• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မီဇိုရမ်တွင် လူမျိုးရေးခွဲခြားမှုမရှိဘဲ မြန်မာစစ်ဘေးရှောင်ကလေးများ ပညာသင်ကြားခွင့်ရမည်

မီဇိုရမ်တွင် လူမျိုးရေးခွဲခြားမှုမရှိဘဲ မြန်မာစစ်ဘေးရှောင်ကလေးများ ပညာသင်ကြားခွင့်ရမည်

0
By Editor on September 1, 2021 Headline

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်မှအာဏာသိမ်းယူလိုက်ပြီးနောက် အိမ်နီးချင်းနိုင်ငံ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်ခိုလှုံကြသော မြန်မာစစ်ဘေးရှောင် ကျောင်းနေအရွယ် ကလေးများအား လူမျိုးရေးခွဲခြားဆက်ဆံမှုမရှိဘဲ မီဇိုရမ်တွင် ပညာသင်ကြားခွင့်ရမည်ဖြစ်ကြောင်း မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီး Pu Lalchhandama Ralte က ပြောသည်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်နေ့က မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးခိုလှုံကြသော မြန်မာနိုင်ငံ လွှတ်တော်ကိုယ်စားလှယ်များက မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီးတို့ စစ်ဘေးရှောင်ကလေးများ ပညာသင်ကြားနိုင်ရေးကိစ္စ တွေ့ဆုံဆွေးနွေးခဲ့ရာ ယခုလို Pu Lalchhandama Ralte က တရားဝင်ကြေညာခဲ့ခြင်းဖြစ်သည်။

မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီး Pu Lalchhandama Ralte က “လူမျိုးခွဲခြားမှုမရှိဘဲ မြန်မာစစ်ဘေးရှောင် ကျောင်းနေအရွယ် ကလေးငယ်များအကုန်လုံး မီဇိုရမ်တွင် ပညာသင်ကြားရမည်” ဟု ပြောသည်။

ဆက်လက်ပြီး Pu Lalchhandama က “မြန်မာနိုင်ငံပြည်တွင်းစစ်ကြောင့် ချင်းလူမျိုးများ ဒုက္ခရောက်နေသည့်အပေါ် အထူးဝမ်းနည်းကြောင်း၊ မီဇိုရမ်အစိုးရအနေဖြင့် စစ်ဘေးရှောင်များကို အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် စစ်မှန်သောဒီမိုကရေစီ အမြန်ဆုံးရရှိဖို့ ဆန္ဒပြုကြောင်း” ပြောသည်။

မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်ကလေးငယ်များ ပညာသင်ကြားနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ပြည်သူရွေးကောက်ခံကိုယ်စာလှယ်များနှင့်အတူ မီဇိုးကျောင်းသားသမဂ္ဂ Mizo Zirlai Pawl (MZP) ဥက္ကဌ B Vanlaltana လည်း ပါဝင်ကူညီဆောင်ရွက်ခဲ့သည်။

မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ကျောင်းနေအရွယ်ကလေးငယ်များ အယောက် ၃၀၀ ကျော်ရှိမည်ဟု ခန့်မှန်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.