Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၇၀၀ နီးပါး ထပ်မံဝင်ရောက်
ပုံစာ - ယခင်ပုံဟောင်း

မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၇၀၀ နီးပါး ထပ်မံဝင်ရောက်

0
By Editor on October 3, 2024 Headline

(005MK)

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက မြန်မာစစ်ဘေးရှောင် ၇၀၀ နီးပါး ထပ်မံဝင်ရောက်လာသည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ်အစိုးရ၏ မှတ်တမ်းအရ ပြီးခဲ့သည့်အပတ် စက်တင်ဘာလကုန်ပိုင်းတွင် မြန်မာစစ်ဘေးရှောင် ၆၇၉ ယောက်သည် ဆိုင်းသွာလ်းခရိုင်ထဲ ဝင်ရောက်လာခဲ့ကြသည်ဟု All india Radio News Aizawl က ဖော်ပြသည်။

ဆိုင်းသွာလ်းခရိုင်တွင် ယခင်က စစ်ရှောင်စခန်း (Relief Camp) မရှိဘဲ ယခုအခါ စစ်ရှောင်စခန်း ၃ ခုဆောက်လုပ်ပြီး လူဦးရေ ၈၉ ယောက်နေထိုင်ကြသည်ဟု သိရသည်။

မြန်မာစစ်ဘေးရှောင်များအနက် စစ်ရှောင်စခန်းတွင်မနေဘဲ စခန်းပြင်ပ အသိဆွေမျိုးများထံနှင့် အိမ်ငှားဖြင့်နေထိုင်သူ ယခင်က ၂၂၇ ယောက်ရှိခဲ့ရာမှ ယခုအခါ စစ်ရှောင် ၅၈၇ ယောက် ထပ်တိုးလာသည့်အတွက် စခန်းပြင်ပတွင်နေထိုင်သူ စစ်ရှောင် ၈၁၄ ယောက်ရှိသွားပြီဟု သိရသည်။

ယခုအသစ်ရောက်ရှိလာသည့် စစ်ဘေးရှောင်များအနက် ၂၁၀ မှာ အမျိုးသားများဖြစ်ကြပြီး ၂၄၇ မှာ အမျိုးသမီးနှင့် ၂၂၂ ယောက်မှာ ကလေးငယ်များဖြစ်ကြသည်ဟု ဆိုသည်။

လက်ရှိတွင် ဆိုင်းသွာလ်းခရိုင်တစ်ခုလုံးမှာ မြန်မာစစ်ဘေးရှောင် ၉၀၆ ယောက်ရှိပြီး အမျိုးသား ၂၇၄၊ အမျိုးသမီး ၃၀၆ နှင့် ကလေးငယ် ၃၂၆ တို့ဖြစ်သည်။

ယခု ဆိုင်းသွာလ်းခရိုင်ထဲ ထပ်မံဝင်ရောက်လာကြသည့် မြန်မာစစ်ဘေးရှောင်များမှာ ဘယ်ဒေသကရောက်လာကြသည်ကိုမူ ဖော်ပြထားခြင်းမရှိပေ။

ယခု မြန်မာစစ်ဘေးရှောင်အသစ်များ မဝင်လာခင်မှာ မီဇိုရမ်ပြည်နယ်တောင်ပိုင်း ရှာဟာခရိုင်ထဲက မြန်မာစစ်ဘေးရှောင် ၉၂၁ ယောက်နှင့် မာမစ်ခရိုင်ထဲက ၇ ယောက် စုစုပေါင်း ၉၂၈ ယောက်သည် ၎င်းတို့နေထိုင်ရာတွင် မရှိကြတော့ဘဲ ဘယ်နေရာကို ပြောင်းရွှေ့သွားသလဲဆိုသည်ကို မီဇိုရမ်ပြည်ထဲရေးဝန်ကြီးဌာနက မသိရှိကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ယခုလက်ရှိ မီဇိုရမ်ပြည်ထဲရေးဝန်ကြီးဌာန၏ စာရင်းအရ မီဇိုရမ်ပြည်နယ်မှာ မြန်မာစစ်ဘေးရှောင် ၃၃၇၁၂ ဦးရှိပြီး ယင်းတို့အနက် ၁၀၁၁၉ ဦးမှာ အမျိုးသားများဖြစ်ကြပြီး ၁၀၇၈၂ ဦးမှာ အမျိုးသမီးများနှင့် ၁၂၈၁၁ ဦးမှာ ကလေးငယ်များဖြစ်ကြသည်ဟု သိရသည်။

စစ်ဘေးရှောင်များနက် ၁၆၇၀၄ မှာ စစ်ရှောင်စခန်း ၁၃၂ ခုမှာနေထိုင်ကြပြီး ၁၇၀၀၅ ဦးမှာ စခန်းပြင်ပမှာ နေထိုင်ကြသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.