• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မီဇိုရမ်နာမည်ကြီးရုပ်သံနှစ်ခုမှ မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုအတွက် အလှူခံရရှိငွေ ရူပီး ၂၃သိန်းကျော်အား အဖွဲ့အစည်းများထံ ပြန်လည်လှူဒါန်း

မီဇိုရမ်နာမည်ကြီးရုပ်သံနှစ်ခုမှ မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုအတွက် အလှူခံရရှိငွေ ရူပီး ၂၃သိန်းကျော်အား အဖွဲ့အစည်းများထံ ပြန်လည်လှူဒါန်း

0
By Editor on April 12, 2021 Headline
Benezer – မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ နာမည်ကြီး ရုပ်သံနှစ်ခုဖြစ်သည့် ZONET နှင့် LPS မှ တိုက်ရိုက်ထုတ်လွှင့် အလှူခံမှုမှ ရရှိထားသည့် ရူပီး ၂၃ သိန်းကျော် (မြန်မာ‌ငွေ ၄၃၇ သိန်းကျော်)အား မြန်မာ့အရေးအတွက် လှုပ်ရှားပေးနေသည့် အဖွဲ့အစည်းများထံ ပြန်လည်လှူဒါန်းသည့် အခမ်းအနားအား ဧပြီလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ZONET နှင့် LPS မှ ပြန်လည် လှူဒါန်းပေးလိုက်သည့် အဖွဲ့အစည်းများမှာ မီဇိုရမ်သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များနှင့် CDM ဝင်ဝန်ထမ်းများအား အဓိက ကူညီဆောင်ရွက်ပေးနေသည့် NGO United for Democratic Myanmar ထံ ရူပီး ၁၀ သိန်း၊ မီဇိုရမ်အနှံ့တွင်ရောက်ရှိနေသည့်စစ်ရှောင် ဒုက္ခသည်မျာအား ကူညီပေးနိုင်ရန် Central Young Mizo Association (CYMA) ထံ ရူပီး ၁၀ သိန်း၊ မြန်မာနိုင်ငံဘက်အတွက် လွှဲပေးရန် ရူပီး ၃ သိန်းကျော်တို့အား လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ထို့ပြင် မီဇိုရမ်နာမည်ကြီးအဆိုတော် VanlalSailova မှ ဒူဘိုင်းတွင်ရောက်ရှိနေသည့် Salaival Fan များမှ လှူဒါန်းငွေ ရူပီး ၄၂၀၀၀ အား အဆိုပါ အခန်းအနားတွင်ပင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မီဇိုရမ် နာမည်ကြီးရုပ်သံများဖြစ်သည့် ZONET နှင့် LPS ရုပ်သံလိုင်း နှစ်ခုမှ မြန်မာနိုင်ငံအရေးနှင့် မီဇိုရမ်ရောက် မြန်မာစစ်ရှောင်ဒုက္ခသည်များအတွက် ၎င်းတို့ ရုပ်သံလိုင်းများနှင့် လူမှုကွန်ယက်စာမျက်နှာများတွင် တိုက်ရိုက်ထုတ်လွှင့်ကာ အလှူခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စခန်းသိမ်းတိုက်ပွဲထိ စစ်ရှိန်မြှင့်မည့် မတူပီမှာ မြို့အဝင်က စစ်စခန်းကို စတင်စီးနင်းတိုက်ခိုက်၊ ဗိုလ်ကြီးအပါအဝင် ၇ ဦး သေဆုံး

ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံအပါအ၀င် နေအိမ် ၆၀ ကျော် ထိခိုက်ပျက်စီး

“ZZLMS စစ်ဆင်ရေး”အမည်နှင့် ရေဇွာမြို့ကို ချင်းပူးပေါင်းတပ် သိမ်းပိုက်၊ လက်နက်နှင့်စစ်ကောင်စီတပ်သားများ အရှင်ဖမ်းဆီးရမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
December 5, 2023

“မြန်မာပြည်မှာ ဒီလောက်ဖြစ်ပျက်နေတဲ့ စစ်ရဲ့အဓိဌာန်ရုံတွေကို ကမ္ဘာက သိပ်မသိဘူး၊  အဲ့ဒါကြောင့် ဒီဟာကို ကျွန်တော်က ကမ္ဘာကို တင်ပြခြင်းဖြစ်တယ်”

November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

November 24, 2023

“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.