• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မီဇိုရမ္ေရာက္ ယကၠန္းသမားမ်ား လုပ္ငန္းပ်က္လပ္ၿပီး ေနရပ္ျပန္သြားသူမ်ားျပား

မီဇိုရမ္ေရာက္ ယကၠန္းသမားမ်ား လုပ္ငန္းပ်က္လပ္ၿပီး ေနရပ္ျပန္သြားသူမ်ားျပား

0
By Editor on June 10, 2020 Headline

#Zawgyi

By ရစ္ခ်က္ – အိႏိၵယနိုင္ငံ မီဇိုရမ္ျပည္နယ္တြင္ အလုပ္လုပ္ေနၾကေသာ ျမန္မာျပည္မွ ယကၠန္သမားမ်ားသည္ Covid-19 ေၾကာင့္ လုပ္ငန္းပ်က္လပ္မႈ ၾကံဳေနၾကသည့္အတြက္ ေနရပ္ျပန္သြားၾကသူမ်ားျပားလာတယ္လို႕ သိရသည္။

ကိုရိုနာဗိုင္းရစ္ေခၚ Covid-19 ၏ရိုက္ခတ္မႈေၾကာင့္ ခ်င္းျပည္နယ္ႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနေသာ မီဇိုရမ္ျပည္နယ္တြင္ Lockdown ခ်ထားမႈမွာ (၃) လအထိ ရွိလာၿပီျဖစ္ကာ လုပ္ငန္းအဆင္မေျပမႈ မ်ားျပားလာ၍ ကိုယ့္ႏိုင္ငံသို႔ ျပန္သြားၾကျခင္းျဖစ္ေၾကာင္း ျမန္မာယကၠန္သမားတစ္ဦးက ယခုလို ခိုႏႈမ္းသုန္သတင္းဌာနကိုေျပာသည္။

“တစ္ေယာက္နဲ႕တစ္ေယာက္ အေျခအေနကေတာ့ မတူဘူးေပါ့ေနာ္၊ Lockdown ခ်တာက (၃) လေလာက္ရွိၿပီဆိုေတာ့ အထည္ေရာင္းမထုတ္ႏိုင္ေတာ့ လုပ္ငန္းမခ်ေပးႏိုင္တဲ့ အလုပ္ရွင္အေတာ္မ်ားတယ္၊ တစ္ခ်ဳိ႕က ႏွစ္ပတ္/သံုးပတ္ စသျဖင့္ တစ္လေက်ာ္အထိ ေစာင့္ေနရတဲ့ အလုပ္သမားေတြလည္းရွိတယ္၊ တစ္ေန႕လုပ္မွ တစ္ေန႕စားရတဲ့ အလုပ္သမားေတြအတြက္ တစ္လေလာက္ေစာင့္ရတယ္ဆိုေတာ့ အခက္အခဲအမ်ားႀကီးရွိတာေပါ့” လို႕ ေျပာသည္။

မီဇိုရမ္ေရာက္ ယကၠန္အလုပ္သမားမ်ားအေနျဖင့္ ယခုကာလမွာ လုပ္ငန္းအဆင္မေျပမႈ၊ အလုပ္ရွင္ဖက္မွ လုပ္ငန္းမ်ား မခ်ေပးႏိုင္မႈႏွင့္ မီဇိုရမ္တြင္ Covid-19 ေရာဂါပိုးကူးစက္ခံထားရသူ ရွိလာၿပီးေနာက္ပိုင္း ျမန္မာျပည္သို႔ ျပန္သြားၾကသူမ်ားသည္ဟု မီဇိုရမ္ေန ျမန္မာလူမႈေရးအသင္း ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ယခုလို ဆက္ေျပာပါသည္။

“ခုခ်ိန္မွာေတာ့ လူတိုင္းလိုလိုက သူ႕အခက္ခဲနဲ႕သူရွိတာေပါ့ေလ၊ တခ်ဳိ႕အလုပ္ရွင္ေတြက လုပ္ငန္းလံုးလံုးကို မခ်ေပး ႏိုင္ေတာ့ဘူး၊ တခ်ဳိ႕အလုပ္ရွင္ေတြကေတာ့ စားစရိတ္ေလာက္ပဲ လုပ္ခိုင္းတာေတြရွိတာေပါ့၊ အရင္ကဆိုရင္ ေဇာင္းေသြရပ္ကြက္မွာ ယကၠန္းအလုပ္သမား (၈၀၀) ေက်ာ္ေလာက္ရွိတယ္၊ တခ်ဳိ႕က သႀကၤန္မတိုင္ခင္ျပန္ၾကတာလည္းရွိသလို အမ်ားေသာအားျဖင့္ Covid-19 ေၾကာင့္ Lockdown ခ်မွတ္လိုက္ၿပီးေနာက္ပိုင္း ျပန္ၾကတာ ပိုမ်ားတယ္၊ အခုဆိုရင္ ေဇာင္းေသြရပ္ကြက္မွာ ယကၠန္းအလုပ္သမား ၂၀၀ ႏွင့္ ၃၀၀ ၾကားေလာက္ပဲရွိေတာ့တယ္၊ တခ်ဳိ႕က ေငြမရွိလို႕မျပန္ႏိုင္တဲ့သူေတြရွိသလို အလုပ္ရွင္က ေငြမေပးႏိုင္ေသးလို႕ မျပန္ေသးတဲ့သူေတြလည္းရွိတယ္” လို႕ ေျပာသည္။

