Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ္ျပည္နယ္တြင္ တစ္ပတ္အတြင္း Covid-19 ကူးစက္ခံရသူ (၄၁) ဦးရွိ

မီဇိုရမ္ျပည္နယ္တြင္ တစ္ပတ္အတြင္း Covid-19 ကူးစက္ခံရသူ (၄၁) ဦးရွိ

0
By Editor on June 8, 2020 Khonumthung

#Zawgyi

By ရစ္ခ်က္ – ခ်င္းျပည္နယ္ႏွင့္နယ္နိမိတ္ခ်င္းထိစပ္ေနသည့္ မီဇိုရမ္ျပည္နယ္တြင္ တစ္ပတ္အတြင္း Covid-19 ကူးစက္ခံထားရသူ အတည္ျပဳလူနာ (၄၁) ဦးအထိ ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။

မီဇိုရမ္ျပည္နယ္တြင္ Covid-19 ေရာဂါပိုးကူးစက္ခံထားရသူ ယခင္ကတစ္ဦးသာရွိခဲ့ၿပီး ထုသူသည္လည္း ေရာဂါပိုးမေတြ႕ေတာ့သည့္အတြက္ ေဆးရံုမွဆင္းခဲ့ၿပီးျဖစ္သည္။

ထို႔ေၾကာင့္ မီဇိုရမ္ျပည္နယ္တြင္ Covid-19 ေရာဂါပိုးကူးစက္ခံရသူ အခ်ိန္အေတာ္ၾကာ မေတြ႕ရွိေတာ့သည့္ေနာက္ပိုင္း ၿပီးခဲ့သည့္ ဇြန္လ ၁ ရက္ေန႕က Covid-19 ေရာဂါပိုးကူးစက္ခံရသူ (၁၂) ဦး ျပန္လည္ေတြ႕ရွိခဲ့ၿပီး ဇြန္လ ၇ ရက္ေန႕အထိ Covid-19 ေရာဂါပိုးကူးစက္ခံထားရသူ (၄၁) ဦးအထိ ရွိေနၿပီးျဖစ္ေၾကာင္း မီဇိုရမ္ျပည္နယ္ ျပန္ၾကားေရးႏွင့္ျပည္သူ႕ဆက္ဆံေရးဦးစီးဌာနက သတင္းထုတ္ျပန္သည္။

Covid-19 ေရာဂါပိုးကူးစက္ခံထားရသူ (၄၁) ဦးတို႕မွာ အိႏိၵယႏိုင္ငံ ျပည္နယ္အသီးသီးတို႕မွ ေနရပ္ျပန္လာၿပီး Facility Quarantine ဝင္ထားသူမ်ားျဖစ္ၾကကာ Covid-19 ပိုးေတြ႕လူနာကုသေပးလ်က္ရွိသည့္ Zoram Medical College တြင္ ကုသမႈခံယူေနၾကေၾကာင္း သိရသည္။

မီဇိုရမ္ျပည္နယ္တြင္ Covid-19 ေရာဂါပိုးကူးစက္ခံထားရသူ စုစုေပါင္း (၄၂) ဦးရွိၿပီး၊ အဆိုပါ (၄၂) ဦးအနက္ (၃၈) ဦးတို႕မွာ နယူးေဒလီကမွ ျပန္လာၾကသူမ်ားျဖစ္ၿပီး၊ ကာလကတၱားၿမဳိ႕မွ ျပန္လာသူ (၂) ဦး၊ Gujarat ၿမဳိ႕မွ ျပန္လာသူ (၁) ဦး ႏွင့္ ေနသာလန္ႏိုင္ငံမွ ျပန္လာသူ (၁) ဦးတို႕ျဖစ္သည္။

ယခုလို တစ္ကမၻာလံုးတြင္ျဖစ္ပြားလ်က္ရွိေသာ Covid-19 ေၾကာင့္ အိႏိၵယႏိုင္ငံျပည္နယ္အသီးသီးတြင္ ေသာင္တင္ေန ၾကေသာ မီဇိုရမ္ျပည္နယ္သားမ်ား ေသာင္းနဲ႕ခ်ီ အစိုးရအစီစဥ္ျဖင့္ အစုလိုက္ျပန္လာၾကသည့္အခ်ိန္ျဖစ္ေသာေၾကာင့္ မီဇိုရမ္တြင္ Covid-19 ေရာဂါပိုးကူးစက္ခံထားရသူဦးေရ ထပ္တိုးလာဖြယ္ရွိေနၾကေၾကာင္း အမ်ားက သံုးသပ္သည္။

