• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မီးေလာင္သြားသည့္ တုန္းဇန္ေက်းရြာရွိ ေက်ာင္းေဆာင္ျပန္လည္တည္ေဆာက္မႈ ယခုလကုန္ပိုင္းၿပီးမည္

မီးေလာင္သြားသည့္ တုန္းဇန္ေက်းရြာရွိ ေက်ာင္းေဆာင္ျပန္လည္တည္ေဆာက္မႈ ယခုလကုန္ပိုင္းၿပီးမည္

0
By Editor on January 14, 2020 Headline

By လားႏြန္ – ခ်င္းျပည္နယ္ေျမာက္ပိုင္း၊ တီးတိန္ၿမိဳ႕နယ္၊ တုန္းဇန္ေက်းရြာရွိ မီးေလာင္သြားသည့္ အထက္တန္းေက်ာင္းခြဲ ေက်ာင္းေဆာင္အသစ္ကို ေစတနာရွင္မ်ား၏ ကူညီေထာက္ပံ့မႈျဖင့္ ျပန္လည္ေဆာက္လုပ္လ်က္ရွိၾကၿပီး ယခုလကုန္ပိုင္းတြင္ ၿပီးစီးႏုိင္မည္ဟု ေက်ာင္းအုပ္ဆရာႀကီး ဦးဒါလ္ေပါင္ကေျပာသည္။

တုန္းဇန္ေက်းရြာ အ.ထ.က (ခြဲ) ေက်ာင္းေဆာင္သည္ ျပီးခဲ့သည့္ ေအာက္တုိဘာလ (၁၁) ရက္ေန႔ည မီးေလာင္မႈျဖစ္ပြားခဲ့ျပီး ေက်ာင္းေဆာင္တစ္ေဆာင္၊ ၀န္ထမ္းအိမ္ယာ (၅) လံုး၊ လူေနအိမ္တစ္လံုး ေလာင္ကၽြမ္းပ်က္စီးသြားခဲ့ျခင္းျဖစ္သည္။

“က်ေနာ္တို႔ အလွဴရွင္နဲ႔လုပ္တာပါ မန္းေလးဘက္က အလွဴဴရွင္ေတြနဲ႔လုပ္တာ မနက္ျဖန္ တဘက္ခါေလာက္ဆိုရင္ သြပ္ျပားေတြ အမိုးမိုးေတာ့မယ္ ဒီလကုန္ပိုင္းေလာက္ဆိုရင္ျပီးေလာက္ျပီ ဒီလကုန္ေလာက္ဆိုရင္ ေက်ာင္းလည္းတက္ႏိုင္ေလာက္ၿပီ’’ ဟု ေက်ာင္းအုပ္ဆရာ ဦးဒါလ္ေပါင္ကေျပာသည္။

ယခုအသစ္တည္ေဆာက္သည့္ ေက်ာင္းေဆာင္အသစ္ကို မႏၱေလးျမိဳ႕၊ ပန္းပ်ိဳးသူပရဟိတအသင္းမွ က်ပ္ေငြ သိန္း (၇၀၀) ျဖင့္ ေပ ၉၀ x ၃၀ ျဖင့္ ျပန္လည္တည္ေဆာက္ေပးျခင္းျဖစ္သည္။

တုန္းဇန္ေက်းရြာရွိ ေက်ာင္းသူေက်ာင္းသားမ်ားသည္ လက္ရိွတြင္ ေက်းရြာအတြင္းရွိ ခရစ္ယာန္ဘုရားေက်ာင္း UPC၊ RC ႏွင့္ AG တို႔တြင္ စာသင္ေနၾကဆဲျဖစ္ျပီး ေက်ာင္းသား/ေက်ာင္းသူဦးေရ (၄၂၀) ခန္႔ရိွသည္။

ခ်င္းျပည္နယ္အစိုးရမွလည္း မီးေလာင္သြားသည့္ အ.ထ.က (ခြဲ) ေက်ာင္းေဆာင္မ်ားအတြက္ ေပ ၁၂၀ x ၃၀ ကို Steel Structure တည္ေဆာက္ဖို႔ ေျမေနရာမ်ား၊ ေျမညိဳွမႈမ်ား လုပ္ေဆာင္ျပီးေနျပီျဖစ္ေၾကာင္းလည္း သိရသည္။

