Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ်က စစ်ဘေးရှောင်များအားလုံးကို စစ်ရှောင်စခန်းမှာသာထားရှိပြီး စနစ်တကျကိုင်တွယ်ရန် PC ပါတီဥက္ကဌပြော

မီဇိုရမ်ပြည်နယ်က စစ်ဘေးရှောင်များအားလုံးကို စစ်ရှောင်စခန်းမှာသာထားရှိပြီး စနစ်တကျကိုင်တွယ်ရန် PC ပါတီဥက္ကဌပြော

0
By Editor on October 24, 2024 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ်က နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Peoples’ Conference (PC) ပါတီဥက္ကဌ Pu Vanlalruata က စစ်ဘေးရှောင်များအားလုံးကို စစ်ရှောင်စခန်းများတွင်သာထားရှိပြီး အစိုးရအနေဖြင့် စနစ်တကျကိုင်တွယ်သင့်သည်ဟု ပြောဆိုလိုက်သည်။

PC ပါတီသည် ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့တွင် အထွေထွေညီလာခံကျင်းပပြုလုပ်ပြီး ပါတီဥက္ကဌဖြစ်သူ Pu Vanlalruata က မီဇိုရမ်ပြည်နယ်အတွင်း ဝင်ရောက်ခိုလုံကြသည့် စစ်ဘေးရှောင်များသည် မည်သည့်လူမျိုးဖြစ်ပါစေ ကူညီစောင့်ရှောက်ရမည်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

သို့သော်လည်း စစ်ဘေးရှောင်များအားလုံးကို စစ်ရှောင်စခန်းမှာသာထားရှိပြီး အဓိပ္ပါယ်ရှိစွာ စနစ်တကျဖြင့် ကိုင်တွယ်သင့်သည်ဟု ပြောကြားခဲ့ကြောင်း မီဇိုရမ်ပြည်နယ်ကနေ့စဉ်ထုတ်သတင်းစာ Zalen News က ဖော်ပြသည်။

အစိုးရအနေဖြင့် စစ်ဘေးရှောင်များကို စနစ်တကျ ကိုင်တွယ်ဆောင်ရွက်ခြင်းမရှိဘဲ လွတ်လပ်စွာ နေထိုင်ခွင့်ပြုသည့်အတွက် အကျိုးဆက်ရိုက်ခတ်မှုများရှိလာပြီး အခြေအနေများ ပို၍မဆိုးလာခင်မှာ စစ်ဘေးရှောင်များကို စနစ်တကျ ကိုင်တွယ်သင့်သည်ဟု Pu Vanlalruata က ပြောသည်။

Peoples’ Conference (PC) ပါတီသည် မီဇိုရမ်ပြည်နယ်တွင် ဝါရင့်နိုင်ငံရေးပါတီတစ်ခုဖြစ်သော်လည်း ယခုနောက်ပိုင်းတွင်အင်အားနည်းလာပြီး လူထုထောက်ခံမှုလည်း သိသိသာသာလျော့နည်းသွားပြီဟု သိရသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလကကျင်းပသော မီဇိုရမ်ပြည်နယ် အထွေထွေရွေးကောက်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသား နှစ်ဦးထံ ရူပီး သိန်း ၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ

HPO/CDF-Hualngoram က ရိခေါဒါရ်မြို့ မူကြိုကျောင်းမှာ ဘိန်းဖြူဟောင် ၄၀၀ ကျော်ဖမ်းမိ

မတူပီ-မင်းတပ်လမ်း ပြုပြင်နေသောကြောင့် ခေတ္တလမ်းပိတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.