#Unicode

By ရစ်ချက် – ချင်းပြည်နယ်နှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် မီဇိုရမ်ပြည်နယ်တွင် တစ်ပတ်အတွင်း Covid-19 ကူးစက်ခံထားရသူ အတည်ပြုလူနာ (၄၁) ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်တွင် Covid-19 ရောဂါပိုးကူးစက်ခံထားရသူ ယခင်ကတစ်ဦးသာရှိခဲ့ပြီး ထုသူသည်လည်း ရောဂါပိုးမတွေ့တော့သည့်အတွက် ဆေးရုံမှဆင်းခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် မီဇိုရမ်ပြည်နယ်တွင် Covid-19 ရောဂါပိုးကူးစက်ခံရသူ အချိန်အတော်ကြာ မတွေ့ရှိတော့သည့်နောက်ပိုင်း ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့က Covid-19 ရောဂါပိုးကူးစက်ခံရသူ (၁၂) ဦး ပြန်လည်တွေ့ရှိခဲ့ပြီး ဇွန်လ ၇ ရက်နေ့အထိ Covid-19 ရောဂါပိုးကူးစက်ခံထားရသူ (၄၁) ဦးအထိ ရှိနေပြီးဖြစ်ကြောင်း မီဇိုရမ်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။

Covid-19 ရောဂါပိုးကူးစက်ခံထားရသူ (၄၁) ဦးတို့မှာ အိန္ဒိယနိုင်ငံ ပြည်နယ်အသီးသီးတို့မှ နေရပ်ပြန်လာပြီး Facility Quarantine ဝင်ထားသူများဖြစ်ကြကာ Covid-19 ပိုးတွေ့လူနာကုသပေးလျက်ရှိသည့် Zoram Medical College တွင် ကုသမှုခံယူနေကြကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်တွင် Covid-19 ရောဂါပိုးကူးစက်ခံထားရသူ စုစုပေါင်း (၄၂) ဦးရှိပြီး၊ အဆိုပါ (၄၂) ဦးအနက် (၃၈) ဦးတို့မှာ နယူးဒေလီကမှ ပြန်လာကြသူများဖြစ်ပြီး၊ ကာလကတ္တားမြို့မှ ပြန်လာသူ (၂) ဦး၊ Gujarat မြို့မှ ပြန်လာသူ (၁) ဦး နှင့် နေသာလန်နိုင်ငံမှ ပြန်လာသူ (၁) ဦးတို့ဖြစ်သည်။

ယခုလို တစ်ကမ္ဘာလုံးတွင်ဖြစ်ပွားလျက်ရှိသော Covid-19 ကြောင့် အိန္ဒိယနိုင်ငံပြည်နယ်အသီးသီးတွင် သောင်တင်နေ ကြသော မီဇိုရမ်ပြည်နယ်သားများ သောင်းနဲ့ချီ အစိုးရအစီစဉ်ဖြင့် အစုလိုက်ပြန်လာကြသည့်အချိန်ဖြစ်သောကြောင့် မီဇိုရမ်တွင် Covid-19 ရောဂါပိုးကူးစက်ခံထားရသူဦးရေ ထပ်တိုးလာဖွယ်ရှိနေကြကြောင်း အများက သုံးသပ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါး- ထန်တလန်လမ်းမကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟု အာဏာသိမ်းစစ်တပ်ထုတ်ပြန်

ဇိုလူငယ်များအားလုံး CDF-Tonzang သို့ပြန်လည်ပူးပေါင်းပြီး ခွန်အားသစ်ဖြင့်ရှေ့ဆက်ရန် CDF-Tonzang ဥက္ကဌပြော

မလေးရှားသွားရာလမ်း၌ ကွယ်လွန်ခဲ့သူ Tg. Pau Lam Kim ၏ သူငယ်ချင်း ၃ ဦး ကလေးမြို့သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.