Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မီဇိုရမ်ပြည်နယ်က ခရိုင်အဆင့် သိပ္ပံနှင့် သင်္ချာအိုလံပစ် စာမေးပွဲတွင် မြန်မာစစ်ဘေးရှောင်ကျောင်းသား ၂ ဦးက ပထမအဆင့်ဆွတ်ခူး

မီဇိုရမ်ပြည်နယ်က ခရိုင်အဆင့် သိပ္ပံနှင့် သင်္ချာအိုလံပစ် စာမေးပွဲတွင် မြန်မာစစ်ဘေးရှောင်ကျောင်းသား ၂ ဦးက ပထမအဆင့်ဆွတ်ခူး

0
By Editor on March 23, 2024 Headline

(004SS)

မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့တွင် ကျင်းပပြုလုပ်သော ခရိုင်အဆင့် သိပ္ပံနှင့် သင်္ချာအိုလံပစ် (Science & Mathematics Olympiad) စာမေးပွဲတွင် မြန်မာစစ်ဘေးရှောင်ကျေားသား ၂ ဦးတို့ ပထမအဆင့် ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မတ်လ ၂၀ ရက်နေ့က ကျင်းပသော ယင်းစာမေးပွဲကို အိုင်ဇောလ်ခရိုင်အတွင်းရှိ အလယ်တန်းနှင့် အထက်တန်းကျောင်းများမှ ကိုယ်စားပြု ကျောင်းသူ/ကျောင်းသားများက ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထိုသို့ယှဉ်ပြိုင်ရာတွင် Solomon ‘High School တွင်ပညာသင်ကြားနေသော ဂန်ဂေါမြို့မှ စစ်ဘေးရှောင် မသူသူဟန်နှင့် Seling ကျေးရွာ Don Bosco Catholic ကျောင်းတွင် တက်ရောက်နေသော မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင် ဆလိုင်းပီတာဟုန်းတို့က ၉ တန်းအဆင့် ယှဉ်ပြိုင်မှုတွင် ပထမဆု ဆွတ်ခူးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါပြိုင်ပွဲသည် မီဇိုရမ်ပြည်နယ်က ကျောင်းသူ/ကျောင်းသားများအနေဖြင့် သိပ္ပံနှင့် သင်္ချာတွင် ပိုမိုထူးချွန်လာစေရေးအတွက် ရည်ရွယ်ကျင်းပလေ့ရှိသည့် ပြိုင်ပွဲဖြစ်ပြီး ခရိုင်အဆင့် နှင့် ပြည်နယ်အဆင့်ဟူ၍ ၂ မျိုးခွဲခြားထားသည်။

မသူသူဟန် နှင့် ဆလိုင်းပီတာဟုန်းတို့သည် အိုင်ဇောလ်ခရိုင်အဆင့် ၉ တန်းပြိုင်ပွဲတွင် ပထမအဆင့်အသီးသီး ဆွတ်ခူးနိုင်ခဲ့ကြခြင်းဖြစ်သည်။

“သမီးလေး သူသူဟန်ဆိုရင် ဗမာစကားပဲတတ်တာ၊ မီဇိုးလိုဘာမှ မတတ်ဘူး၊ စာသင်တဲ့ခါ ဘာသာစကားမတူတော့ အခက် အခဲတော့အများကြီးပေါ့ ဒါပေမဲ့ သူက ကြိုးစားတယ်၊ သူကြိုးစားရင်းနဲ့ တစ်ခြားကျောင်းသားတွေထက် အမှတ်တွေပိုများ‌‌ ေလ့ရှိတယ်” ဟု Solomon’ High School မှ ကျောင်းအုပ်ကြီးက ပြောသည်။

မသူသူဟန် နှင့် ဆလိုင်းပီတာဟုန်းတို့သည် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားသည့်နောက်ပိုင်းတွင် မီဇိုရမ်ပြည်နယ် ဘက်သို့ စစ်ဘေးရှောင်လာကြသူများဖြစ်ကြပြီး အစကနဦးပိုင်းတွင် ဘာသာစကားအခက်အခဲရှိခဲ့ကြသော်လည်း ကြိုးကြိုးစားစားဖြင့် လေလာသင်ကြားကြသည့်အတွက် ယခုကဲ့သို့ အခြေအနေသို့ ရောက်ရှိလာခြင်းဖြစ်သည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ်တွင် ၎င်းတို့နည်းတူ အစိုးရကျောင်းနှင့် ပုဂ္ဂလိကကျောင်းများတွင် မြန်မာနိုင်ငံက စစ်ဘေးရှောင် ကလေးငယ်များ ထောင်နှင့်ချီ ပညာသင်ကြားလျှက်ရှိကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးငယ်နှင့် အမျိုးသမီးအများစု ပါဝင်သည့် ချင်းလူမျိုး ၂၀ ခန့် မလေးရှားသို့ အဝင်မှာ အဖမ်းခံရပြီး အမှုရင်ဆိုင်နေရ

နယူးဒေလီရောက် မြန်မာစစ်ရှောင်များ သတိထားနေထိုင်ကြရန် India for Myanmar သတိပေး

တိုက်ပွဲကြောင့် တီးတိန် စစ်ဘေးရှောင် ၁၀၀၀ ကျော် စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါများ လိုအပ်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.