Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ရိခေါဒါရ်တိုက်ပွဲ စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ၅ ဦးသေဆုံး

ရိခေါဒါရ်တိုက်ပွဲ စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ၅ ဦးသေဆုံး

0
By Editor on August 11, 2022 Khonumthung

အိန္ဒိယ-မြန်မာနယ် အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးခစန်း အခြေစိုက်ရာ ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့မှာ ယနေ့မနက်ပိုင်းကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဝေမျိုးပိုင်အပါအဝင် ၅ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။

ရိခေါဒါရ်မြို့ အမှတ် ၂ ရပ်ကွက် (တီအို) တောင်ထိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ယနေ့နက်ပိုင်း ၂ နာရီကနေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာဖြစပြီး မနက်ပိုင်း ၇ နာကျော်ကျော်လောက်အထိ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြဖြစ်ပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး ၄ ဦးကတော့ တပ်စခန်းကနေ လက်နက်မပါဘဲ ထွက်ပြေးလာကြပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ယနေ့မနက်ပိုင်း တိုက်ပွဲနဲ့ပတ်သက်ပြီး PDF-Zoland တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက “ကျနော်တို့ ဒီကနေ့ အိန္ဒိယ-မြန်မာနယ်စပ် ရိအခြေစိုက်တပ်စခန်းကို ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့က သွားပြီးတော့ တိုက်ခိုက်တာပါ သူတို့ထဲက ၅ ယောက်ကျဆုံးတယ်လို့ သိရတယ် ထွက်ပြေးတာတော့ ၄ ယောက်ထွက်ပြေးတယ်၊ ဒဏ်ရာရတာတော့ အများကြီးရှိတယ်လို့ပြောတယ်” လို့ သူကပြောပါတယ်။

ရိခေါဒါရ်မြို့မှာ အမှတ် ၁ နဲ့ အမှတ် ၂ ရပ်ကွက် ၂ ခုရှိပြီး စစ်ကောင်စီတပ်ဖွဲ့တွေဟာ မြို့ရဲ့အချက်အချာကျတဲ့ တောင်ကုန်း ၂ နေရာမှာ စခန်းချတပ်စွဲနေကြတာဖြစ်ပြီး ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ CDM-Siyin၊ PDF-Zoland, CNDF နဲ့ MEDF တပ်ဖွဲ့တွေက အမှတ် ၂ ရပ်ကွက် တောင်ထိပ်မှာတပ်စွဲထားတဲ့စခန်းကို သွားရောက်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီတိုက်ပွဲမှာ ရိခေါဒါရ်မြို့အမှတ် ၁ ရပ်ကွက် တောင်ထိပ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ အကြိမ်ကြိမ်ပစ်ကူခဲ့တာကြောင့် အမှတ် ၂ ရပ်ကွက်ထဲက လူနေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး အရပ်သားပြည်သူတစ်ဦး သေဆုံးခဲ့သလို ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သူကဆက်ပြောသည်။

“သူတို့တောင်ကုန်းပေါ်ကနေ လှမ်းပစ်လိုက်တဲ့ အမြောက်ကျည်ဆံတွေက အရပ်သားနေတဲ့ရပ်ကွက်ထဲကိုကျပြီးတော့ ၂ ယောက်ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ် တယောက်ကတော့ သေတယ်လို့ပြောတယ်” လို့ PDF-Zoland ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

သေဆုံးသူဟာ ကလေးမြို့မွန်းလိုင်ရပ်ကွက်တွင်နေထိုင်သူဟုသိရပါတယ်။

ရိခေါဒါရ်မြို့မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် မနက်ပိုင်း ၉ နာရီဝန်းကျင်လောက်ကနေ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ရေ လေယာဉ် ဂျက်ဖိုက်တာတစ်စီး ရိခေါဒါရ်မြို့နဲ့ ဟိုင်မွှလ်ရွာသစ်ပေါ်ကို အနည်းဆုံး လေးကြိမ်လောက် ပျံဝဲခဲ့တယ်လို့လည်း သိရပါတယ်။

ယနေ့ နေလည်ပိုင်းမှာတော့ တိုက်ပွဲဖြစ်ပွားမှုမရှိတော့ဘဲ အခြေနေတည်ငြိမ်သွားတယ်လို့ သိရပေမယ့် ရိခေါဒါရ်မြို့ အမှတ် ၂ ရပ်ကွက်က ပြည်သူအများစုကတော့ တဖက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အတုအယောင်ရွေးကောက်ပွဲကို တားဆီးရေး လုပ်ထုံးလုပ်နည်းဥပဒေကို ချင်းပြည်ကောင်စီ ပြဌာန်းကြောင်း ကြေညာ

ရွေးကောက်ပွဲဝင်ကြမည့် ပါတီဝင်ဟောင်း ၄ ဦး နှင့် သက်ဆိုင်မှုမရှိတော့ကြောင်း CNLD ကြေညာ

ကူကီးအမျိုးသမီးအဖွဲ့က တမူးမြို့နယ်ရှိ စစ်ဘေးရှောင်များအား စားနပ်ရိက္ခာများ ကူညီထောက်ပံ့

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.