Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မီဇီုရမ်ဘက်ထွက်ပြေးသွားသော စစ်သုံ့ပန်းများကို အိန္ဒိယစစ်တပ်က ရဟတ်ယာဉ်ဖြင့်ခေါ်ထုတ်သွား

မီဇီုရမ်ဘက်ထွက်ပြေးသွားသော စစ်သုံ့ပန်းများကို အိန္ဒိယစစ်တပ်က ရဟတ်ယာဉ်ဖြင့်ခေါ်ထုတ်သွား

0
By Editor on October 15, 2025 Headline

ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် CNO/CNDF တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသော စစ်သုံ့ပန်းများထဲက အယောက် ၂၀ ကျော်သည် မီဇိုရမ် ပြည် နယ်ဘက်သို့ ထွက်ပြေးသွားကြပြီးနောက် အိန္ဒိယစစ်တပ်က ရဟတ်ယာဉ် ဖြင့်ခေါ်ထုတ်သွားသည်ဟုသိရသည်။

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Saikhumphai ကျေးရွာမှာ ထွက်ပြေးခိုလုံနေကြသော စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၅ ယောက်ဝန်းကျင်ကို ယနေ့အောက်တိုဘာ လ ၁၅ ရက်နေ့မနက်ပိုင်းတွင် အာသံရိုင်ဖယ်တပ်ဖွဲ့က ရဟတ်ယာဉ် ဖြင့်ခေါ် ထုတ်သွားသည်ဟု မီဇိုရမ်ပြည်နယ်က စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF သည် ဖလမ်းမြို့သိမ်းတိုက်ပွဲတုန်းက စစ်ကော်မရှင်တပ်သား နှင့် ရဲ အပါအဝင် စစ်သုံ့ပန်းအများအပြားကို ဖမ်းဆီးခဲ့ပြီး တချို့ကို ၎င်းတို့ဌာနချုပ် Camp Rihli တွင် ထိန်းသိမ်းခဲ့သည်။

၂၀၂၅ ခုနှစ် ဇူလိုင်လဆန်းပိုင်းက CNDF နှင့် CDF-Hualngoram တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ Camp Rihli ဝင်တိုက်ခံရသည့်အချိန်မှာ အဆိုပါစစ်သုံ့ပန်းများသည်လည်း မီဇိုရမ်ပြည်နယ် Saikhumphai ကျေးရွာဘက်သို့ ထွက် ပြေးခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

“ Camp Rihli ဝင်တိုက်ခံရတဲ့အချိန်မှာ အဲဒီစစ်သုံ့ပန်းတွေက မီဇိုရမ်ဘက်ထွက်ပြေးသွားတယ်၊ အဲဒီကနေ သူတို့နည်းသူတို့ဟန်နဲ့ အချိတ်အဆက်တွေလုပ်ပြီး မြန်မာသံရုံးကနေတဆင့် အိန္ဒိယစစ်တပ်က ခေါ်ထုတ်သွား တာ ဖြစ်တယ်” ဟု CNDF နှင့်နီးစပ်သူတစ်ဦးကပြောသည်။

၎င်းတို့ကို ရဟတ်ယာဉ်ဖြင့် ခေါ်ထုတ်သွားပြီးနောက် မဏိပူရ်ပြည်နယ် မိုးရေး-တမူးနယ်စပ်ကတဆင့် စစ်ကော်မရှင်ထံ လွှဲပြောင်းမည်ဟု သတင်းရင်းမြစ်ကပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ပေါ်တွင် စစ်ဘေးရှောင်လာသော ခမ်းပတ်ဘက်ကဒေသခံများ အကူအညီလိုအပ်နေ

တွန်းဇံက စစ်ဘေးရှောင်ထောင်ချီ ဆေးဝါးအပါအဝင် လူသားစာနာအကူအညီများ အရေးပေါ် လိုအပ်နေ

ကလေးမြို့တွင် ခိုးဆိုးလုယက်မှုကျူးလွန်သည် စစ်သား ၃ ဦးကို ရဲကအရေးမယူဘဲ ပြန်လွှတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 8, 2026

ဇူလိုင်လ ၉ ရက်မှ ၁၆ ရက်အထိ ချင်းအပါအဝင် နိုင်ငံတဝန်း မိုးကြီးမည်

July 8, 2026

ကလေးမြို့ပေါ်တွင် စစ်ဘေးရှောင်လာသော ခမ်းပတ်ဘက်ကဒေသခံများ အကူအညီလိုအပ်နေ

July 7, 2026

တွန်းဇံက စစ်ဘေးရှောင်ထောင်ချီ ဆေးဝါးအပါအဝင် လူသားစာနာအကူအညီများ အရေးပေါ် လိုအပ်နေ

July 7, 2026

CDF – ဟားခါး စစ်စခန်းတစ်ခု ပစ်မှတ်တိတိကျကျဖြင့် ဂျက်ဖိုက်တာ ၂ စီး၊ Y – 12 လေယာဉ်တို့ဖြင့် ဗုံးကြဲခံရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.