• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်တွင် ဒုတိယအကြိမ် ရံပုံငွေစျေးရောင်းပွဲတော် ပြုလုပ်မည်

မီဇိုရမ်တွင် ဒုတိယအကြိမ် ရံပုံငွေစျေးရောင်းပွဲတော် ပြုလုပ်မည်

0
By Editor on March 14, 2022 Khonumthung

မီဇိုရမ်ပြည်နယ်ရောက် Youth For Myanmar အဖွဲ့ကဦးဆောင်ပြီး မြန်မာစစ်ဘေးရှောင်များ ကူညီထောက်ပံ့နိုင်ရ န်အတွက်ဒုတိယအကြိမ် ရံပုံငွေစျေးရောင်းပွဲတော်ကို မတ်လ ၁၈-၁၉ ရက်နေ့၌ အိုင်ဇောလ်မြို့ Millennium Center ကုန်တိုက်ရှေ့တွင် နှစ်ရက်တာ ပြုလုပ်သွားမည်ဟု သိရသည်။

ယင်းရံပုံငွေစျေးရောင်းပွဲတော်တွင် နာမည်ကြီးချင်းအဆိုတော်များဖြစ်သည့် Guys from Chin အဖွဲ့မှ P. Thawng Bawi, David Lai, Benjamin Sum နှင့် ထွဏ်းခမ် အပြင် အခြားသောလူငယ်အဆိုရှင်များကလည်း ဖျော်ဖြေကြမည်ဟု YFM အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“မြန်မာအစားအစာများ ရောင်းတဲ့အပြင် Charity Concert လည်းလုပ်မယ်။ Guys from Chin အဖွဲ့ကိုလည်း ဖိတ်ထား တယ်။ နောက်ပြီး ချင်းအဆိုတော် ထွဏ်းခမ်ကိုလည်း ဖိတ်ထားတယ်။ လူငယ်အဆိုရှင်များကလည်း ပါဝင်အားဖြည့် သီဆိုပေးကြမယ်။ အဓိကတော့ စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူတွေ ဒုက္ခအမျိုးမျိုးရင်ဆို င်နေကြတယ်၊ ဒီပွဲ ကရလာတဲ့ ရံပုံငွေနဲ့ သူတို့တွေကို လိုအပ်သလို ကူညီထောက်ပံ့သွားဖို့ရည်ရွယ်ပြီး လုပ်တဲ့ပွဲဖြစ်တယ်။” ဟု ပြောသည်။

Youth For Myanmar အဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း (၂) ခြောက်လုံးတော်လှန်ရေး အထိမ်းအမှတ်နေ့က ပထမအကြိမ် စျေးရောင်းပွဲတော်ပြုလုပ်ခဲ့ကြပြီး ရရှိလာသော ရံပုံငွေများကို မီဇိုရမ်ပြည်နယ်ရှိ အကူအညီလိုအပ်နေသော စစ်ဘေးရှောင်စခန်းများကို ကူညီထောက်ပံ့ပေးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“အရင် ၂ ခြောက်လုံးတော်လှန်ရေးနေ့မှာ ပထမအကြိမ်လုပ်တဲ့ ရုံပုံငွေစျေးရောင်းပွဲတော်မှာ ရတဲ့ရံပုံငွေကို လောင်တလိုင်မြို့နယ်မှာရှိတဲ့ အကူညီအရေးပေါ်လိုအပ်နေတဲ့ စစ်ဘေးရှောင် (၂) ခုကို ကူညီခဲ့တယ်။ နောက်ပြီး စားနပ်ရိက္ခာနဲ့ မိုးကာများလိုအပ်နေတဲ့ Sairang, Sihhmui ရွာက စစ်ဘေးရှောင်များကိုလည်း ထပ်ပြီးတော့ကူညီသွားဖို့ ရှိတယ်။” ဟု ၎င်းကပြောသည်။

၂၀၂၂ ခုနှစ် မတ်လ ၁၈-၁၉ ရက်နေ့တွင် ပြုလုပ်မည့် ရံပုံငွေစျေးရောင်းပွဲတော်တွင် မြန်မာအစားအစာများဖြစ်သော ရှမ်းခေါက်ဆွဲ၊ မုန့်လက်ကောက်၊ ဝက်သားဒုတ်ထိုး၊ မာလာရှမ်းကော၊ မတူပီချင်းရိုးရာထမင်း၊ ဆာဗူသီး၊ သဘောင်္သီးထောင်း၊ ထိုးမုန့်၊ ကြက်ကြော်၊ ပင်လယ်စာအသုပ်၊ ကြာဇံဟင်းခါး၊ အကြော်စုံ၊ ကြက်သားဒံပေါက်၊ ပဲကောက်ညှင်းကြော်၊ သာကူကျောက်ကျော၊ ရွှေကြည်ဆနွမ်းမကင်း၊ ပဲဒံပေါက်၊ လက်ဖက်သုပ်၊ ငပိကြော်၊ ပုဇွန်ကြော်၊ အုန်းပေါင်း၊ လမုန့်၊ ကြာဇံကြော်၊ အကင်စုံ၊ မုန့်လုံးရေပေါ်၊ မုန့်ဟင်းခါး၊ ကြက်ပဲရည်သုပ်၊ ကြည်ဥပေါင်း၊ မုန့်ညှင်းချဉ်၊ ကြက်ဆီထမင်း နှင့် ကုန်ခြောက်မျိုးစုံကို ရောင်းချသွားမည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထန်တလန်မြို့တွင် စစ်ကောင်စီတပ်သား ၆ ဦးကို ချင်းကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး

“တမူးမြို့နယ်တွင် ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက သားအမိ ၃ ဦးကို သေနတ်ဖြင့်ပစ်ခတ်သွား” ဆိုတဲ့သတင်းအမှား

“တမူးမြို့နယ် မလူကျေးရွာအတွင်းသို့ ပီဒီအက်(ဖ်) အကြမ်းဖက်သမား ၅၀ ဦးခန့် ဝင်ရောက်လာပြီး ငွေကြေးနှင့် တန်ဖိုးရှိပစ္စည်း များအားလုယက်ယူဆောင်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီး” ဆိုတဲ့သတင်းအမှား

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.