Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုးလူငယ်အသင်း (YMA) ၄ ကြိမ်မြောက်အစည်းအဝေးတွင် စစ်ဘေးရှောင်အရေး ဆွေးနွေး

မီဇိုးလူငယ်အသင်း (YMA) ၄ ကြိမ်မြောက်အစည်းအဝေးတွင် စစ်ဘေးရှောင်အရေး ဆွေးနွေး

0
By Editor on October 24, 2024 Khonumthung

(005MK)

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ဩဇာတိက္ကမအကြီးဆုံးသော အရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် မီဇိုးလူငယ်အသင်း (YMA) ၏ ၄ ကြိမ်မြောက် အစည်းအဝေးတွင် စစ်ဘေးရှောင်အရေးနှင့်ပတ်သက်၍ ထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ Mualpui, Salem ရပ်ကွက် R. Dengthuama ခန်းမတွင် ယနေ့ အောက်တိုဘာလ ၂၄ ရက်တွင် ကျင်းပပြုလုပ်သော ၄ ကြိမ်မြောက် အစည်းအဝေးတွင် YMA မှ ကိုင်တွယ်မည့် အကြောင်းအရာ ၈ ခုနှင့် အစိုးရကိုင်တွယ်မည့် အကြောင်းအရာ ၃ ခုကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။

အစိုးရမှ ကိုင်တွယ်ဆောင်ရွက်ရန် ဆုံးဖြတ်ထားကြသော အကြောင်းအရာ ၃ ခုထဲတွင် မီဇိုရမ်ပြည်နယ်အတွင်း ဝင်ရောက်ခိုလုံနေကြသော စစ်ဘေးရှောင်များအရေးကို ထည့်သွင်းခဲ့ကြသည်ဟု သိရသည်။

ယင်းမှာ အစိုးရအနေဖြင့် မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်များနေထိုင်မည့်နေရာ၊ ကြည့်ရှုစောင့်ရှောက်မည့် အစီစဉ်နှင့် စနစ်တကျဖြင့် ကိုင်တွယ်နိုင်မည့်နည်းလမ်းများ ရေးဆွဲချမှတ်ကာ တင်းကြပ်စွာ ဆောင်ရွက်သွားရန်ဖြစ်သည်ဟု သိရသည်။

မီဇိုးလူငယ်အသင်း (YMA) သည် မီဇိုရမ်ပြည်နယ်အတွင်းရှိ အစိုးရမဟုတ်သော အရပ်ဖက်အဖွဲ့အစည်းထဲတွင် ဩဇာအာဏာအရှိဆုံး အဖွဲ့အစည်းဖြစ်သည်။

ယနေ့ကျင်းပသော မီဇိုးလူငယ်အသင်း၏ ၄ ကြိမ်မြောက်အစည်းအဝေးတွင် ကိုယ်စားလှယ် ၁၂၀၀ ကျော် တက်ရောက်လာခဲ့ကြသည်ဟု သိရသည်။

ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံက စစ်ဘေးရှောင် ၃ သောင်းကျော်၊ မဏိပူရ်ပြည်နယ်က စစ်ဘေးရှောင် တစ်သောင်းဝန်းကျင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်ဘေးရှောင်လာသူ ထောင်ဂဏန်းထိရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.