• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မြန်မာစစ်ဘေးရှောင်များအားလုံး မှတ်ပုံတင်အပ်နှံရမည်ဟု ကျန်ဖိုင်းခရိုင်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်

မြန်မာစစ်ဘေးရှောင်များအားလုံး မှတ်ပုံတင်အပ်နှံရမည်ဟု ကျန်ဖိုင်းခရိုင်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်

0
By Editor on April 6, 2023 Khonumthung

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အတွင်းရှိ မြန်မာစစ်ဘေးရှောင်ပြည်သူများအနေဖြင့် မိမိတို့၏နိုင်ငံသားစိစစ်ရေးကပ်ပြား (မှတ်ပုံတင်) များကို ဧပြီလ ၁၅ ရက်နေ့မတိုင်ခင် သက်ဆိုင်ရာ ရပ်/ကျေးအဆင့် စစ်ဘေးရှောင်ကော်မတီများထံ အပ်နှံရမည်ဟု ကျန်ဖိုင်းခရိုင်အုပ်ချုပ်ရေးမှူး Pu James Lalrinchhana က အသိပေးထုတ်ပြန်လိုက်သည်။

ကျန်ဖိုင်းခရိုင်အဆင့် စစ်ဘေးရှောင်ကော်မတီ District Level Committee on Myanmar Refugees ဥက္ကဌလည်းဖြစ်သည့် Pu James Larinchhana က မြန်မာစစ်ဘေးရှောင်များလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းဥပဒေနှင့်ပတ်သက်သော အချက် ၅ ချက်ကို ဧပြီလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာတွင် မြန်မာစစ်ဘေးရှောင်များအားလုံး မှတ်ပုံတင်အပ်နှံရမည်ဆိုသောအချက်လည်း ပါဝင်လာခြင်းဖြစ်သည်။

ကျန်ဖိုင်းခရိုင်အတွင်းရှိ မြန်မာစစ်ဘေးရှောင်များအားလုံးအနေဖြင့် မိမိတို့၏ နိုင်ငံသားစိစစ်ရေးကပ်ပြား (မှတ်ပုံတင်) များကို ဧပြီလ ၁၅ ရက်နေ့မတိုင်ခင် ရပ်/ကျေးအဆင့် စစ်ဘေးရှောင်ကော်မတီအဖွဲ့ထံ အပ်နှံရမှာဖြစ်ပြီး ယင်းမှတ်ပုံတင်များကို ရပ်/ကျေးအဆင့် စစ်ဘေးရှောင်ကော်မတီအဖွဲ့က ကောင်းမွန်စွာထိန်းသိမ်းထားမည်ဟု ခရိုင်အုပ်ချုပ်ရေးမှူး၏ အသိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ မြန်မာစစ်ဘေးရှောင်များ မှတ်ပုံတင်အပ်နှံရန်လုပ်ဆောင်ရသည့်အကြောင်းရင်းကိုမူ ယင်းထုတ်ပြန်ချက်တွင် ဖေဖော်ပြထားခြင်းမရှိသော်လည်း စစ်ဘေးရှောင်များ မိမိသဘောဖြင့် ပြောင်းရွှေ့နေထိုင်ခြင်း၊ ပြစ်မှုတစ်ခုခုကျူးလွန်ပါက မြန်မာနိုင်ငံဘက်သို့ လွယ်လင့်တကူထွက်ပြေးခြင်းမရှိစေရန်နှင့် ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးအရေးယူမှုပိုင်းတွင် အထောက်အကူပြုလာစေရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်နိုင်သည်ဟု စစ်ဘေးရှောင်အရေးကူညီသူတချိူ့က ယူဆထားကြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျန်ဖိုင်းမြို့တွင် ချင်းအမျိုးသား ဦးဘွဲ့ရိုပြန်းက ဇနီးဟောင်းဖြစ်သူ အသက် ၄၃ နှစ်အရွယ် ဒေါ်ရှန်းငွန်ပါရ်ကို နေအိမ်တွင် သေနတ်ဖြင့်ပစ်သတ်ခဲ့ပြီးနောက် နယ်စပ်မှတဆင့် မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ယနေ့ချိန်ထိ ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိခဲ့ပေ။

ထို့အပြင် ပြီးခဲ့သည့်မတ်လ ၂၂ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ် Siaha မြို့က ဒေသခံပြည်သူ ၃ ဦးတို့သည် အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်ပိုင်နက်တွင် သတ်ဖြတ်ခံခဲ့ကြရပြီး ယင်းသတ်ဖြတ်မှုတွင် မြန်မာနိုင်ငံက လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ ပါဝင်ပတ်သက်နေသည်ဟု ယူဆထားကြသည်။