Unicode

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ တုန်းဇန်ကျေးရွာရှိ မီးလောင်သွားသည့် အထက်တန်းကျောင်းခွဲ ကျောင်းဆောင်အသစ်ကို စေတနာရှင်များ၏ ကူညီထောက်ပံ့မှုဖြင့် ပြန်လည်ဆောက်လုပ်လျက်ရှိကြပြီး ယခုလကုန်ပိုင်းတွင် ပြီးစီးနိုင်မည်ဟု ကျောင်းအုပ်ဆရာကြီး ဦးဒါလ်ပေါင်ကပြောသည်။

တုန်းဇန်ကျေးရွာ အ.ထ.က (ခွဲ) ကျောင်းဆောင်သည် ပြီးခဲ့သည့် အောက်တိုဘာလ (၁၁) ရက်နေ့ည မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျောင်းဆောင်တစ်ဆောင်၊ ဝန်ထမ်းအိမ်ယာ (၅) လုံး၊ လူနေအိမ်တစ်လုံး လောင်ကျွမ်းပျက်စီးသွားခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့ အလှူရှင်နဲ့လုပ်တာပါ မန်းလေးဘက်က အလှူရှင်တွေနဲ့လုပ်တာ မနက်ဖြန် တဘက်ခါလောက်ဆိုရင် သွပ်ပြားတွေ အမိုးမိုးတော့မယ် ဒီလကုန်ပိုင်းလောက်ဆိုရင်ပြီးလောက်ပြီ ဒီလကုန်လောက်ဆိုရင် ကျောင်းလည်းတက်နိုင်လောက်ပြီ’’ ဟု ကျောင်းအုပ်ဆရာ ဦးဒါလ်ပေါင်ကပြောသည်။

ယခုအသစ်တည်ဆောက်သည့် ကျောင်းဆောင်အသစ်ကို မန္တလေးမြို့၊ ပန်းပျိုးသူပရဟိတအသင်းမှ ကျပ်ငွေ သိန်း (၇၀ဝ) ဖြင့် ပေ ၉၀ x ၃၀ ဖြင့် ပြန်လည်တည်ဆောက်ပေးခြင်းဖြစ်သည်။

တုန်းဇန်ကျေးရွာရှိ ကျောင်းသူကျောင်းသားများသည် လက်ရှိတွင် ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘုရားကျောင်း UPC၊ RC နှင့် AG တို့တွင် စာသင်နေကြဆဲဖြစ်ပြီး ကျောင်းသား/ကျောင်းသူဦးရေ (၄၂၀) ခန့်ရှိသည်။

ချင်းပြည်နယ်အစိုးရမှလည်း မီးလောင်သွားသည့် အ.ထ.က (ခွဲ) ကျောင်းဆောင်များအတွက် ပေ ၁၂၀ x ၃၀ ကို Steel Structure တည်ဆောက်ဖို့ မြေနေရာများ၊ မြေညှိုမှုများ လုပ်ဆောင်ပြီးနေပြီဖြစ်ကြောင်းလည်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းလဲန်းကောင်စီဖွဲ့စည်းနိုင်ရေး  အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေဟုဆို

ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာမရနိုင်၍ သေဆုံးမှုများရှိလာ

ချင်းပြည်သူများ ဘယ်နိုင်ငံပဲရောက်ရောက် တော်လှန်ရေးနှင့် ချင်းစိတ်ဓါတ်ကို မမေ့ကြရန် ဒေါက်တာ ဆာဆာ ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

September 21, 2023

ချင်းပြည်နယ်က စိုးရိမ်ဖွယ်ရာ တကျော့ပြန် ငှက်ဖျားရောဂါ

September 13, 2023

တူမီးကို “ထီ” အဖြစ်ပြောင်းလဲပြီး နွေဦးတော်လှန်ရေးကို အားဖြည့်ပါဝင်ခဲ့သူ (သို့) ချင်းတော်လှန်ရေးလူငယ်…

September 9, 2023

ကျန်းမာရေး အကာအကွယ် မဲ့နေဆဲ တောင်ဇလပ်မြေ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.