသည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် CNO က ထုတ်ပြန်သည်။

“မိုးတွင်းကာလ လမ်းကြောင်းပျက်စီးမှုအခြေအနေကြောင့် ကုန်တင်ကားကြီး (၁၂ ဘီး၊ ၁၀ ဘီးနဲ့ ဘော်ဒီရှည် ၆ ဘီး) ကားတွေကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ကစလို့ ဖြတ်သန်းသွားလာခွင့် မပြုတော့ဘူး” ဟု ချင်းအမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

ထို့အပြင် ဟွားလ်ငိုးရမ်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ဟွားလ်ငိုးရမ်းဒေသအတွင်းရှိ ခရီးသွားမိဘပြည်သူများအတွက် အရေးကြီးသော ကားလမ်းမကြီးများအား မိုးရာသီအတွင်း ပျက်ဆီးခြင်းမှ ကာကွယ်နိုင်ရန်ဟုဆိုကာ ဇူလိုင်လ ၁ ရက်နေ့မှစ၍ ၁၀ ဘီးနှင့်အထက်ယာဉ်များ ဖြတ်သန်းသွားလာခြင်းမပြုကြောင်း ဇွန်လ ၂၄ ရက်နေ့က ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်တွင် တီးတိန်-ရိ ကားလမ်းနှင့် ဖလမ်း- ရိ ကားလမ်းများသည် အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အဓိက အသုံးပြုနေသော ကုန်သွယ်ရေးလမ်းကြောင်းများဖြစ်သည်။

မိုးရာသီကာလတွင် ချင်းပြည်နယ်အတွင်းရှိ ကားလမ်းများသည် မြေပြိုမှု၊ ပျက်ဆီးမှုများ နှစ်စဉ်ကြုံတွေ့ရသည်။

Photo credit

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.