အလားတူ မဏိပူျပည္နယ္တြင္လည္း သြားေရာက္အလုပ္လုပ္ေနထိုင္ၾကေသာ ျမန္မာယကၠန္းအလုပ္သမားမ်ားသည္လည္း လုပ္ငန္းပ်က္လတ္မႈမ်ား ေတြ႕ႀကံဳၾကၿပီး နယ္စပ္ေဒသမ်ားပိတ္ဆို႕မႈေၾကာင့္ မျပန္ႏိုင္ဘဲ ေသာင္တင္ေနၾကေသာ ျမန္မာအလုပ္သမား (၂၀၀) ေက်ာ္ရွိေနေၾကာင္း မဏိပူေရာက္ ယကၠန္းသမား အမ်ဳိးသမီးတစ္ဦးက ေျပာသည္။

“မဏိပူမွာက အရမ္းတင္းၾကပ္တယ္၊ နယ္စပ္မေျပာနဲ႕ တစ္ၿမဳိ႕နဲ႕တစ္ၿမဳိ႕ေတာင္ သြားလာခြင့္မျပဳေတာ့ ျပန္ခ်င္ရင္ေတာင္ ျပန္လို႕မရတဲ့ အေျခအေနနဲ႕ႀကံဳရတယ္၊ မဏိပူမွာက မီဇိုရမ္နဲ႕မတူဘူး၊ မီဇိုရမ္မွာက အလုပ္ရွင္ေတြဟာ ေဒသခံမီဇိုးလူမ်ဳိးေတြျဖစ္ေတာ့ ဒီလိုခက္ခဲတဲ့ကာလမွာလည္း အလုပ္ရွင္ဖက္က ၾကည့္ေပးလို႕ရေသးတယ္၊ မဏိပူမွာက ယကၠန္းလုပ္ငန္းအလုပ္ရွင္ အားလံုးလိုလိုဟာ ကိုယ့္ျမန္မာျပည္က ျမန္မာႏိုင္ငံသားေတြပဲျဖစ္ေနတယ္၊ ၾကာလာေတာ့ လုပ္ငန္းလံုးလံုး မခ်ေပးႏိုင္ေတာ့ စားေရးေသာက္ေရးမွာလည္း အေတာ္ေလးအခက္ေတြ႕ႀကံဳေနရတယ္၊” လို႕ ေျပာသည္။

#Unicode

By ရစ်ချက် – အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် အလုပ်လုပ်နေကြ သော မြန်မာပြည်မှ ယက္ကန်သမားများသည် Covid-19 ကြောင့် လုပ်ငန်းပျက်လပ်မှု ကြုံနေကြသည့်အတွက် နေရပ်ပြန်သွားကြသူများပြားလာ တယ်လို့ သိရသည်။

ကိုရိုနာဗိုင်းရစ်ခေါ် Covid-19 ၏ရိုက်ခတ်မှုကြောင့် ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် Lockdown ချထားမှုမှာ (၃) လအထိ ရှိလာပြီဖြစ်ကာ လုပ်ငန်းအဆင်မပြေမှု များပြားလာ၍ ကိုယ့်နိုင်ငံသို့ ပြန်သွားကြခြင်းဖြစ်ကြောင်း မြန်မာယက္ကန်သမားတစ်ဦးက ယခုလို ခိုနှုမ်းသုန်သတင်းဌာနကိုပြောသည်။

“တစ်ယောက်နဲ့တစ်ယောက် အခြေအနေကတော့ မတူဘူးပေါ့နော်၊ Lockdown ချတာက (၃) လလောက်ရှိပြီဆိုတော့ အထည်ရောင်းမထုတ်နိုင်တော့ လုပ်ငန်းမချပေးနိုင်တဲ့ အလုပ်ရှင်အတော်များတယ်၊ တစ်ချို့က နှစ်ပတ်/သုံးပတ် စသဖြင့် တစ်လကျော်အထိ စောင့်နေရတဲ့ အလုပ်သမားတွေလည်းရှိတယ်၊ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ အလုပ်သမားတွေအတွက် တစ်လလောက်စောင့်ရတယ်ဆိုတော့ အခက်အခဲအများကြီးရှိတာပေါ့” လို့ ပြောသည်။

