Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်က နယ်စပ်ကုန်သွယ်ရေးသွားရောက်ကြည့်ရှု့

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်က နယ်စပ်ကုန်သွယ်ရေးသွားရောက်ကြည့်ရှု့

0
By Editor on April 12, 2024 Headline

(005MK)

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Abhay Thakur သည် မီဇိုရမ်ပြည်နယ် အရှေ့ပိုင်းရှိ Champhai မြို့သို့ ကြာသပတေးနေ့(ဧပြီ ၁၁ ရက်) က သွားရောက်ခဲ့ပြီး အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းဖြစ်သည့် Rih-Zokhawthar သို့ လှည့်လည်ကြည့်ရှုခဲ့သည်။

သံအမတ်ကြီး Thakur သည် Champhai Circuit House တွင် ခရိုင်တာဝန်ရှိသူများ၊ အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နယ်စပ်ဖြတ်ကျော်ကုန်သည်များနှင့် နယ်စပ်ကုန်သွယ်ရေးအခြေအနေ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ ပြီးနောက် Rih-Zokhawthar နယ်စပ်ကုန်သွယ်ရေးစခန်းကို သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း All India Radio News ကဖော်ပြသည်။

အိန္ဒိယနှင့် မြန်မာကြား ကောင်းမွန်ခိုင်မာသော ဆက်ဆံရေးသည် အရေးပါပြီး လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးမှာ ခွဲထွက်၍မရသော ဆက်စပ်မှုရှိကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိအခြေအနေကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန် သွယ်မှုအတွက် ကြီးမားသောစိန်ခေါ်မှုများစွာရှိနေသည်ဟု သံအမတ်ကြီးပြောသည်။

သို့သော်လည်း နယ်စပ်ကုန်သွယ်မှုဆက်ဆံရေး ပုံမှန်အခြေအနေသို့ ပြန်သွားနိုင်ရန် မျှော်မှန်းထားကြောင်း၊ နယ်စပ်ဖြတ် ကျော် တရားမဝင် ကုန်သွယ်မှုကို တိုက်ဖျက်ရန် စည်းလုံးညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်သွားရန်လည်း သံအမတ်ကြီး က တိုက်တွန်းထားသည်။

ယခုလက်ရှိတွင် အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ ချင်းပြည်နယ် ရိခေါဒါရ်မြို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။ နယ်စပ်ကုန်သွယ်ရေးစခန်းကတဆင့် ကုန်သွယ်မှုများဆက်လက်ရှိ နေသော်လည်း စစ်ရေးအခြေအနေကြောင့် ယခင်ကထက် ကုန်သွယ်မှုပမာဏနည်းသွားပြီဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.