Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လိုင်လင်းပီမြို့စီမံအုပ်ချုပ်ရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်မည်ဟု MDF/MTC ထုတ်ပြန်၊ ULA/AA က MDF ကို စစ်ရေးအကူအညီပေးရန်သာ လိုင်လင်းပီကို ရောက်လာခြင်းဖြစ်ပြီး မြို့ထိန်းချုပ်ရေးတွင် ပါဝင်ပတ်သက်ခြင်းမရှိဟုဆို

လိုင်လင်းပီမြို့စီမံအုပ်ချုပ်ရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်မည်ဟု MDF/MTC ထုတ်ပြန်၊ ULA/AA က MDF ကို စစ်ရေးအကူအညီပေးရန်သာ လိုင်လင်းပီကို ရောက်လာခြင်းဖြစ်ပြီး မြို့ထိန်းချုပ်ရေးတွင် ပါဝင်ပတ်သက်ခြင်းမရှိဟုဆို

0
By Editor on July 23, 2024 Headline

(006SV)

ချင်းပြည်နယ်၊ မရာဒေသ၊ လိုင်လင်းပီမြို့ကို မရာပဋိညာဉ်ပြဌာန်းချက်နှင့်အညီ မြို့ခံလူထုနှင့် ပူးပေါင်းပြီး မြို့စီမံအုပ်ချုပ်ရေးလုပ်ငန်းများ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MDF/ MTC က ပြောသည်။

လိုင်လင်းပီမြို့ကို မရာပဋိညာဉ်အခန်း ၆၊ ကြားကာလအုပ်ချုပ်ရေး၊ ပုဒ်မ ၄၃ ပါ ပြဌာန်းချက်နှင့်အညီ ပြည်သူ လူထုနှင့်ပူးပေါင်း၍ လိုင်လင်းပီမြို့ စီမံအုပ်ချုပ်ရေးကော်မတီကို အမြန်ဆုံးဖွဲ့စည်းကာ မြို့အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ဇူလိုင်လ ၂၂ ရက်က MDF က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“လိုင်လင်းပီမြို့ အုပ်ချုပ်ရေး ပုံစံကို Mara charter မှာ ဖော်ပြထားတဲ့ အတိုင်းပဲ မြို့နေလူထုတွေနဲ့ ပူးပေါင်း အကောင်ထည်ဖော်လုပ်ဆောင်သွားပါမယ်။ အရင်က မြို့အုပ်ချုပ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ထားမှု မရှိသေးတော့ အခုမှ စတင်ဆောင်ရွက်တဲ့သဘောပါ” ဟု MDF အတွင်းရေးမှူး ကိုဓူဝံက ပြောသည်။

မတူပီမြို့နယ် လိုင်းလင်ပီမြို့သည် ချင်းလဲန်းကောင်စီအဖွဲ့ဝင် ချင်းတော်လှန် ရေးတပ်ပေါင်းစုတို့က ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြပြီး ချင်းအမျိုးသားတပ်မတော် CNF/CNA နှင့် CDF – Mara ပူးပေါင်းတပ်တို့က ထိန်းချုပ်ထားခဲ့ကြသည်။

ထိုကဲ့သို့ထိန်းချုပ်ပြီး ၈ လနီးပါးအကြားတွင် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF/ MTC) က အာရက္ခတပ်တော် (ULA/AA) အကူအညီဖြင့် ဇူလိုင်လ ၁၆ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်ကာ မြို့စီမံအုပ်ချုပ်ရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရန် ပြင်ဆင်လာခြင်းဖြစ်သည်။

တစ်ဖက်တွင် လိုင်လင်းပီမြို့မှာ CDF – Mara အဖွဲ့၏ ဦးဆောင်မှုဖြင့် ကြားကာလ မရာနယ်ကောင်စီရုံးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်တွင် ဖွင့်လှစ်၍ အုပ်ချုပ်ရေးလည်ပတ်ခဲ့ကြောင်း CDF – Mara က ယခင်ကထုတ်ပြန်ထားသည်။

