အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့ တပ်ကုန်းတွင် ဇန်နဝါရီ ၂၅ ရက်နေ့ည ၉းဝဝ နာရီခန့်က လက်နက်ကြီး ၄ ကြိမ်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ ရုန်းရင်းဆန်ခပ်ဖြစ်ပွားခဲ့ပြီး တဖက်မီဇိုရမ်ပြည်နယ် ဇိုးခေါထားတွင် ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ကြသည်ဟုသိရသည်။
ဗုံးဖောက်ခွဲရခြင်းအကြောင်းရင်းကို သေချာမသိရသော်လည်း ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့ တပ်ကုန်းတွင် မကြာခင်ရက်ပိုင်း က စစ်သားအယောက် ၅၀ ရောက်ရှိလားပြီး အဆိုပါ စစ်သားများက ပြည်သူလူထုကို ခြိမ်းခြောက်သည့်အနေဖြင့် ယခုလို ဗုံးဖောက်ခွဲလိုက်တာဖြစ်နိုင်သည်ဟု ရိခေါဒါရ်မြို့ဒေသခံများကပြောသည်။
ရိခေါဒါရ်မြို့သည် အိန္ဒိယ-မြန်မာနယ်စပ်တွင်တည်ရှိသည့်မြို့ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားလာနိုင်သည်ဟုဆိုကာ ရွာသား အများစုသည် တဖက်မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာဘက်သို့ အရင်ပတ်ကတည်းက ပစ္စည်များကိုလည်း ကြိုတင်သယ်ဆောင်ထားခဲ့ကြသည်ဟု သိရသည်။