Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မီဇိုရမ်တွင် လူမျိုးရေးခွဲခြားမှုမရှိဘဲ မြန်မာစစ်ဘေးရှောင်ကလေးများ ပညာသင်ကြားခွင့်ရမည်

မီဇိုရမ်တွင် လူမျိုးရေးခွဲခြားမှုမရှိဘဲ မြန်မာစစ်ဘေးရှောင်ကလေးများ ပညာသင်ကြားခွင့်ရမည်

0
By Editor on September 1, 2021 Headline

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်မှအာဏာသိမ်းယူလိုက်ပြီးနောက် အိမ်နီးချင်းနိုင်ငံ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်ခိုလှုံကြသော မြန်မာစစ်ဘေးရှောင် ကျောင်းနေအရွယ် ကလေးများအား လူမျိုးရေးခွဲခြားဆက်ဆံမှုမရှိဘဲ မီဇိုရမ်တွင် ပညာသင်ကြားခွင့်ရမည်ဖြစ်ကြောင်း မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီး Pu Lalchhandama Ralte က ပြောသည်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်နေ့က မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးခိုလှုံကြသော မြန်မာနိုင်ငံ လွှတ်တော်ကိုယ်စားလှယ်များက မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီးတို့ စစ်ဘေးရှောင်ကလေးများ ပညာသင်ကြားနိုင်ရေးကိစ္စ တွေ့ဆုံဆွေးနွေးခဲ့ရာ ယခုလို Pu Lalchhandama Ralte က တရားဝင်ကြေညာခဲ့ခြင်းဖြစ်သည်။

မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီး Pu Lalchhandama Ralte က “လူမျိုးခွဲခြားမှုမရှိဘဲ မြန်မာစစ်ဘေးရှောင် ကျောင်းနေအရွယ် ကလေးငယ်များအကုန်လုံး မီဇိုရမ်တွင် ပညာသင်ကြားရမည်” ဟု ပြောသည်။

ဆက်လက်ပြီး Pu Lalchhandama က “မြန်မာနိုင်ငံပြည်တွင်းစစ်ကြောင့် ချင်းလူမျိုးများ ဒုက္ခရောက်နေသည့်အပေါ် အထူးဝမ်းနည်းကြောင်း၊ မီဇိုရမ်အစိုးရအနေဖြင့် စစ်ဘေးရှောင်များကို အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် စစ်မှန်သောဒီမိုကရေစီ အမြန်ဆုံးရရှိဖို့ ဆန္ဒပြုကြောင်း” ပြောသည်။

မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်ကလေးငယ်များ ပညာသင်ကြားနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ပြည်သူရွေးကောက်ခံကိုယ်စာလှယ်များနှင့်အတူ မီဇိုးကျောင်းသားသမဂ္ဂ Mizo Zirlai Pawl (MZP) ဥက္ကဌ B Vanlaltana လည်း ပါဝင်ကူညီဆောင်ရွက်ခဲ့သည်။

မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ကျောင်းနေအရွယ်ကလေးငယ်များ အယောက် ၃၀၀ ကျော်ရှိမည်ဟု ခန့်မှန်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တစ်လဝန်းကျင်ကြာ သိုင်းငင်းတိုက်ပွဲများတွင် ချင်းတော်လှန်ရေးရဲဘော် ၇ ဦးကျဆုံး

စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ် Ruan ကျေးရွာက နေအိမ် ၄ လုံး ထပ်မံပျက်စီး

တီးတိန်မြို့အဝင်က စစ်ကော်မရှင်စခန်းတစ်ခုကို ချင်းညီနောင် တိုက်ခိုက်၊ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.