Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မြန်မာငလျင်ဘေးဒဏ်သင့် လူထုကို ကူညီရန် အိန္ဒိယရေတပ်သင်္ဘော ၂ စင်း ရန်ကုန်ရောက်

မြန်မာငလျင်ဘေးဒဏ်သင့် လူထုကို ကူညီရန် အိန္ဒိယရေတပ်သင်္ဘော ၂ စင်း ရန်ကုန်ရောက်

0
By Editor on April 1, 2025 Headline

အိန္ဒိယ ရေတပ်သင်္ဘော ၃ စင်းလည်း ရန်ကုန်သို့ ဦးတည်လာနေ

(006SV)

ငလျင်ဘေးဒဏ်သင့် မြန်မာလူထုကို ကူညီထောက်ပံ့နိုင်ရန် အိန္ဒိယရေတပ် သင်္ဘော ၂ စင်းသည် လူသားစာနာမှု အကူအညီပစ္စည်များ တန်ချိန် ၅၀ ကျော် တင်ဆောင်၍ ရန်ကုန်မြို့ကို ရောက်ရှိလာပြီး နောက်ထပ် သင်္ဘော ၃ စင်းသည်လည်း ကူညီထောက်ပံ့နိုင်ရန် လာနေပြီဖြစ်ကြောင်း အိန္ဒိယသံရုံးကက ထုတ်ပြန်သည်။

မတ်လ ၃၁ ရက် ညပိုင်းက INS Satpura နှင့် INS Savitri အမည်ရသော အိန္ဒိယရေတပ် သင်္ဘော ၂စီးသည် လူသားချင်စာနာမှု အကူအညီပစ္စည်းများ တန်ချိန် ၃၁ တန်နှင့် ၁၉ တန်တို့ကို အသီးသီးတင်ဆောင်၍ ရန်ကုန်ကို ရောက်လာသည်ဟု အိန္ဒိယသံရုံးက မတ်လ ၃၁ ရက် ညပိုင်းက ထုတ်ပြန်သည်။

ယင်း ရေတပ် သင်္ဘော ၂ စီးမှ ပစ္စည်းများကို ရန်ကုန်၊ သီလဝါဆိပ်ကမ်းမှတဆင့် ငလျင်ဘေးဒဏ်သင့် ဒေသများကို ခွဲဝေဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်နေသည်ဟု သိရသည်။

ထို့အပြင် Karmukh ၊ Gharial နှင့် LCU – 52 အမည်ရသော အိန္ဒိယရေတပ် သင်္ဘော ၃ စီးသည်လည်း လူသားချင် စာနာမှု အထောက်အပံ့ အကူအညီ ပစ္စည်းများ မက်ထရစ်တန် ၅၀၀ ကျော်ကို တင်ဆောင်ပြီး ရန်ကုန်ကို ဦးတည်လာနေပြီဖြစ်ကြောင်း အိန္ဒိယသံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယနေ့ ဧပြီလ ၁ ရက်မှာလည်း ကူညီကယ်ဆယ်ရေး၊ ထောက်ပံ့ရေး ပစ္စည်းများ တန်ချိန် ၁၅ တန် တင်ဆောင်လာမည့် အိန္ဒိယလေတပ်မှ C -130 လေယာဉ်သည်လည်း မန္တလေး လေဆိပ်ကို တိုက်ရိုက်ဆင်းသက်ပြီး ကူညီကယ်ဆယ်ရေး၊ ထောက်ပံ့ရေးလုပ်နိုင်ရန် ဆောင်ရွက်နေသည်ဟု သိရသည်။

အင်ဒို- ပစီဖိတ်ဒေသတွင်း အားလုံး လုံခြုံရေးနှင့် ဖွံ့ဖြိုးရေး (SAGAR)၊ အရှေ့မျှော်အက်ဥပဒေ၊ အိမ်နီးချင်းဦးစာပေး မူဝါအရ မြန်မာငလျင်ဘေး ကူညီကယ်ဆယ်ရေး၊ ထောက်ပံ့ရေးကို ‘Operation Brahma’ အစီအစဉ်ဖြင့် မတ်လ ၂၉ ရက်တည်းက အိန္ဒိယအစိုးရက ဆောင်ရွက်နေခြင်းဖြစ်သည်။

ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် အိန္ဒိယအစိုးရက အမျိုးသားသဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးတပ်ဖွဲ့ (National Disaster Response Force) ၊ ကျန်မာရေး စောင့်ရှောက်မှုအဖွဲ့အပါအဝင် အိန္ဒိယကယ်ဆယ်ရေးအဖွဲ့များကို စေလွှတ်ထားသည်ဟု သိရသည်။

မြန်မာငလျင်ဘေးကူညီရန်အတွင် အိန္ဒိယလေတပ်မှ စစ်လေယာဉ် ၆ စီး၊ စစ်သင်္ဘော ၅ စီးတို့ဖြင့် လူသားချင်းစာနာမှု အထောက်အပံ့ပစ္စည်းအများအပြားကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးတို့တွင် ဆင်းသက်ပြီး ပေးပို့ထားသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.