မီဇိုရမ်ရောက် ယက္ကန်အလုပ်သမားများအနေဖြင့် ယခုကာလမှာ လုပ်ငန်းအဆင်မပြေမှု၊ အလုပ်ရှင်ဖက်မှ လုပ်ငန်းများ မချပေးနိုင်မှုနှင့် မီဇိုရမ်တွင် Covid-19 ရောဂါပိုးကူးစက်ခံထားရသူ ရှိလာပြီးနောက်ပိုင်း မြန်မာပြည်သို့ ပြန်သွားကြသူများသည်ဟု မီဇိုရမ်နေ မြန်မာလူမှုရေးအသင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယခုလို ဆက်ပြောပါသည်။

“ခုချိန်မှာတော့ လူတိုင်းလိုလိုက သူ့အခက်ခဲနဲ့သူရှိတာပေါ့လေ၊ တချို့အလုပ်ရှင်တွေက လုပ်ငန်းလုံးလုံးကို မချပေး နိုင်တော့ဘူး၊ တချို့အလုပ်ရှင်တွေကတော့ စားစရိတ်လောက်ပဲ လုပ်ခိုင်းတာတွေရှိတာပေါ့၊ အရင်ကဆိုရင် ဇောင်းသွေရပ်ကွက်မှာ ယက္ကန်းအလုပ်သမား (၈၀ဝ) ကျော်လောက်ရှိတယ်၊ တချို့က သင်္ကြန်မတိုင်ခင်ပြန်ကြတာလည်းရှိသလို အများသောအားဖြင့် Covid-19 ကြောင့် Lockdown ချမှတ်လိုက်ပြီးနောက်ပိုင်း ပြန်ကြတာ ပိုများတယ်၊ အခုဆိုရင် ဇောင်းသွေရပ်ကွက်မှာ ယက္ကန်းအလုပ်သမား ၂၀ဝ နှင့် ၃၀ဝ ကြားလောက်ပဲရှိတော့တယ်၊ တချို့က ငွေမရှိလို့မပြန်နိုင်တဲ့သူတွေရှိသလို အလုပ်ရှင်က ငွေမပေးနိုင်သေးလို့ မပြန်သေးတဲ့သူတွေလည်းရှိတယ်” လို့ ပြောသည်။

အလားတူ မဏိပူပြည်နယ်တွင်လည်း သွားရောက်အလုပ်လုပ်နေထိုင်ကြသော မြန်မာယက္ကန်းအလုပ်သမားများသည်လည်း လုပ်ငန်းပျက်လတ်မှုများ တွေ့ကြုံကြပြီး နယ်စပ်ဒေသများပိတ်ဆို့မှုကြောင့် မပြန်နိုင်ဘဲ သောင်တင်နေကြသော မြန်မာအလုပ်သမား (၂၀ဝ) ကျော်ရှိနေကြောင်း မဏိပူရောက် ယက္ကန်းသမား အမျိုးသမီးတစ်ဦးက ပြောသည်။

“မဏိပူမှာက အရမ်းတင်းကြပ်တယ်၊ နယ်စပ်မပြောနဲ့ တစ်မြို့နဲ့တစ်မြို့တောင် သွားလာခွင့်မပြုတော့ ပြန်ချင်ရင်တောင် ပြန်လို့မရတဲ့ အခြေအနေနဲ့ကြုံရတယ်၊ မဏိပူမှာက မီဇိုရမ်နဲ့မတူဘူး၊ မီဇိုရမ်မှာက အလုပ်ရှင်တွေဟာ ဒေသခံမီဇိုးလူမျိုးတွေဖြစ်တော့ ဒီလိုခက်ခဲတဲ့ကာလမှာလည်း အလုပ်ရှင်ဖက်က ကြည့်ပေးလို့ရသေးတယ်၊ မဏိပူမှာက ယက္ကန်းလုပ်ငန်းအလုပ်ရှင် အားလုံးလိုလိုဟာ ကိုယ့်မြန်မာပြည်က မြန်မာနိုင်ငံသားတွေပဲဖြစ်နေတယ်၊ ကြာလာတော့ လုပ်ငန်းလုံးလုံး မချပေးနိုင်တော့ စားရေးသောက်ရေးမှာလည်း အတော်လေးအခက်တွေ့ကြုံနေရတယ်၊” လို့ ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

January 13, 2023

“ဗုံးကြဲလေယာဉ်လာတဲ့အတွက် ပိုပြီးတော့ကြောက်ဖို့လည်းမလိုပါဘူး၊ စစ်ရေးမှာ ဘယ်လိုတုန့်ပြန်မလဲဆိုတာက နည်းနာတွေအများကြီးရှိပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.