Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မြန်မာစစ်ဘေးရှောင်များအားလုံး မှတ်ပုံတင်အပ်နှံရမည်ဟု ကျန်ဖိုင်းခရိုင်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်

မြန်မာစစ်ဘေးရှောင်များအားလုံး မှတ်ပုံတင်အပ်နှံရမည်ဟု ကျန်ဖိုင်းခရိုင်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်

0
By Editor on April 6, 2023 Khonumthung

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အတွင်းရှိ မြန်မာစစ်ဘေးရှောင်ပြည်သူများအနေဖြင့် မိမိတို့၏နိုင်ငံသားစိစစ်ရေးကပ်ပြား (မှတ်ပုံတင်) များကို ဧပြီလ ၁၅ ရက်နေ့မတိုင်ခင် သက်ဆိုင်ရာ ရပ်/ကျေးအဆင့် စစ်ဘေးရှောင်ကော်မတီများထံ အပ်နှံရမည်ဟု ကျန်ဖိုင်းခရိုင်အုပ်ချုပ်ရေးမှူး Pu James Lalrinchhana က အသိပေးထုတ်ပြန်လိုက်သည်။

ကျန်ဖိုင်းခရိုင်အဆင့် စစ်ဘေးရှောင်ကော်မတီ District Level Committee on Myanmar Refugees ဥက္ကဌလည်းဖြစ်သည့် Pu James Larinchhana က မြန်မာစစ်ဘေးရှောင်များလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းဥပဒေနှင့်ပတ်သက်သော အချက် ၅ ချက်ကို ဧပြီလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာတွင် မြန်မာစစ်ဘေးရှောင်များအားလုံး မှတ်ပုံတင်အပ်နှံရမည်ဆိုသောအချက်လည်း ပါဝင်လာခြင်းဖြစ်သည်။

ကျန်ဖိုင်းခရိုင်အတွင်းရှိ မြန်မာစစ်ဘေးရှောင်များအားလုံးအနေဖြင့် မိမိတို့၏ နိုင်ငံသားစိစစ်ရေးကပ်ပြား (မှတ်ပုံတင်) များကို ဧပြီလ ၁၅ ရက်နေ့မတိုင်ခင် ရပ်/ကျေးအဆင့် စစ်ဘေးရှောင်ကော်မတီအဖွဲ့ထံ အပ်နှံရမှာဖြစ်ပြီး ယင်းမှတ်ပုံတင်များကို ရပ်/ကျေးအဆင့် စစ်ဘေးရှောင်ကော်မတီအဖွဲ့က ကောင်းမွန်စွာထိန်းသိမ်းထားမည်ဟု ခရိုင်အုပ်ချုပ်ရေးမှူး၏ အသိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ မြန်မာစစ်ဘေးရှောင်များ မှတ်ပုံတင်အပ်နှံရန်လုပ်ဆောင်ရသည့်အကြောင်းရင်းကိုမူ ယင်းထုတ်ပြန်ချက်တွင် ဖေဖော်ပြထားခြင်းမရှိသော်လည်း စစ်ဘေးရှောင်များ မိမိသဘောဖြင့် ပြောင်းရွှေ့နေထိုင်ခြင်း၊ ပြစ်မှုတစ်ခုခုကျူးလွန်ပါက မြန်မာနိုင်ငံဘက်သို့ လွယ်လင့်တကူထွက်ပြေးခြင်းမရှိစေရန်နှင့် ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးအရေးယူမှုပိုင်းတွင် အထောက်အကူပြုလာစေရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်နိုင်သည်ဟု စစ်ဘေးရှောင်အရေးကူညီသူတချိူ့က ယူဆထားကြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျန်ဖိုင်းမြို့တွင် ချင်းအမျိုးသား ဦးဘွဲ့ရိုပြန်းက ဇနီးဟောင်းဖြစ်သူ အသက် ၄၃ နှစ်အရွယ် ဒေါ်ရှန်းငွန်ပါရ်ကို နေအိမ်တွင် သေနတ်ဖြင့်ပစ်သတ်ခဲ့ပြီးနောက် နယ်စပ်မှတဆင့် မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ယနေ့ချိန်ထိ ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိခဲ့ပေ။