လက်ရှိ လိုင်လင်းပီမြို့တွင် MTC/ MDF တပ်ဖွဲ့တွေသာ ရှိနေသောကြောင့် မရာတော်လှန်ရေးတပ်ဖွဲ့ နှစ်ခုအကြား စင်ပြိုင်အစိုးရ တည်ရှိနေလိမ့်မည် မဟုတ်ကြောင်း ကိုဓူဝံက ပြောသည်။

မရာနယ်မြေအတွင်း တစ်ခုတည်းသော အုပ်ချုပ်ရေးနှင့် ကာကွယ်ရေး ဖော်ဆောင်နိုင်ရေးကို ဆောင်ရွက်နေကြောင်း MDF/ MTC က ဆိုသည်။

“ကျနော်တို့ကတော့ ထုတ်ပြန်ထားတဲ့အတိုင်းပဲ မရာနယ်မြေ အလုံးစုံ ထိန်းချုပ်ရေး၊ မရာနယ်မြေအတွင်း အုပ်ချုပ်မှု တစ်ခု နဲ့ လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုတည်း ဖွဲ့စည်းနိုင်ဖို့ အကောင်ထည်ဖော်သွားပါမယ်” ဟု MDF အတွင်းရေးမှူး ကိုဓူဝံက ပြောသည်။

လက်ရှိ လိုင်လင်းပီမြို့တွင် MDF/ MTC နှင့် CDF- မရာတပ်ဖွဲ့တို့ကြား စစ်ရေးတင်မားမှု အခြေအနေများ မရှိကြောင်း၊ ပြည်သူလူထုလုံခြုံရေးအတွက် မြေမြှုပ်မိုင်းများကို ရှင်းလင်းလျက်ရှိကြောင်း MDF ထံမှ သိရသည်။

အာရက္ခတပ်တော် ULA/AA အနေဖြင့် လိုင်လင်းပီမြို့ကို ရောက်ရှိလာခြင်းမှာ MTC/ MDF ၏ ဖိတ်ခေါ်မှုအရ မဟာမိတ်အဖြစ် စစ်ရေးအကူအညီပေးရန် သက်သက်အတွက်သာ ရောက်ရှိနေခြင်းဖြစ်ကြောင်း MDF က ထုတ်ပြန်သည်။

အာရက္ခတပ်တော်အနေဖြင့် လိုင်လင်းပီမြို့ ထိန်းချုပ်ရေးနှင့်ပတ်သက်၍ မည်သည့်ကိစ္စရပ်တွင်မဆို ပါဝင်ပတ်သက်ခြင်းမရှိကြောင်း MDF က ဆိုသည်။

မဟာမိတ် အာရက္ခတပ်တော်၊ ချင်းညီနောင်တို့နှင့်အတူ မရာနယ်မြေအတွင်း စစ်ကောင်စီကင်းစင်ရေး စခန်းသိမ်းတိုက်ပွဲများကို ဆင်နွှဲခဲ့ပြီး လက်ရှိတွင် ချင်းပြည်အတွင်း စစ်ကောင်စီကင်းစင်ရေး စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

MDF/ MTC သည် မရာနှစ်ဖွဲ့ကြားက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ချိုးဖောက်ခြင်း မရှိဘဲ မရာငြိမ်းချမ်းရေးနှင့် ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်တွင် တစိုက်မတ်မတ် ပါဝင်လျက်ရှိကြောင်း ၎င်းတို့၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

MDF/MTC နှင့် ULA/AA တပ်များက လိုင်လင်းပီမြို့ကို အင်အားအလုံးအရင်းဖြင့် တက်လာသောကြောင့် ဒေသခံပြည်သူများ စိုးရိမ်းမှု မရှိစေရန် CDF- မရာနှင့် CNA ပူးပေါင်းတပ်တို့က ခဏသာ ရှောင်ပေးခြင်းဖြစ်ကြောင်း ကြားကာလမရာနယ်ကောင်စီ၊ ပြောရေးဆိုခွင့်ရှိသူ ဂျေဆန်စီက ခိုနူမ်းသုန်သတင်းဌာနကို ယခင်ကဖြေကြားထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.