Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုးလူငယ်အသင်း (YMA) ၄ ကြိမ်မြောက်အစည်းအဝေးတွင် စစ်ဘေးရှောင်အရေး ဆွေးနွေး

မီဇိုးလူငယ်အသင်း (YMA) ၄ ကြိမ်မြောက်အစည်းအဝေးတွင် စစ်ဘေးရှောင်အရေး ဆွေးနွေး

0
By Editor on October 24, 2024 Khonumthung

(005MK)

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ဩဇာတိက္ကမအကြီးဆုံးသော အရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် မီဇိုးလူငယ်အသင်း (YMA) ၏ ၄ ကြိမ်မြောက် အစည်းအဝေးတွင် စစ်ဘေးရှောင်အရေးနှင့်ပတ်သက်၍ ထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ Mualpui, Salem ရပ်ကွက် R. Dengthuama ခန်းမတွင် ယနေ့ အောက်တိုဘာလ ၂၄ ရက်တွင် ကျင်းပပြုလုပ်သော ၄ ကြိမ်မြောက် အစည်းအဝေးတွင် YMA မှ ကိုင်တွယ်မည့် အကြောင်းအရာ ၈ ခုနှင့် အစိုးရကိုင်တွယ်မည့် အကြောင်းအရာ ၃ ခုကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။

အစိုးရမှ ကိုင်တွယ်ဆောင်ရွက်ရန် ဆုံးဖြတ်ထားကြသော အကြောင်းအရာ ၃ ခုထဲတွင် မီဇိုရမ်ပြည်နယ်အတွင်း ဝင်ရောက်ခိုလုံနေကြသော စစ်ဘေးရှောင်များအရေးကို ထည့်သွင်းခဲ့ကြသည်ဟု သိရသည်။

ယင်းမှာ အစိုးရအနေဖြင့် မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်များနေထိုင်မည့်နေရာ၊ ကြည့်ရှုစောင့်ရှောက်မည့် အစီစဉ်နှင့် စနစ်တကျဖြင့် ကိုင်တွယ်နိုင်မည့်နည်းလမ်းများ ရေးဆွဲချမှတ်ကာ တင်းကြပ်စွာ ဆောင်ရွက်သွားရန်ဖြစ်သည်ဟု သိရသည်။

မီဇိုးလူငယ်အသင်း (YMA) သည် မီဇိုရမ်ပြည်နယ်အတွင်းရှိ အစိုးရမဟုတ်သော အရပ်ဖက်အဖွဲ့အစည်းထဲတွင် ဩဇာအာဏာအရှိဆုံး အဖွဲ့အစည်းဖြစ်သည်။

ယနေ့ကျင်းပသော မီဇိုးလူငယ်အသင်း၏ ၄ ကြိမ်မြောက်အစည်းအဝေးတွင် ကိုယ်စားလှယ် ၁၂၀၀ ကျော် တက်ရောက်လာခဲ့ကြသည်ဟု သိရသည်။

ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံက စစ်ဘေးရှောင် ၃ သောင်းကျော်၊ မဏိပူရ်ပြည်နယ်က စစ်ဘေးရှောင် တစ်သောင်းဝန်းကျင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်ဘေးရှောင်လာသူ ထောင်ဂဏန်းထိရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.