ထိုကဲ့သို့သောအခြေအနေများကြောင့် မီဇိုရမ်ပြည်နယ် အာဏာပိုင်များက စစ်ဘေးရှောင်ပြည်သူများအပေါ် စည်းကမ်းတင်းကြပ်လာခြင်းဖြစ်နိုင်သည်ဟု သုံးသပ်သူများလည်းရှိသည်။

ကျန်ဖိုင်းခရိုင်အုပ်ချုပ်ရေးမှူး၏ ဧပြီလ ၃ ရက်နေ့ ထုတ်ပြန်သော စည်းမျဉ်းစည်းကမ်းဥပဒေထဲတွင် ရပ်/ကျေးအဆင့်တွင် ဖွဲ့စည်းထားသော စစ်ဘေးရှောင်ကော်မတီအဖွဲ့အနေဖြင့် တစ်လလျှင် အနည်းဆုံးတစ်ကြိမ်ခန့်အစည်းအဝေးခေါ်ယူကာ ခရိုင်အဆင့်စစ်ဘေးရှောင်ကော်မတီထံအစီရင်ခံစာတင်ပြရန်၊ မြန်မာစစ်ဘေးရှောင်များသည် သူတို့နေထိုင်သော ရပ်ကွက်၊ ကျေးရွာများမှ မိမိဆန္ဒသဘောဖြင့်ပြောင်းရွှေ့မှုများရှိနေသည့်အတွက် ရပ်/ ကျေးအဆင့် စစ်ဘေးရှောင်ကောင်မတီတို့မှ ခွင့်ပြုချက်ပေးထားသူများသာ ပြောင်းရွှေ့ခွင့်ရှိမည်ဖြစ်ကာ အခြားသောခရိုင်သို့ ပြောင်းရွှေ့မည့်ယာဉ်အဝင်အထွက်ကို လည်း ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်တို့မှ စစ်ဆေးရန်၊ တရားဥပဒေစိုးမိုးရေးအတွက် ရပ်/ကျေးအဆင့်စစ်ဘေးရှောင် ကော်မတီနှင့် မီဇိုးလူငယ်အသင်း (YMA) တို့မှ အထူးဂရုပြုစောင့်ကြည့်ရန်၊ မြန်မာစစ်ဘေးရှောင်များအနေဖြင့် ဈေးဆိုင်ဖွင့်ခြင်း၊ စီးပွားရေးလုပ်ငန်းကိစ္စရပ်များဆောင်ရွက်မည်ဆိုပါက ရပ်/ကျေး စစ်ဘေးရှောင်ကော်မတီက ခွင့်ပြုချက်ပေးထားသူများသာ လုပ်ခွင့်ရှိကြောင်း စသည့်အချက်များလည်း ပါဝင်သည်။

ကျန်ဖိုင်းခရိုင်သည် မြန်မာနိုင်ငံကစစ်ဘေးရှောင်ပြည်သူ အများဆုံးနေထိုင်ကြသည့် ဒေသဖြစ်ပြီး ကျေးရွာပေါင်း ၄၇ ရွာတွင် မြန်မာစစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၁၀၂၂၆ ဦးရှိကာ အမျိုးသား ၃၀၃၃ ဦး၊ အမျိုးသမီး ၃၂၆၄ နှင့် ကလေးငယ် ၃၉၂၉ ဦးရှိသည်ဟု သိရသည်။

စစ်ဘေးရှောင်များအနက် လူဦးရေ ၂၆၄၃ မှာ စစ်ဘေးရှောင်စခန်းတွင်နေထိုင်ကြပြီး လူဦးရေ ၇၅၈၃ တို့မှာ စခန်းပြင်ပတွင် နေထိုင်ကြသူများဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့မရဲစခန်းက တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် တမိသားစုလုံး အလင်းဝင်လာ

ပလက်ဝမြို့နယ် “နှုံးဘူး” နှင့် “ထရွန်အိုင်” ဗျူဟာကုန်းများကို အပြီးသိမ်းပိုက်နိုင်ရေး တိုက်ပွဲပြင်းထန်နေ

ကလေးမြို့တွင် တိုက်ပွဲပြင်းထန်လာမည်ဟု စိုးရိမ်မူကြောင့် မြို့ပေါ်နေပြည်သူများ နေရပ်စွန့်ခွါသူများလာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

November 24, 2023

“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”

November 3, 2023

ချင်းရဲဘော်တွေနဲ့ တော်လှန်ဂီတ 

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.