ထို့အပြင် ပြီးခဲ့သည့်မတ်လ ၂၂ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ် Siaha မြို့က ဒေသခံပြည်သူ ၃ ဦးတို့သည် အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်ပိုင်နက်တွင် သတ်ဖြတ်ခံခဲ့ကြရပြီး ယင်းသတ်ဖြတ်မှုတွင် မြန်မာနိုင်ငံက လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ ပါဝင်ပတ်သက်နေသည်ဟု ယူဆထားကြသည်။

ထိုကဲ့သို့သောအခြေအနေများကြောင့် မီဇိုရမ်ပြည်နယ် အာဏာပိုင်များက စစ်ဘေးရှောင်ပြည်သူများအပေါ် စည်းကမ်းတင်းကြပ်လာခြင်းဖြစ်နိုင်သည်ဟု သုံးသပ်သူများလည်းရှိသည်။

ကျန်ဖိုင်းခရိုင်အုပ်ချုပ်ရေးမှူး၏ ဧပြီလ ၃ ရက်နေ့ ထုတ်ပြန်သော စည်းမျဉ်းစည်းကမ်းဥပဒေထဲတွင် ရပ်/ကျေးအဆင့်တွင် ဖွဲ့စည်းထားသော စစ်ဘေးရှောင်ကော်မတီအဖွဲ့အနေဖြင့် တစ်လလျှင် အနည်းဆုံးတစ်ကြိမ်ခန့်အစည်းအဝေးခေါ်ယူကာ ခရိုင်အဆင့်စစ်ဘေးရှောင်ကော်မတီထံအစီရင်ခံစာတင်ပြရန်၊ မြန်မာစစ်ဘေးရှောင်များသည် သူတို့နေထိုင်သော ရပ်ကွက်၊ ကျေးရွာများမှ မိမိဆန္ဒသဘောဖြင့်ပြောင်းရွှေ့မှုများရှိနေသည့်အတွက် ရပ်/ ကျေးအဆင့် စစ်ဘေးရှောင်ကောင်မတီတို့မှ ခွင့်ပြုချက်ပေးထားသူများသာ ပြောင်းရွှေ့ခွင့်ရှိမည်ဖြစ်ကာ အခြားသောခရိုင်သို့ ပြောင်းရွှေ့မည့်ယာဉ်အဝင်အထွက်ကို လည်း ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်တို့မှ စစ်ဆေးရန်၊ တရားဥပဒေစိုးမိုးရေးအတွက် ရပ်/ကျေးအဆင့်စစ်ဘေးရှောင် ကော်မတီနှင့် မီဇိုးလူငယ်အသင်း (YMA) တို့မှ အထူးဂရုပြုစောင့်ကြည့်ရန်၊ မြန်မာစစ်ဘေးရှောင်များအနေဖြင့် ဈေးဆိုင်ဖွင့်ခြင်း၊ စီးပွားရေးလုပ်ငန်းကိစ္စရပ်များဆောင်ရွက်မည်ဆိုပါက ရပ်/ကျေး စစ်ဘေးရှောင်ကော်မတီက ခွင့်ပြုချက်ပေးထားသူများသာ လုပ်ခွင့်ရှိကြောင်း စသည့်အချက်များလည်း ပါဝင်သည်။

ကျန်ဖိုင်းခရိုင်သည် မြန်မာနိုင်ငံကစစ်ဘေးရှောင်ပြည်သူ အများဆုံးနေထိုင်ကြသည့် ဒေသဖြစ်ပြီး ကျေးရွာပေါင်း ၄၇ ရွာတွင် မြန်မာစစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၁၀၂၂၆ ဦးရှိကာ အမျိုးသား ၃၀၃၃ ဦး၊ အမျိုးသမီး ၃၂၆၄ နှင့် ကလေးငယ် ၃၉၂၉ ဦးရှိသည်ဟု သိရသည်။

စစ်ဘေးရှောင်များအနက် လူဦးရေ ၂၆၄၃ မှာ စစ်ဘေးရှောင်စခန်းတွင်နေထိုင်ကြပြီး လူဦးရေ ၇၅၈၃ တို့မှာ စခန်းပြင်ပတွင် နေထိုင်ကြသူများဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

သင်္ချိုင်းအုတ်ဂူမှာ မီဇိုးဘာသာစကား မသုံးလိုသူများအတွက် သင်္ဂြိုဟ်ခွင့်မရှိကြောင်း Zokhawthar YMA က အသိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.